Sunday, January 6, 2019

​"ထေရုပ္ပတိ္တဂါထာ​ယော"

ဧရာဝတီရေဋ္ဌ ပန်းတနော်နဂရေ မဏိပဗ္ဗတဝိဇ္ဇာ
လယဿ ပဓာနမဟာနာယကမဟာထေရဿ
            "ထေရုပ္ပတိ္တဂါထာယော"
........................................................................

သြကာသံ ဒေထ မေ ဘန္တေ၊
သုဟုဇူသုက္ကထေရဿ။
ဥပ္ပတ္တိံ ဥဇုဗန္ဓေန၊
အဟံ ဒါနိ ပကာသေမိ။

ကျောင်းကုန်းပုရမှိ ကွမ်းခြံကုန်း-
ဂါမေ ထေရော ဝိဇာတော နော။
ပန်းတနော်နဂရေ အင်းမ-
ဂါမမှိ ပဗ္ဗဇိတွာန။

မြောင်းမြာတိ နဂရေ တိေဋ္ဌ၊
ပဇ္ဇောတာရာမအာဝါသေ။
အဘိပါကဋထေရာနံ၊
သနိ္တကေ ဂဏှိ ဂန္ထေပိ။

ဂဏှိတွာ ပန်းတနော်နာမေ၊
ပုရေ မြတောင်တိအာဝါသံ။
ဝိဇ္ဇာလယံ ကရိတွာန၊
အဝဟီ သာသနံ ဘာရံ။

အာစေရော နော မဟာထေရော၊
သုစိတ္တကော ဥဇူ စေဝ။
ပါသာဒိကော သုသဒ္ဒေါ စ၊
မိဟိတေန စ သွာက္ခာတော။

ကရုဏာဂါရဝါဒီဟိ၊
သမ္ပန္နော ပေသလော လဇ္ဇီ။
ဓုရာဝဟော ဗဟုဿာဟော၊
ခနီ္တ စ ဒီဃပဿီ စ။

မြတောင်ဝိဇ္ဇာလယသိ္မဉ္စ
ဗဟူသု အညဌာနေသု။
ဗုဒ္ဓစေတိယအာဝါသ-
သြပါနာနိ စ မဂ္ဂေ စ။

သေတုဘေသဇ္ဇသာလာယော၊
သိပ္ပါလယော ကတော ထေရော။
ဝိသေသေန မြတောင်ဌာနေ၊
မြမေတ္တာနာမိကာ စေဝ။

အစုကြီးနာမကေ ဂါမေ၊
သီတဂူဣတိ ထေရဿ။
သုဒေသကေန သုမေဓာတိ၊
နာမိကာ စ မဟန္တာ ဒွေ။

မဟာဘေသဇ္ဇသာလာယော၊
မာပိတာ တမှိ ဂါမမှိ။
မဟာသိပ္ပါလယော စေဝ၊
မဂ္ဂသေတု စ ထေရေန။

ကတာ ဣဒါနိ ရွှေမြင်တင်-
သေတုနာမော မဟာသေတု။
မာပိတော ဧဝမာဒီဟိ၊
ဂုဏေဟိ ပရိပုဏ္ဏော နော။

ထေရော မဂ္ဂဖလံ ဓမ္မံ၊
သီဃံ ဝိန္ဒတု လောကဿ။
ဟိတံ ဝဟတု ဒီဃာယု၊
ဟောတူတိ သာဒရံ ဝန္ဒေ။

(သဗ္ဗဂါထာယော ဝတ္တဂါထာယော နာမ ဟောနိ္တ)
..............................................................................

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့၊ မြတောင်စာသင်တိုက်
     ပဓာနမဟာနာယက မဟာထေရ်မြတ်ကြီး၏
"ထေရုပ္ပတိ္တ ဂါထာတော်များ၏ မြန်မာပြန်များပါဘုရား"
                ...........................................

ပန်းတနော်မြို့ မြတောင်စာသင်တိုက်ရဲ့ ပဓာနမဟာနာယက ဖြစ်တော်မူတဲ့ ကျေးဇူးတော်ရှင် မြတောင်ဆရာတော်ကြီးရဲ့ ဘဝဇာတ်ကြောင်း ပြန်ပြောင်းပြောကြားခွင့်ကို တပည့်အား ပေးသနားတော်မူပါဘုရား။ အင်မတန်မှပင် ဖြောင့်မတ်ဖြူစင် ရိုးသားစင်ကြယ်တော်မူတဲ့ ဆရာတော်ကြီးရဲ့ ဘဝတစိတ်တဒေသကို ဖြောင့်မတ်မှန်ကန်တဲ့ အရေးအဖွဲ့နဲ့ပဲ ယခုအခါမှာ တပည့်တော် ဖွင့်လှစ်ရေးသားပါရစေဘုရား။

တပည့်တို့ရဲ့ ကျေးဇူးတော်ရှင် ပန်းတနော်မြို့ မြတောင်ဆရာတော်ကြီးဟာဖြင့် ကျောင်းကုန်းမြို့နယ် ကွမ်းခြံကုန်းရွာမှာ ခမည်းတော်ဦးထီ+မယ်တော်ဒေါ်အေးညွန့်တို့မှ ၁၃၀၅.ခုနှစ်၊ တပေါင်းလဆန်း ၈.ရက်နေ့မှာ ဖွားမြင်တော်မူပါတယ်။ အရွယ်ရောက်တော်မူတဲ့အခါမှာတော့ ပန်းတနော်မြို့နယ်၊ အင်းမရွာ၊ ကန်ကျောင်းကြီးမှာ ရှင်ရဟန်းပြုပြီးတဲ့နောက်....

မြောင်းမြမြို့ပေါ်မှာ တည်ရှိတဲ့ ပဇ္ဇောတာရုံကျောင်းတိုက်ကြီးမှာ သီတင်းသုံးတော်မူကြတဲ့ သာသနာတော်မှာ အလွန်တရာမှ ထင်ရှားကျော်ကြားတော်မူကြတဲ့ မြောင်းမြရွှေကျင်သာသနာပိုင် ဆရာတော်ကြီးနဲ့ အင်္ဂလန်ဆရာတော်၊ ပန်းကုံးဆရာတော်တို့ရဲ့ အထံမှာ ပိဋကတ်ကျမ်းဂန်များကို သင်ရိုးပေါက် သင်ယူတော်မူခဲ့ပါတယ်။

ပိဋကတ်တော်များကို သင်ယူပြီးတဲ့နောက်မှာတော့ ဆရာတော်ဟာ ပန်းတနော်မြို့ပေါ်မှာ တည်ရှိတဲ့ မြတောင်ကျောင်းကို  မြတောင်စာသင်တိုက်ဖြစ်အောင် ပြုလုပ်ပြီးတော့ ပရိယတ္တိသာသနတာဝန်ကို အားသွန်ခွန်စိုက် ဆောင်ရွက်တော်မူခဲ့ပါတယ်။

မြတောင်စာသင်တိုက် တည်ထောင်တော်မူပြီးတဲ့နောက် တပည့်တို့ရဲ့ ဆရာမြတ်ဖြစ်တော်မူလာတဲ့ မြတောင်ဆရာတော်ကြီးဟာ စိတ်ကောင်းလည်းရှိတော်မူပြီး ဖြောင့်လည်း ဖြောင့်မတ်ကာ ရိုးသားတော်မူပါတယ်။ ကြည်ညိုဖွယ် ဥပဓိသမ္ပတ္တိတော်နှင့် ပြည့်စုံတော်မူသလို အသံတော်ကလည်း အင်မတန်မှ သြဇာရှိတော်မူပါတယ်။ ပြောဟောတဲ့ နေရာမှာလည်း ပြုံးပြုံး.ပြုံးပြုံးနဲ့ ပြောဟောတော်မူလေ့ရှိပါတယ်။

ကရုဏာ.မုဒိတာ.ဂါရဝ.နိဝါတ အစရှိတဲ့ ဂုဏ်တို့နဲ့လည်း ပြည့်စုံတော်မူပြီး သာသနာတော်မြတ်ကြီးကိုလည်း အင်မတန်မှ ချစ်မြတ်နိုးတော်မူသလို မကောင်းမှုပြုလုပ်ခြင်းကိုလည်း အလွန်ရှက်ကြောက်တော်မူပါတယ်။ ဂန္ထဓုရ.ဝိပဿနာဓုရဟူသော ဓူရနှစ်ဖြာကို ထမ်းဆောင်တော်မူပြီး လုံ့လဝီရိယလည်း ကြီးတော်မူပါတယ်။ တပည့်.ဒကာများအပေါ်မှာ သည်းခံတော်မူသလို အရှည်ကိုလည်း မြင်တော်မူပါတယ်။

ဆရာတော်ဟာ မြတောင်စာသင်တိုက်နဲ့ အခြားသော နေရာများစွာမှာ ဘုရားပြင်ခြင်း၊ စေတီတည်ခြင်း၊ ကျောင်းဆောက်ခြင်း၊ ရေတွင်းတူးခြင်း၊ လမ်းခင်းခြင်း၊

တံတားခင်းခြင်း၊ ဆေးရုံဆောက်ခြင်း၊ စာသင်ကျောင်းဆောက်ခြင်းတို့ကို ပြုလုပ်လှူဒါန်းတော်မူခဲ့ပါတယ်။ အထူးအားဖြင့် မြတောင်စာသင်တိုက်ထဲမှာ မြမေတ္တာအမည်ရှိတဲ့ မျက်စိဆေးရုံတစ်ရုံ

ပန်းတနော်မြို့နယ် အစုကြီးရွာမှာ သီတဂူဆရာတော်ကြီးရဲ့ လမ်းညွှန်မှုနဲ့ သုမေဓာအမည်ရှိတဲ့ ဆေးရုံတစ်ရုံဆိုပြီးတော့ အင်မတန်မှ ကြီးကျယ်ခမ်းနားလှတဲ့

ဆေးရုံကြီးနှစ်ရုံတို့ကို တည်ထောင်တော်မူခဲ့ရုံပါတယ်။ အဲ့ဒီအစုကြီးရွာမှာပဲ အထက်တန်းကျောင်း တစ်ကျောင်းနဲ့ သုံးမိုင်ကျော်ရှည်တဲ့ လမ်းမကြီးကိုလည်း ခင်းပေးတော်မူခဲ့သလို ပေ ၂၀၀.ကျော်ရှည်တဲ့ ချောင်းကူး ကွန်ကရစ် တံတားတစ်စင်းကိုလည်း ဆရာတော်ကြီးပဲ

စီစဉ်ဆောင်ရွက်လှုဒါန်းတော်မူခဲ့ပါတယ်။ ဆရာတော်ကြီးရဲ့ သက်တော် ၇၅.နှစ်ပြည့်ရာ ယခုအခါမှာတော့ ဆရာတော်ကြီးဟာ ရွှေမြင်တင်တံတားလို့ အမည်တွင်မယ့် ချောင်းကူးကွန်ကရစ်တံတားကြီးတစ်စင်းကို ဆောက်လုပ်လှူဒါန်းတော်မူပါတယ်။ အဲ့ဒီလို ဂုဏ်မျိုးစုံနဲ့ အမှန်တကယ့်ကို ပြည့်စုံတော်မူတဲ့ တပည့်တော်တို့ရဲ့...

ဆရာတော်မြတ်ကြီးဟာ တရားထူး.တရားမြတ်ကို လျင်လျင်မြန်မြန် သိရှိခံစားနိုင်ပြီးလျှင် လောကကြီးရဲ့ အကျိုးစီးပွားများကို ဆောင်ရွက်တော်မူနိုင်ပါစေ၊ သက်တော်ရာကျော်လည်း ရှည်တော်မူပါစေလို့ ဆုတောင်းပတ္ထနာချွေရင်း ရိုသေမြတ်နိုးစွာ ရှိခိုးကန်တော့လိုက်ပါသည် ကျေးဇူးတော်ရှင် ဆရာတော်မြတ်ကြီးဘုရား။

*** တပည့်တို့ရဲ့ ကျေးဇူးရှင်ဖြစ်တော်မူတဲ့ ပန်းတနော်မြတောင်ဆရာတော်ကို မြောင်းမြ ပဇ္ဇောတာရုံမှ ဆရာတော်များက "မန်းကြီး၊ မန်းကြီး"လို့ ချစ်စနိုးနဲ့ ခေါ်ကြတယ်ခင်ဗျ။ ခေါ်ကြမှာပေါ့။ တပည့်တို့်ရဲ့ မြတောင်ဆရာတော်ကြီးက ကရင်လူမျိုး.ပါဝေ့..။
      ဒီပို့စ်ကလည်း ကရင်အမျိုးသား ဖြစ်တော်မူတဲ့ ဆရာတော်ကြီးရဲ့ ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အမှတ်တရ ပို့စ်ပါဝေ့....
      ပုံကတော့ သူငယ်ချင်း ဖူလားတားထံမှ ရလာတာပါဝေ့...။ ပသို့ ဖူလားတား . ခလိုင်းခုတ် ခလိုင်းတား၊ အော်ဆွန်လဆိုက် (အောင်ဆိုင် အောင်ခလိုင်)ပါဝေ့....

ဧရာဝတီရ​ေ႒ ပန္​းတ​ေနာ္​နဂ​ေရ မဏိပဗၺတဝိဇၨာ
လယႆ ပဓာနမဟာနာယကမဟာ​ေထရႆ
            ​"ေထ႐ုပၸတိၱဂါထာ​ေယာ"
........................................................................

ျသကာသံ ​ေဒထ ​ေမ ဘ​ေႏၱ၊
သုဟုဇူသုကၠ​ေထရႆ။
ဥပၸတၱႎ ဥဇုဗ​ေႏၶန၊
အဟံ ဒါနိ ပကာ​ေသမိ။

​ေက်ာင္​းကုန္​းပု​ရမိွ ကြမ္​းျခံကုန္​း-
ဂါ​ေမ ေထ​ေရာ ဝိဇာ​ေတာ ​ေနာ။
​ပန္​းတ​ေနာ္​နဂ​ေရ အင္​းမ-
ဂါ​မမိွ ပဗၺဇိ​တြာန။

​ေျမာင္​းျမာတိ နဂ​ေရ တိ​ေ႒၊
ပ​ေဇၨာတာရာမအာဝါ​ေသ။
အဘိပါကဋ​ေထရာနံ၊
သႏိၱ​ေက ဂဏိွ ဂ​ေႏၳပိ။

ဂဏိွတြာ ​ပန္​းတ​ေနာ္​နာ​ေမ၊
ပု​ေရ ျမ​ေတာင္​တိအာဝါသံ။
ဝိဇၨာလယံ ကရိတြာန၊
အဝဟီ သာသနံ ဘာရံ။

အာ​ေစ​ေရာ ​ေနာ မဟာ​ေထ​ေရာ၊
သုစိ​တၱ​ေကာ ဥဇူ ​ေစဝ။
​ပါသာဒိ​ေကာ သုသ​ေဒၵါ စ၊
မိဟိ​ေတ​န စ သြာကၡာ​ေတာ။

က႐ုဏာဂါရဝါဒီဟိ၊
သမၸ​ေႏၷာ ​ေပသ​ေလာ လဇၨီ။
ဓုရာဝ​ေဟာ ဗဟုႆာ​ေဟာ၊
ခႏီၱ စ ဒီဃပႆီ စ။

ျမ​ေတာင္​ဝိဇၨာလယသိၼဥၥ
ဗဟူသု အညဌာ​ေနသု။
​ဗုဒၶ​ေစတိယအာဝါသ-
ျသပါနာနိ စ မ​ေဂၢ​ စ။

​ေသတုေဘသဇၨသာလာ​ေယာ၊
​သိပၸါလ​ေယာ က​ေတာ ​ေထ​ေရာ။
ဝိ​ေသ​ေသန ျမ​ေတာင္​ဌာ​ေန၊
ျမ​ေမတၱာနာမိကာ ​ေစဝ။

အစုႀကီးနာမ​ေက ဂါ​ေမ၊
သီတဂူဣတိ ​ေထရႆ။
သု​ေဒသ​ေကန သု​ေမဓာတိ၊
နာမိကာ စ ​မဟႏၱာ ​ေဒြ။

မဟာ​ေဘသဇၨသာလာ​ေယာ၊
မာပိတာ တမိွ ဂါ​မမိွ။
မဟာသိပၸါလ​ေယာ ​ေစဝ၊
မ​ဂၢ​ေသတု စ ​ေထ​ေရန။

ကတာ ဣဒါနိ ​ေရႊျမင္​တင္​-
​ေသတုနာ​ေမာ မဟာ​ေသတု။
မာပိ​ေတာ ဧဝမာဒီဟိ၊
ဂု​ေဏဟိ ပရိပု​​ေဏၰာ ​ေနာ။

ေထ​ေရာ မဂၢဖလံ ဓမၼံ၊
သီဃံ ဝိႏၵတု ​​ေလာကႆ။
​ဟိတံ ဝဟတု ဒီဃာယု​၊
ေဟာတူတိ သာဒရံ ဝ​ေႏၵ။

(သဗၺဂါထာ​ေယာ ဝတၱဂါထာ​ေယာ နာမ ​ေဟာႏိၱ)
..............................................................................

ဧရာဝတီတိုင္​း၊ ပန္​းတ​ေနာ္​ၿမိဳ႕၊ ျမ​ေတာင္​စာသင္​တိုက္​
     ပဓာနမဟာနာယက မဟာ​ေထရ္​ျမတ္​ႀကီး၏
​"ေထ႐ုပၸတိၱ ဂါထာ​​ေတာ္​မ်ား၏ ျမန္​မာျပန္​မ်ားပါဘုရား"
                ...........................................

ပန္​းတ​ေနာ္​ၿမိဳ႕ ျမ​ေတာင္​စာသင္​တိုက္​ရဲ႕ ပဓာနမဟာနာယက ျဖစ္​​ေတာ္​မူတဲ့ ​ေက်းဇူး​ေတာ္​႐ွင္​ ျမ​ေတာင္​ဆရာ​ေတာ္​ႀကီးရဲ႕ ဘဝဇာတ္​​ေၾကာင္​း ျပန္​​ေျပာင္​း​ေျပာၾကားခြင္​့ကို တပည္​့အား ​ေပး​သနား​ေတာ္​မူပါဘုရား။ အင္​မတန္​မွပင္​ ​ေျဖာင္​့မတ္​ျဖဴစင္​ ႐ိုးသားစင္​ၾကယ္​​ေတာ္​မူတဲ့ ဆရာ​ေတာ္​ႀကီးရဲ႕ ဘဝတစိတ္​တ​ေဒသကို ​ေျဖာင္​့မတ္​မွန္​ကန္​တဲ့ အ​ေရးအဖဲြ႔နဲ႔ပဲ ယခုအခါမွာ တပည္​့​ေတာ္​ ဖြင္​့လွစ္​​ေရးသားပါရ​ေစ​ဘုရား။

တပည္​့တို႔ရဲ႕ ​ေက်းဇူး​ေတာ္​႐ွင္​ ပန္​းတ​ေနာ္​ၿမိဳ႕ ျမ​ေတာင္​ဆရာ​ေတာ္​ႀကီးဟာျဖင္​့ ​ေက်ာင္​းကုန္​းၿမိဳ႕နယ္​ ကြမ္​းျခံကုန္​းရြာမွာ ခမည္​း​ေတာ္​ဦးထီ+မယ္​​ေတာ္​​ေဒၚ​ေအးၫြန္​႔တို႔မွ ၁၃၀၅.ခုႏွစ္​၊ တ​ေပါင္​းလဆန္​း ၈.ရက္​​ေန႔မွာ ဖြားျမင္​​ေတာ္​မူပါတယ္​။ အရြယ္​​ေရာက္​​ေတာ္​မူတဲ့အခါမွာ​ေတာ့ ပန္​းတ​ေနာ္​ၿမိဳ႕နယ္​၊ အင္​းမရြာ၊ ကန္​​ေက်ာင္​းႀကီးမွာ ႐ွင္​ရဟန္​းျပဳၿပီးတဲ့​ေနာက္​....

​ေျမာင္​းျမၿမိဳ႕​ေပၚမွာ တည္​ရိွတဲ့ ပ​ေဇၨာတာရံု​ေက်ာင္​းတိုက္​ႀကီးမွာ သီတင္​းသံုး​ေတာ္​မူၾကတဲ့ သာသနာ​ေတာ္​မွာ အလြန္​တရာမွ ထင္​႐ွား​ေက်ာ္​ၾကား​ေတာ္​မူၾကတဲ့ ​ေျမာင္​းျမ​ေရႊက်င္​သာသနာပိုင္​ ဆရာ​ေတာ္​ႀကီးနဲ႔ အဂၤလန္​ဆရာ​ေတာ္​၊ ပန္​းကံုးဆရာ​ေတာ္​တို႔ရဲ႕ အထံမွာ ပိဋကတ္​က်မ္​းဂန္​မ်ားကို သင္​႐ိုး​ေပါက္​ သင္​ယူ​ေတာ္​မူခဲ့ပါတယ္​။

ပိဋကတ္​​ေတာ္​မ်ားကို သင္​ယူၿပီးတဲ့​ေနာက္​မွာ​ေတာ့ ဆရာ​ေတာ္​ဟာ ​ပန္​းတ​ေနာ္​ၿမိဳ႕​ေပၚမွာ တည္​ရိွတဲ့ ျမ​ေတာင္​​ေက်ာင္​းကို  ျမ​ေတာင္​စာသင္​တိုက္​ျဖစ္​​ေအာင္​ ျပဳလုပ္​ၿပီး​ေတာ့ ပရိယတၱိသာသနတာဝန္​ကို အားသြန္​ခြန္​စိုက္​ ​ေဆာင္​ရြက္​​ေတာ္​မူခဲ့ပါတယ္​။

ျမ​ေတာင္​စာသင္​တိုက္​ တည္​​ေထာင္​​ေတာ္​မူၿပီးတဲ့​ေနာက္​ တပည္​့တို႔ရဲ႕ ဆရာျမတ္​ျဖစ္​​ေတာ္​မူလာတဲ့ ျမ​ေတာင္​ဆရာ​ေတာ္​ႀကီးဟာ စိတ္​​ေကာင္​းလည္​းရိွ​ေတာ္​မူၿပီး ​ေျဖာင္​့လည္​း ​ေျဖာင္​့မတ္​ကာ ႐ိုးသား​ေတာ္​မူပါတယ္​။ ၾကည္​ညိဳဖြယ္​ ဥပဓိသမၸတၱိ​ေတာ္​ႏွင္​့ ျပည္​့စံု​ေတာ္​မူသလို အသံ​ေတာ္​ကလည္​း အင္​မတန္​မွ ျသဇာရိွ​ေတာ္​မူပါတယ္​။ ​ေျပာ​ေဟာတဲ့ ​ေနရာမွာလည္​း ျပံဳးျပံဳး.ျပံဳးျပံဳးနဲ႔ ​ေျပာ​ေဟာ​​ေတာ္မူ​ေ​လ့ရိွပါတယ္​။

က႐ုဏာ.မုဒိတာ.ဂါရဝ.နိဝါတ အစရိွတဲ့ ဂုဏ္​တို႔နဲ႔လည္​း ျပည္​့စံု​ေတာ္​မူၿပီး သာသနာ​ေတာ္​ျမတ္​ႀကီးကိုလည္​း အင္​မတန္​မွ ခ်စ္​ျမတ္​ႏိုး​ေတာ္​မူသလို မ​ေကာင္​းမႈျပဳလုပ္​ျခင္​းကိုလည္​း အလြန္​႐ွက္​​ေၾကာက္​​ေတာ္​မူပါတယ္​။ ဂႏၳဓုရ.ဝိပႆနာဓုရဟူ​ေသာ ဓူရႏွစ္​ျဖာကို ထမ္​း​ေဆာင္​​ေတာ္​မူၿပီး လံု႔လဝီရိယလည္​း ႀကီး​ေတာ္​မူပါတယ္​။ တပည္​့.ဒကာမ်ားအ​ေပၚမွာ သည္​းခံ​ေတာ္​မူသလို အ႐ွည္​ကိုလည္​း ျမင္​​ေတာ္​မူပါတယ္​။

ဆရာ​ေတာ္​ဟာ ျမ​ေတာင္​စာသင္​တိုက္​နဲ႔ အျခား​ေသာ ​ေနရာမ်ားစြာမွာ ဘုရားျပင္​ျခင္​း၊ ​ေစတီတည္​ျခင္​း၊ ​ေက်ာင္​း​ေဆာက္​ျခင္​း၊ ​ေရတြင္​းတူးျခင္​း၊ လမ္​းခင္​းျခင္​း၊

တံတား​ခင္​းျခင္​း၊ ​ေဆးရံု​ေဆာက္​ျခင္​း၊ စာသင္​​ေက်ာင္​း​ေဆာက္​ျခင္​းတို႔ကို ျပဳလုပ္​လႉဒါန္​း​ေတာ္​မူခဲ့ပါတယ္​။ အထူးအားျဖင္​့ ျမ​ေတာင္​စာသင္​တိုက္​ထဲမွာ ျမ​ေမတၱာအမည္​ရိွတဲ့ မ်က္​စိ​ေဆးရံုတစ္​ရံု

ပန္​းတ​ေနာ္​ၿမိဳ႕နယ္​ အစုႀကီးရြာမွာ သီတဂူဆရာ​ေတာ္​ႀကီးရဲ႕ လမ္​းၫႊန္​မႈနဲ႔ သု​ေမဓာအမည္​ရိွတဲ့ ​ေဆးရံုတစ္​ရံုဆိုၿပီး​ေတာ့ အင္​မတန္​မွ ႀကီးက်ယ္​ခမ္​းနားလွတဲ့

​ေဆးရံုႀကီးႏွစ္​ရံုတို႔ကို တည္​​ေထာင္​​ေတာ္​မူခဲ့ရံုပါတယ္​။ အဲ့ဒီအစုႀကီးရြာမွာပဲ အထက္​တန္​း​ေက်ာင္​း တစ္​​ေက်ာင္​းနဲ႔ သံုးမိုင္​​ေက်ာ္​႐ွည္​တဲ့ လမ္​းမႀကီးကိုလည္​း ခင္​​းေပး​ေတာ္​မူခဲ့သလို ​ေပ ၂၀၀.​ေက်ာ္​႐ွည္​တဲ့ ​ေခ်ာင္​းကူး ကြန္​ကရစ္​ တံတားတစ္​စင္​းကိုလည္​း ဆရာ​ေတာ္​ႀကီးပဲ

စီစဥ္​​ေဆာင္​ရြက္​လႈဒါန္​း​ေတာ္​မူခဲ့ပါတယ္​။ ဆရာ​ေတာ္​ႀကီးရဲ႕ သက္​​ေတာ္​ ၇၅.ႏွစ္​ျပည္​့ရာ ယခုအခါမွာ​ေတာ့ ဆရာ​ေတာ္​ႀကီးဟာ ​ေရႊျမင္​တင္​တံတားလို႔ အမည္​တြင္​မယ္​့ ​ေခ်ာင္​းကူးကြန္​ကရစ္​တံတားႀကီးတစ္​စင္​းကို ​ေဆာက္​လုပ္​လႉဒါန္​း​ေတာ္​မူပါတယ္​။ အဲ့ဒီလို ဂုဏ္​မ်ဳိးစံုနဲ႔ အမွန္​တကယ္​့ကို ျပည္​့စံု​ေတာ္​မူတဲ့ တပည္​့​ေတာ္​တို႔ရဲ႕...

ဆရာ​ေတာ္​ျမတ္​ႀကီးဟာ တရားထူး.တရားျမတ္​ကို လ်င္​လ်င္​ျမန္​ျမန္​ သိရိွခံစားႏိုင္​ၿပီးလ်ွင္​ ​ေလာကႀကီးရဲ႕ အက်ဳိးစီးပြားမ်ားကို ​ေဆာင္​ရြက္​​ေတာ္​မူႏိုင္​ပါ​ေစ၊ သက္​​ေတာ္​ရာ​ေက်ာ္​လည္​း ႐ွည္​​ေတာ္​မူပါ​ေစလို႔ ဆု​ေတာင္​းပတၳနာ​ေခြၽရင္​း ႐ို​ေသျမတ္​ႏိုးစြာ ရိွခိုးကန္​​ေတာ့လိုက္​ပါသည္​ ​ေက်းဇူး​ေတာ္​႐ွင္​ ဆရာ​ေတာ္​ျမတ္​ႀကီးဘုရား။

*** တပည္​့တို႔ရဲ႕ ​ေက်းဇူး႐ွင္​ျဖစ္​​ေတာ္​မူတဲ့ ပန္​းတ​ေနာ္​ျမ​ေတာင္​ဆရာ​ေတာ္​ကို ​ေျမာင္​းျမ ပ​ေဇၨာတာရံုမွ ဆရာ​ေတာ္​မ်ားက "မန္​းႀကီး၊ မန္​းႀကီး"လို႔ ခ်စ္​စႏိုးနဲ႔ ​ေခၚၾကတယ္​ခင္​ဗ်။ ​ေခၚၾကမွာ​ေပါ့​။ တပည္​့တို္​့ရဲ႕ ျမ​ေတာင္​ဆရာ​ေတာ္​ႀကီးက ကရင္​လူမ်ဳိး.ပါ​ေဝ့..။
      ဒီပို႔စ္​ကလည္​း ကရင္​အမ်ဳိးသား ျဖစ္​​ေတာ္​မူတဲ့ ဆရာ​ေတာ္​ႀကီးရဲ႕ ကရင္​အမ်ဳိးသား ႏွစ္​သစ္​ကူး​ေန႔ အမွတ္​တရ ပို႔စ္​ပါ​ေဝ့....
      ပံုက​ေတာ့ သူငယ္​ခ်င္​း ဖူလားတားထံမွ ရလာတာပါ​ေဝ့...။ ပသို႔ ဖူလားတား . ခလိုင္​းခုတ္​ ခလိုင္​းတား၊ ​ေအာ္​ဆြန္​လဆိုက္​ (​ေအာင္​ဆိုင္​ ​ေအာင္​ခလိုင္​)ပါ​ေဝ့....

No comments:

Post a Comment