Wednesday, May 9, 2018

သီတဂူ မေတ္တာပို့

သီတဂူ မေတ္တာပို့
***********
သတ္တဝါခပ်​သိမ်း  တရားကိမ်း
အေးငြိမ်းချမ်းသာ ကြပါ​စေ .....
မကောင်းမှုရှောင် ကောင်းမှုဆောင်
ဖြူအောင် စိတ်ထား နိုင်ကြစေ...

ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ
ချမ်းသာ ကြပါစေ။

မေတ္တာနှလုံး ကိုယ်စီသုံး
ရွှင်ပြုံး ကြပါစေ။
မေတ္တာရန်သူ ဒေါသမူ
အပူ ကင်းပါစေ။
မေတ္တာရေချမ်း ကိုယ်စီဖြန်း
အေးချမ်း ကြပါစေ။

ခန္တီ၏ရန် ဒေါသမာန်
တွန်းလှန် နိုင်ပါစေ။
ခန္တီနှလုံး အစဉ်သုံး
ရွှင်ပြုံး ကြပါစေ။

တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း
အေးချမ်းကြပါစေ။ ။

      သီတဂူစန်းလပမာချမ်းမြသာယာရှိကြပါစေ

တပည့်​-တက္ကသိုလ်​စာသင်​သား

No comments:

Post a Comment