ဇန်နဝါရီလရဲ့ (၁)ရက်နေ့
(သို့မဟုတ်)
သမိုင်းမျက်ရည် လွမ်းစိတ်ဝေ
®©©©©©©©®
သူငယ်ချင်းရေး
သမိုင်းမျက်ရည် အလွမ်းပြေပေါ့ကွာ
သမိုင်းဆိုတာကို
စာမေးပွဲခန်းနှင့်
စာကြည်တိုက်မှာ
သိမ်းထားရမည့်အရာလို့
ထင်နေကြတယ်ခေတ်ကွ--
ဇန်နဝါရီလရဲ့ (၁)ရက်နေ့ဆိုတာ
သမိုင်းမှာ
မြန်မာတွေ ငိုကြွေးခဲ့ရတဲ့နေ့ပါကွာ--
မြန်မာ့အတိတ်သမိုင်းဆိုးနေ့ပေါ့
ကမ္ဘာလှည်းကာ
ဗြိတိသျှ အင်ပါယာ ချဲ့နေကြတဲ့
အင်္ဂလိပ်တွေက
Happy New year!လို့အော်ပြီး
မြန်မာနိုင်ငံကို သူတို့ပိုင်ပြီလို့
ကမ္ဘာနှင့်မြန်မာကို
ကြေညာချက် ထုတ်ခဲ့တဲ့နေ့- --
လွတ်လပ်ရေး ဆုံးရှုံးသွားတဲ့နေ့--
Happy New year!လို့အော်ပြီး
မင်းပျော်နိုင်ပါတယ်
ပျော်ခွင့်ရှိပါတယ်
သို့သော်
ငါ့တို့မြန်မာနိုင်ငံ
ငါတို့မျိုးနွယ်တွေရဲ့
အတိတ်သမိုင်းမျက်ရည်ကိုတော့
မင်း အသိအမှတ်ပြု
သတိရပေးပါနော်- - -
သမိုင်းစာမျက်နှာတွေကို
အတိတ်နဲ့ချေ
ပစ္စုန်ပ္ပန်နဲ့စား
အနာဂတ် ဘောဘစိတ်တွေနဲ့
ချေစားပြုခဲ့ ကြတဲ့ Dခေတ်--
စံရသူတွေက သမိုင်းဖျောက်
ခံရသူတွေက သမိုင်းထောက်
စံရသူနဲ့ ခံရသူကြားမှာ
ဒို့မျိုးနွယ်တွေအတွက်
မြန်မာ့သမိုင်းမျက်ရည်ကို
မင်း---သတိရပေးပါနော်
(တက္ကသိုလ်စာသင်သား၏ နှစ်သစ်ကူး အလွမ်း သမိုင်းမျက်ရည် လွှမ်းစိတ်ပြေ )
Ven Indacariya(1-1-2018)
https://m.facebook.com/story.php?story_fbid=139916406796219&id=100023335819062