Tuesday, October 2, 2018

စာတစ်လုံး ဘုရားတစ်ဆူ"'

"'စာတစ်လုံး ဘုရားတစ်ဆူ"'

🙏🙏🙏🙏🙏🙏🙏🙏

အက္ခရံ ဧက​မေကဉ္စ၊
ဗုဒ္ဓရူပံ သမံ သိယာ။
တသ္မာ ဟိ ပဏ္ဍိ​တော ပေါသော၊
လိက္ခေယျ ပိဋကတ္တယံ။

ဧကမေကံ = တစ်လုံးတစ်လုံးသော။ အက္ခရဉ္စ = အက္ခရာသည်လည်း။ ဗုဒ္ဓရူပံ-ဗုဒ္ဓရူပေန = ဘုရားရှင်၏ရူပကာယ​တော်နှင့်။ သမံ = တူသည်။ သိယာ = ဖြစ်ရာ၏။

တသ္မာ ဟိ-တသ္မာ ဧဝ = ထိုသို့အက္ခရာတစ်လုံးတစ်လုံးလျှင် ဘုရားတစ်ဆူတစ်ဆူနှင့် တူသည်၏ အဖြစ်ကြောင့်။ ပဏ္ဍိ​တော = ကြောင်းကျိုးသိမြင်၊ပညာရှင်ဖြစ်သော၊ ပေါသော = အမျိုးကောင်းသား အမျိုးကောင်းသ္မီးသည်၊ ပိဋကတ္တယံ=ပိဋကတ်သုံးပုံကို(ဝါ)ပိဋကတ်သုံးပုံတည်း​ဟူသော ဘုရားနှုတ်ခပါဌ် ဒေသနာတော်မြတ်ကို၊ လိက္ခေယျ=ရေးသားပူဇော်ရာ၏၊(ဝါ)လှူ ဒါန်းပူဇော်ရာ၏၊(ဝါ)သင်ကြားနာ
ယူရာ၏။

ရှေးရှေး ဆရာသခင် အရှင်မြတ်တို့သည် ဤကဲ့သို့ ဟောညွှန်ပြ ဆုံးမ​​တော်မူခဲ့ပါ၏။

မှန်၏၊

ဘုရားရှင်တို့သည် နိကယ်ငါးရပ် ပိဋကတ်သုံးပုံဟူသော မုခပါဌ်ဒေသနာတော်မြတ်ကို သူတစ်ပါးတို့အထံမှ သင်ကြားနာယူ၍ တဆင့်ခံဟောကြားခြင်းမျိုးမဟုတ်ဘဲ သဗ္ဗညုတဉာဏ်တော်ဖြင့် ကိုယ်တိုင်ထိုးထွင်းသိမြင်၍ ဟောကြားတော်မူခဲ့ခြင်း ဖြစ်ပါသည်။ သဗ္ဗညု တဉာဏ်တော်ပိုင်ရှင် သုံးလောကသခင်၏ နုတ်မြွက်ဟောကြား ဒေသနာတော်များဖြစ်၍ ပိဋကတ်တော်တို့တွင် အက္ခရာ တစ်လုံးတစ်လုံး၌ သဗ္ဗညု တဉာဏ်တော်တစ်ဆူတစ်ဆူ ပါဝင်လျှက်ရှိနေပါသည်။ သဗ္ဗညု တဉာဏ်တော်သည်ကား ဘုရားရှင်တို့၌သာရှိသော အာဝေဏိကဉာဏ်တော်ဖြစ်၍ ဓမ္မစေတီ များပင်ဖြစ်ပါ၏။ ထို့ကြောင့် ပိဋကတ်တော်တို့ကို လှူ ဒါန်းပူဇော်ကြသောသူတို့သည် ဘုရားအဆူဆူတို့ကို တည်ထားကိုးကွယ်ကြသော ဘုရားဒါယကာများဟု ဆိုနိုင်ပါသည်။

သို့ပါ၍ ပိဋကတ်တော်များကို လှူ ဒါန်းပူဇော်လျှက်ရှိကြသူတို့သည်လည်း "ငါတို့သည် "'ဓမ္မ္မ္မ္မစေတီများ"'ကို တည်ထားကိုးကွယ်နေကြသည့် ဘုရားဒါယကာများဖြစ်ကြသည်ဟု မိမိတို့လုပ်ငန်းအပေါ် ဂုဏ်ယူဝမ်းမြောက်ကြလျှက် သံသရာမီးတောက်မီးလျှံ ကြီး အပြီးပြတ်ချု ပ်ငြိမ်းရာ မြတ်နိဗ္ဗူသာစခန်းသို့ သုခပဋိပဒါ ခိပ္ပါဘိညာ ပုဂ္ဂိုလ်များအဖြစ်ဖြင့် လျင်မြန်စွာ ဆိုက်ရောက်နိုင်ကြပါစေဟု မေတ္တာပတ္တနာပြု အပ်ပါ၏။

🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷

ပါဠိဂရု မိသားစုကြီးမှ ယူလာခဲ့တာပါ ။