မြန်မာပြည်ရဲ့ဝီရသူ
♡♡♡♡♡
ဝီရသူဆိုတာ အာဇာနည်ကွဲ့
ဆင်ခြေဆင်လက် ကင်းတယ်ကွယ်။
ဘာမရှိလို့ ဘာမလုပ်ဟု
ဘာ့ကြောင့် ညာကြောင့် မကာကွယ်။
ဓားတိုရင်ကွယ် ဓားရှည်မတောင်ဘူး
ရှိတဲ့ဓားနဲ့ တိုက်ပြတယ်။
မိစ္ဆာဆိုတာ ဘယ်လိုပါဟု
ဘယ်အတွက်ကွယ့် ဘယ်လိုလုပ်တယ်။
ဘယ်တိုင်းဘယ်ရွာ ဘယ်နိုင်ငံမှာ
ဘယ်လိုနည်းနဲ့ စစ်ခင်းတယ်။
ဒို့တိုင်းပြည်မှာ ဘယ်မိစ္ဆာက
ဘယ်ကောင်ဘာနဲ့ ဘယ်လိုပေါင်းတယ်။
ဝီရသူဆောင်ထား ဓမ္မဓားက
ဟောထက်ပြောထက် အရေးထက်တယ်။
တရားမဟောရ မိစ္ဆာတားတော့
ကလောင်သွားတော့ ပိုထက်ဖွယ်။
အတွင်အပြင် မိစ္ဆာရန်ကို
ကလောင်ထုတ်လို့ ပြတော့မယ်။
များမကြာကွယ် ဘယ်သူဘာဟု
ကလောင်ပြလို့ တို့သိမယ်၊--သိမယ်-သိဖွယ်။
(၁၄:၁၂:၁၃၇၈)
(11:3:2017)
တက္ကသိုလ်စာသင်သား
သာသနာ့တက္ကသိုလ်၊မန္တလေး
No comments:
Post a Comment