ပစ္စုပ္ပန်ကို သတိထားပါ
♢♢♢♢
အနာဂတ်ပြိုင်ပွဲအတွက်
ကိုယ့်ရဲ့ပစ္စုပ္ပန်ကို ကြည့်နေကြတယ်။ ။
မင်းက ဘာလဲ?
ငါ-ဘာ, သူ-ဘာ, ဆိုပြီးတော့
အတိတ်ကို လက်ညိုးထိုးမနေနဲ့ ။ ။
အတိတ်ဆိုတာ
အနာဂတ်အတွက်
အာမခံ ဝန်ဆောင်မှုကို
အပြည့်အဝ မပေးနိုင်ဘူး ။ ။
ပစ္စုပ္ပုန်ကသာ
အနာဂတ်အတွက်
အာမခံ ဝန်ဆောင်မှုကို
အပြည့်အဝ ပေးနေတာ ။ ။
ကိုယ့်ရဲ့ ပစ္စုပ္ပန်
လုပ်ဆောင်ချက်တွေဟာ
ကိုယ်ရဲ့အနာဂတ်တွေပဲ ။ ။
မနက်ဖြန် အတွက်လား?
နောက်လ အတွက်လား?
နောက်နှစ် အတွက်လား?
နောက်ဘဝ အတွက်လား?
ဘာအတွက်ပဲဖြစ်ဖြစ်
အနာဂတ်အားလုံးအတွက်
ပစ္စုပ္ပန်အလုပ်ကို သတိထားဖို့လိုတယ်
ဒါ့ကြောင့် ပစ္စုပ္ပန်ကို သတိထားပါ ။ ။
(၃ံ:၁၂:၁၃၇၈)
(15:3:2017)
တက္ကသိုလ်စာသင်သား
သာသနာ့တက္ကသိုလ်၊မန္တလေး
No comments:
Post a Comment