ဧရာဝတီရေဋ္ဌ ပန်းတနော်နဂရေ မဏိပဗ္ဗတဝိဇ္ဇာ
လယဿ ပဓာနမဟာနာယကမဟာထေရဿ
"ထေရုပ္ပတိ္တဂါထာယော"
........................................................................
သြကာသံ ဒေထ မေ ဘန္တေ၊
သုဟုဇူသုက္ကထေရဿ။
ဥပ္ပတ္တိံ ဥဇုဗန္ဓေန၊
အဟံ ဒါနိ ပကာသေမိ။
ကျောင်းကုန်းပုရမှိ ကွမ်းခြံကုန်း-
ဂါမေ ထေရော ဝိဇာတော နော။
ပန်းတနော်နဂရေ အင်းမ-
ဂါမမှိ ပဗ္ဗဇိတွာန။
မြောင်းမြာတိ နဂရေ တိေဋ္ဌ၊
ပဇ္ဇောတာရာမအာဝါသေ။
အဘိပါကဋထေရာနံ၊
သနိ္တကေ ဂဏှိ ဂန္ထေပိ။
ဂဏှိတွာ ပန်းတနော်နာမေ၊
ပုရေ မြတောင်တိအာဝါသံ။
ဝိဇ္ဇာလယံ ကရိတွာန၊
အဝဟီ သာသနံ ဘာရံ။
အာစေရော နော မဟာထေရော၊
သုစိတ္တကော ဥဇူ စေဝ။
ပါသာဒိကော သုသဒ္ဒေါ စ၊
မိဟိတေန စ သွာက္ခာတော။
ကရုဏာဂါရဝါဒီဟိ၊
သမ္ပန္နော ပေသလော လဇ္ဇီ။
ဓုရာဝဟော ဗဟုဿာဟော၊
ခနီ္တ စ ဒီဃပဿီ စ။
မြတောင်ဝိဇ္ဇာလယသိ္မဉ္စ
ဗဟူသု အညဌာနေသု။
ဗုဒ္ဓစေတိယအာဝါသ-
သြပါနာနိ စ မဂ္ဂေ စ။
သေတုဘေသဇ္ဇသာလာယော၊
သိပ္ပါလယော ကတော ထေရော။
ဝိသေသေန မြတောင်ဌာနေ၊
မြမေတ္တာနာမိကာ စေဝ။
အစုကြီးနာမကေ ဂါမေ၊
သီတဂူဣတိ ထေရဿ။
သုဒေသကေန သုမေဓာတိ၊
နာမိကာ စ မဟန္တာ ဒွေ။
မဟာဘေသဇ္ဇသာလာယော၊
မာပိတာ တမှိ ဂါမမှိ။
မဟာသိပ္ပါလယော စေဝ၊
မဂ္ဂသေတု စ ထေရေန။
ကတာ ဣဒါနိ ရွှေမြင်တင်-
သေတုနာမော မဟာသေတု။
မာပိတော ဧဝမာဒီဟိ၊
ဂုဏေဟိ ပရိပုဏ္ဏော နော။
ထေရော မဂ္ဂဖလံ ဓမ္မံ၊
သီဃံ ဝိန္ဒတု လောကဿ။
ဟိတံ ဝဟတု ဒီဃာယု၊
ဟောတူတိ သာဒရံ ဝန္ဒေ။
(သဗ္ဗဂါထာယော ဝတ္တဂါထာယော နာမ ဟောနိ္တ)
..............................................................................
ဧရာဝတီတိုင်း၊ ပန်းတနော်မြို့၊ မြတောင်စာသင်တိုက်
ပဓာနမဟာနာယက မဟာထေရ်မြတ်ကြီး၏
"ထေရုပ္ပတိ္တ ဂါထာတော်များ၏ မြန်မာပြန်များပါဘုရား"
...........................................
ပန်းတနော်မြို့ မြတောင်စာသင်တိုက်ရဲ့ ပဓာနမဟာနာယက ဖြစ်တော်မူတဲ့ ကျေးဇူးတော်ရှင် မြတောင်ဆရာတော်ကြီးရဲ့ ဘဝဇာတ်ကြောင်း ပြန်ပြောင်းပြောကြားခွင့်ကို တပည့်အား ပေးသနားတော်မူပါဘုရား။ အင်မတန်မှပင် ဖြောင့်မတ်ဖြူစင် ရိုးသားစင်ကြယ်တော်မူတဲ့ ဆရာတော်ကြီးရဲ့ ဘဝတစိတ်တဒေသကို ဖြောင့်မတ်မှန်ကန်တဲ့ အရေးအဖွဲ့နဲ့ပဲ ယခုအခါမှာ တပည့်တော် ဖွင့်လှစ်ရေးသားပါရစေဘုရား။
တပည့်တို့ရဲ့ ကျေးဇူးတော်ရှင် ပန်းတနော်မြို့ မြတောင်ဆရာတော်ကြီးဟာဖြင့် ကျောင်းကုန်းမြို့နယ် ကွမ်းခြံကုန်းရွာမှာ ခမည်းတော်ဦးထီ+မယ်တော်ဒေါ်အေးညွန့်တို့မှ ၁၃၀၅.ခုနှစ်၊ တပေါင်းလဆန်း ၈.ရက်နေ့မှာ ဖွားမြင်တော်မူပါတယ်။ အရွယ်ရောက်တော်မူတဲ့အခါမှာတော့ ပန်းတနော်မြို့နယ်၊ အင်းမရွာ၊ ကန်ကျောင်းကြီးမှာ ရှင်ရဟန်းပြုပြီးတဲ့နောက်....
မြောင်းမြမြို့ပေါ်မှာ တည်ရှိတဲ့ ပဇ္ဇောတာရုံကျောင်းတိုက်ကြီးမှာ သီတင်းသုံးတော်မူကြတဲ့ သာသနာတော်မှာ အလွန်တရာမှ ထင်ရှားကျော်ကြားတော်မူကြတဲ့ မြောင်းမြရွှေကျင်သာသနာပိုင် ဆရာတော်ကြီးနဲ့ အင်္ဂလန်ဆရာတော်၊ ပန်းကုံးဆရာတော်တို့ရဲ့ အထံမှာ ပိဋကတ်ကျမ်းဂန်များကို သင်ရိုးပေါက် သင်ယူတော်မူခဲ့ပါတယ်။
ပိဋကတ်တော်များကို သင်ယူပြီးတဲ့နောက်မှာတော့ ဆရာတော်ဟာ ပန်းတနော်မြို့ပေါ်မှာ တည်ရှိတဲ့ မြတောင်ကျောင်းကို မြတောင်စာသင်တိုက်ဖြစ်အောင် ပြုလုပ်ပြီးတော့ ပရိယတ္တိသာသနတာဝန်ကို အားသွန်ခွန်စိုက် ဆောင်ရွက်တော်မူခဲ့ပါတယ်။
မြတောင်စာသင်တိုက် တည်ထောင်တော်မူပြီးတဲ့နောက် တပည့်တို့ရဲ့ ဆရာမြတ်ဖြစ်တော်မူလာတဲ့ မြတောင်ဆရာတော်ကြီးဟာ စိတ်ကောင်းလည်းရှိတော်မူပြီး ဖြောင့်လည်း ဖြောင့်မတ်ကာ ရိုးသားတော်မူပါတယ်။ ကြည်ညိုဖွယ် ဥပဓိသမ္ပတ္တိတော်နှင့် ပြည့်စုံတော်မူသလို အသံတော်ကလည်း အင်မတန်မှ သြဇာရှိတော်မူပါတယ်။ ပြောဟောတဲ့ နေရာမှာလည်း ပြုံးပြုံး.ပြုံးပြုံးနဲ့ ပြောဟောတော်မူလေ့ရှိပါတယ်။
ကရုဏာ.မုဒိတာ.ဂါရဝ.နိဝါတ အစရှိတဲ့ ဂုဏ်တို့နဲ့လည်း ပြည့်စုံတော်မူပြီး သာသနာတော်မြတ်ကြီးကိုလည်း အင်မတန်မှ ချစ်မြတ်နိုးတော်မူသလို မကောင်းမှုပြုလုပ်ခြင်းကိုလည်း အလွန်ရှက်ကြောက်တော်မူပါတယ်။ ဂန္ထဓုရ.ဝိပဿနာဓုရဟူသော ဓူရနှစ်ဖြာကို ထမ်းဆောင်တော်မူပြီး လုံ့လဝီရိယလည်း ကြီးတော်မူပါတယ်။ တပည့်.ဒကာများအပေါ်မှာ သည်းခံတော်မူသလို အရှည်ကိုလည်း မြင်တော်မူပါတယ်။
ဆရာတော်ဟာ မြတောင်စာသင်တိုက်နဲ့ အခြားသော နေရာများစွာမှာ ဘုရားပြင်ခြင်း၊ စေတီတည်ခြင်း၊ ကျောင်းဆောက်ခြင်း၊ ရေတွင်းတူးခြင်း၊ လမ်းခင်းခြင်း၊
တံတားခင်းခြင်း၊ ဆေးရုံဆောက်ခြင်း၊ စာသင်ကျောင်းဆောက်ခြင်းတို့ကို ပြုလုပ်လှူဒါန်းတော်မူခဲ့ပါတယ်။ အထူးအားဖြင့် မြတောင်စာသင်တိုက်ထဲမှာ မြမေတ္တာအမည်ရှိတဲ့ မျက်စိဆေးရုံတစ်ရုံ
ပန်းတနော်မြို့နယ် အစုကြီးရွာမှာ သီတဂူဆရာတော်ကြီးရဲ့ လမ်းညွှန်မှုနဲ့ သုမေဓာအမည်ရှိတဲ့ ဆေးရုံတစ်ရုံဆိုပြီးတော့ အင်မတန်မှ ကြီးကျယ်ခမ်းနားလှတဲ့
ဆေးရုံကြီးနှစ်ရုံတို့ကို တည်ထောင်တော်မူခဲ့ရုံပါတယ်။ အဲ့ဒီအစုကြီးရွာမှာပဲ အထက်တန်းကျောင်း တစ်ကျောင်းနဲ့ သုံးမိုင်ကျော်ရှည်တဲ့ လမ်းမကြီးကိုလည်း ခင်းပေးတော်မူခဲ့သလို ပေ ၂၀၀.ကျော်ရှည်တဲ့ ချောင်းကူး ကွန်ကရစ် တံတားတစ်စင်းကိုလည်း ဆရာတော်ကြီးပဲ
စီစဉ်ဆောင်ရွက်လှုဒါန်းတော်မူခဲ့ပါတယ်။ ဆရာတော်ကြီးရဲ့ သက်တော် ၇၅.နှစ်ပြည့်ရာ ယခုအခါမှာတော့ ဆရာတော်ကြီးဟာ ရွှေမြင်တင်တံတားလို့ အမည်တွင်မယ့် ချောင်းကူးကွန်ကရစ်တံတားကြီးတစ်စင်းကို ဆောက်လုပ်လှူဒါန်းတော်မူပါတယ်။ အဲ့ဒီလို ဂုဏ်မျိုးစုံနဲ့ အမှန်တကယ့်ကို ပြည့်စုံတော်မူတဲ့ တပည့်တော်တို့ရဲ့...
ဆရာတော်မြတ်ကြီးဟာ တရားထူး.တရားမြတ်ကို လျင်လျင်မြန်မြန် သိရှိခံစားနိုင်ပြီးလျှင် လောကကြီးရဲ့ အကျိုးစီးပွားများကို ဆောင်ရွက်တော်မူနိုင်ပါစေ၊ သက်တော်ရာကျော်လည်း ရှည်တော်မူပါစေလို့ ဆုတောင်းပတ္ထနာချွေရင်း ရိုသေမြတ်နိုးစွာ ရှိခိုးကန်တော့လိုက်ပါသည် ကျေးဇူးတော်ရှင် ဆရာတော်မြတ်ကြီးဘုရား။
*** တပည့်တို့ရဲ့ ကျေးဇူးရှင်ဖြစ်တော်မူတဲ့ ပန်းတနော်မြတောင်ဆရာတော်ကို မြောင်းမြ ပဇ္ဇောတာရုံမှ ဆရာတော်များက "မန်းကြီး၊ မန်းကြီး"လို့ ချစ်စနိုးနဲ့ ခေါ်ကြတယ်ခင်ဗျ။ ခေါ်ကြမှာပေါ့။ တပည့်တို့်ရဲ့ မြတောင်ဆရာတော်ကြီးက ကရင်လူမျိုး.ပါဝေ့..။
ဒီပို့စ်ကလည်း ကရင်အမျိုးသား ဖြစ်တော်မူတဲ့ ဆရာတော်ကြီးရဲ့ ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အမှတ်တရ ပို့စ်ပါဝေ့....
ပုံကတော့ သူငယ်ချင်း ဖူလားတားထံမှ ရလာတာပါဝေ့...။ ပသို့ ဖူလားတား . ခလိုင်းခုတ် ခလိုင်းတား၊ အော်ဆွန်လဆိုက် (အောင်ဆိုင် အောင်ခလိုင်)ပါဝေ့....
ဧရာဝတီရေ႒ ပန္းတေနာ္နဂေရ မဏိပဗၺတဝိဇၨာ
လယႆ ပဓာနမဟာနာယကမဟာေထရႆ
"ေထ႐ုပၸတိၱဂါထာေယာ"
........................................................................
ျသကာသံ ေဒထ ေမ ဘေႏၱ၊
သုဟုဇူသုကၠေထရႆ။
ဥပၸတၱႎ ဥဇုဗေႏၶန၊
အဟံ ဒါနိ ပကာေသမိ။
ေက်ာင္းကုန္းပုရမိွ ကြမ္းျခံကုန္း-
ဂါေမ ေထေရာ ဝိဇာေတာ ေနာ။
ပန္းတေနာ္နဂေရ အင္းမ-
ဂါမမိွ ပဗၺဇိတြာန။
ေျမာင္းျမာတိ နဂေရ တိေ႒၊
ပေဇၨာတာရာမအာဝါေသ။
အဘိပါကဋေထရာနံ၊
သႏိၱေက ဂဏိွ ဂေႏၳပိ။
ဂဏိွတြာ ပန္းတေနာ္နာေမ၊
ပုေရ ျမေတာင္တိအာဝါသံ။
ဝိဇၨာလယံ ကရိတြာန၊
အဝဟီ သာသနံ ဘာရံ။
အာေစေရာ ေနာ မဟာေထေရာ၊
သုစိတၱေကာ ဥဇူ ေစဝ။
ပါသာဒိေကာ သုသေဒၵါ စ၊
မိဟိေတန စ သြာကၡာေတာ။
က႐ုဏာဂါရဝါဒီဟိ၊
သမၸေႏၷာ ေပသေလာ လဇၨီ။
ဓုရာဝေဟာ ဗဟုႆာေဟာ၊
ခႏီၱ စ ဒီဃပႆီ စ။
ျမေတာင္ဝိဇၨာလယသိၼဥၥ
ဗဟူသု အညဌာေနသု။
ဗုဒၶေစတိယအာဝါသ-
ျသပါနာနိ စ မေဂၢ စ။
ေသတုေဘသဇၨသာလာေယာ၊
သိပၸါလေယာ ကေတာ ေထေရာ။
ဝိေသေသန ျမေတာင္ဌာေန၊
ျမေမတၱာနာမိကာ ေစဝ။
အစုႀကီးနာမေက ဂါေမ၊
သီတဂူဣတိ ေထရႆ။
သုေဒသေကန သုေမဓာတိ၊
နာမိကာ စ မဟႏၱာ ေဒြ။
မဟာေဘသဇၨသာလာေယာ၊
မာပိတာ တမိွ ဂါမမိွ။
မဟာသိပၸါလေယာ ေစဝ၊
မဂၢေသတု စ ေထေရန။
ကတာ ဣဒါနိ ေရႊျမင္တင္-
ေသတုနာေမာ မဟာေသတု။
မာပိေတာ ဧဝမာဒီဟိ၊
ဂုေဏဟိ ပရိပုေဏၰာ ေနာ။
ေထေရာ မဂၢဖလံ ဓမၼံ၊
သီဃံ ဝိႏၵတု ေလာကႆ။
ဟိတံ ဝဟတု ဒီဃာယု၊
ေဟာတူတိ သာဒရံ ဝေႏၵ။
(သဗၺဂါထာေယာ ဝတၱဂါထာေယာ နာမ ေဟာႏိၱ)
..............................................................................
ဧရာဝတီတိုင္း၊ ပန္းတေနာ္ၿမိဳ႕၊ ျမေတာင္စာသင္တိုက္
ပဓာနမဟာနာယက မဟာေထရ္ျမတ္ႀကီး၏
"ေထ႐ုပၸတိၱ ဂါထာေတာ္မ်ား၏ ျမန္မာျပန္မ်ားပါဘုရား"
...........................................
ပန္းတေနာ္ၿမိဳ႕ ျမေတာင္စာသင္တိုက္ရဲ႕ ပဓာနမဟာနာယက ျဖစ္ေတာ္မူတဲ့ ေက်းဇူးေတာ္႐ွင္ ျမေတာင္ဆရာေတာ္ႀကီးရဲ႕ ဘဝဇာတ္ေၾကာင္း ျပန္ေျပာင္းေျပာၾကားခြင့္ကို တပည့္အား ေပးသနားေတာ္မူပါဘုရား။ အင္မတန္မွပင္ ေျဖာင့္မတ္ျဖဴစင္ ႐ိုးသားစင္ၾကယ္ေတာ္မူတဲ့ ဆရာေတာ္ႀကီးရဲ႕ ဘဝတစိတ္တေဒသကို ေျဖာင့္မတ္မွန္ကန္တဲ့ အေရးအဖဲြ႔နဲ႔ပဲ ယခုအခါမွာ တပည့္ေတာ္ ဖြင့္လွစ္ေရးသားပါရေစဘုရား။
တပည့္တို႔ရဲ႕ ေက်းဇူးေတာ္႐ွင္ ပန္းတေနာ္ၿမိဳ႕ ျမေတာင္ဆရာေတာ္ႀကီးဟာျဖင့္ ေက်ာင္းကုန္းၿမိဳ႕နယ္ ကြမ္းျခံကုန္းရြာမွာ ခမည္းေတာ္ဦးထီ+မယ္ေတာ္ေဒၚေအးၫြန္႔တို႔မွ ၁၃၀၅.ခုႏွစ္၊ တေပါင္းလဆန္း ၈.ရက္ေန႔မွာ ဖြားျမင္ေတာ္မူပါတယ္။ အရြယ္ေရာက္ေတာ္မူတဲ့အခါမွာေတာ့ ပန္းတေနာ္ၿမိဳ႕နယ္၊ အင္းမရြာ၊ ကန္ေက်ာင္းႀကီးမွာ ႐ွင္ရဟန္းျပဳၿပီးတဲ့ေနာက္....
ေျမာင္းျမၿမိဳ႕ေပၚမွာ တည္ရိွတဲ့ ပေဇၨာတာရံုေက်ာင္းတိုက္ႀကီးမွာ သီတင္းသံုးေတာ္မူၾကတဲ့ သာသနာေတာ္မွာ အလြန္တရာမွ ထင္႐ွားေက်ာ္ၾကားေတာ္မူၾကတဲ့ ေျမာင္းျမေရႊက်င္သာသနာပိုင္ ဆရာေတာ္ႀကီးနဲ႔ အဂၤလန္ဆရာေတာ္၊ ပန္းကံုးဆရာေတာ္တို႔ရဲ႕ အထံမွာ ပိဋကတ္က်မ္းဂန္မ်ားကို သင္႐ိုးေပါက္ သင္ယူေတာ္မူခဲ့ပါတယ္။
ပိဋကတ္ေတာ္မ်ားကို သင္ယူၿပီးတဲ့ေနာက္မွာေတာ့ ဆရာေတာ္ဟာ ပန္းတေနာ္ၿမိဳ႕ေပၚမွာ တည္ရိွတဲ့ ျမေတာင္ေက်ာင္းကို ျမေတာင္စာသင္တိုက္ျဖစ္ေအာင္ ျပဳလုပ္ၿပီးေတာ့ ပရိယတၱိသာသနတာဝန္ကို အားသြန္ခြန္စိုက္ ေဆာင္ရြက္ေတာ္မူခဲ့ပါတယ္။
ျမေတာင္စာသင္တိုက္ တည္ေထာင္ေတာ္မူၿပီးတဲ့ေနာက္ တပည့္တို႔ရဲ႕ ဆရာျမတ္ျဖစ္ေတာ္မူလာတဲ့ ျမေတာင္ဆရာေတာ္ႀကီးဟာ စိတ္ေကာင္းလည္းရိွေတာ္မူၿပီး ေျဖာင့္လည္း ေျဖာင့္မတ္ကာ ႐ိုးသားေတာ္မူပါတယ္။ ၾကည္ညိဳဖြယ္ ဥပဓိသမၸတၱိေတာ္ႏွင့္ ျပည့္စံုေတာ္မူသလို အသံေတာ္ကလည္း အင္မတန္မွ ျသဇာရိွေတာ္မူပါတယ္။ ေျပာေဟာတဲ့ ေနရာမွာလည္း ျပံဳးျပံဳး.ျပံဳးျပံဳးနဲ႔ ေျပာေဟာေတာ္မူေလ့ရိွပါတယ္။
က႐ုဏာ.မုဒိတာ.ဂါရဝ.နိဝါတ အစရိွတဲ့ ဂုဏ္တို႔နဲ႔လည္း ျပည့္စံုေတာ္မူၿပီး သာသနာေတာ္ျမတ္ႀကီးကိုလည္း အင္မတန္မွ ခ်စ္ျမတ္ႏိုးေတာ္မူသလို မေကာင္းမႈျပဳလုပ္ျခင္းကိုလည္း အလြန္႐ွက္ေၾကာက္ေတာ္မူပါတယ္။ ဂႏၳဓုရ.ဝိပႆနာဓုရဟူေသာ ဓူရႏွစ္ျဖာကို ထမ္းေဆာင္ေတာ္မူၿပီး လံု႔လဝီရိယလည္း ႀကီးေတာ္မူပါတယ္။ တပည့္.ဒကာမ်ားအေပၚမွာ သည္းခံေတာ္မူသလို အ႐ွည္ကိုလည္း ျမင္ေတာ္မူပါတယ္။
ဆရာေတာ္ဟာ ျမေတာင္စာသင္တိုက္နဲ႔ အျခားေသာ ေနရာမ်ားစြာမွာ ဘုရားျပင္ျခင္း၊ ေစတီတည္ျခင္း၊ ေက်ာင္းေဆာက္ျခင္း၊ ေရတြင္းတူးျခင္း၊ လမ္းခင္းျခင္း၊
တံတားခင္းျခင္း၊ ေဆးရံုေဆာက္ျခင္း၊ စာသင္ေက်ာင္းေဆာက္ျခင္းတို႔ကို ျပဳလုပ္လႉဒါန္းေတာ္မူခဲ့ပါတယ္။ အထူးအားျဖင့္ ျမေတာင္စာသင္တိုက္ထဲမွာ ျမေမတၱာအမည္ရိွတဲ့ မ်က္စိေဆးရံုတစ္ရံု
ပန္းတေနာ္ၿမိဳ႕နယ္ အစုႀကီးရြာမွာ သီတဂူဆရာေတာ္ႀကီးရဲ႕ လမ္းၫႊန္မႈနဲ႔ သုေမဓာအမည္ရိွတဲ့ ေဆးရံုတစ္ရံုဆိုၿပီးေတာ့ အင္မတန္မွ ႀကီးက်ယ္ခမ္းနားလွတဲ့
ေဆးရံုႀကီးႏွစ္ရံုတို႔ကို တည္ေထာင္ေတာ္မူခဲ့ရံုပါတယ္။ အဲ့ဒီအစုႀကီးရြာမွာပဲ အထက္တန္းေက်ာင္း တစ္ေက်ာင္းနဲ႔ သံုးမိုင္ေက်ာ္႐ွည္တဲ့ လမ္းမႀကီးကိုလည္း ခင္းေပးေတာ္မူခဲ့သလို ေပ ၂၀၀.ေက်ာ္႐ွည္တဲ့ ေခ်ာင္းကူး ကြန္ကရစ္ တံတားတစ္စင္းကိုလည္း ဆရာေတာ္ႀကီးပဲ
စီစဥ္ေဆာင္ရြက္လႈဒါန္းေတာ္မူခဲ့ပါတယ္။ ဆရာေတာ္ႀကီးရဲ႕ သက္ေတာ္ ၇၅.ႏွစ္ျပည့္ရာ ယခုအခါမွာေတာ့ ဆရာေတာ္ႀကီးဟာ ေရႊျမင္တင္တံတားလို႔ အမည္တြင္မယ့္ ေခ်ာင္းကူးကြန္ကရစ္တံတားႀကီးတစ္စင္းကို ေဆာက္လုပ္လႉဒါန္းေတာ္မူပါတယ္။ အဲ့ဒီလို ဂုဏ္မ်ဳိးစံုနဲ႔ အမွန္တကယ့္ကို ျပည့္စံုေတာ္မူတဲ့ တပည့္ေတာ္တို႔ရဲ႕...
ဆရာေတာ္ျမတ္ႀကီးဟာ တရားထူး.တရားျမတ္ကို လ်င္လ်င္ျမန္ျမန္ သိရိွခံစားႏိုင္ၿပီးလ်ွင္ ေလာကႀကီးရဲ႕ အက်ဳိးစီးပြားမ်ားကို ေဆာင္ရြက္ေတာ္မူႏိုင္ပါေစ၊ သက္ေတာ္ရာေက်ာ္လည္း ႐ွည္ေတာ္မူပါေစလို႔ ဆုေတာင္းပတၳနာေခြၽရင္း ႐ိုေသျမတ္ႏိုးစြာ ရိွခိုးကန္ေတာ့လိုက္ပါသည္ ေက်းဇူးေတာ္႐ွင္ ဆရာေတာ္ျမတ္ႀကီးဘုရား။
*** တပည့္တို႔ရဲ႕ ေက်းဇူး႐ွင္ျဖစ္ေတာ္မူတဲ့ ပန္းတေနာ္ျမေတာင္ဆရာေတာ္ကို ေျမာင္းျမ ပေဇၨာတာရံုမွ ဆရာေတာ္မ်ားက "မန္းႀကီး၊ မန္းႀကီး"လို႔ ခ်စ္စႏိုးနဲ႔ ေခၚၾကတယ္ခင္ဗ်။ ေခၚၾကမွာေပါ့။ တပည့္တို့္ရဲ႕ ျမေတာင္ဆရာေတာ္ႀကီးက ကရင္လူမ်ဳိး.ပါေဝ့..။
ဒီပို႔စ္ကလည္း ကရင္အမ်ဳိးသား ျဖစ္ေတာ္မူတဲ့ ဆရာေတာ္ႀကီးရဲ႕ ကရင္အမ်ဳိးသား ႏွစ္သစ္ကူးေန႔ အမွတ္တရ ပို႔စ္ပါေဝ့....
ပံုကေတာ့ သူငယ္ခ်င္း ဖူလားတားထံမွ ရလာတာပါေဝ့...။ ပသို႔ ဖူလားတား . ခလိုင္းခုတ္ ခလိုင္းတား၊ ေအာ္ဆြန္လဆိုက္ (ေအာင္ဆိုင္ ေအာင္ခလိုင္)ပါေဝ့....