Thursday, February 14, 2019

"အ​ခြေခံပါဠိဘာသာဖြင်​့​ဖြေဆိုနည်း"(၁၅)

အခြေခံပါဠိဘာသာဖြင့်ဖြေဆိုနည်း"(၁၅)
/ 5 months ago

မိမိသည် "အခြေခံပါဠိဘာသာဖြင့် ဖြေဆိုနည်း"ကို
မိမိတတ်သလောက် မိမိ ဆရာသမားများ
သင်ဆရာ မြင်ဆရာများ၏ နည်းနာ
နိဿ    ယဖြင့် ကိုးကားရေးသား လာခဲ့ရာ
ယခုတစ်ကြိမ်ဆိုလျင် (၁၅) ခန်းမြောက်သို့
ရောက်ရှိလာပြီ ဖြစ်သည်။

ယခုနောက်ဆုံး
"အခြေခံအားဖြင့် ပါဠိဘာသာဖြင့် ဖြေဆိုနည်း"မှာ
သချၤာသဒ္ဒါပါသော ဝါကျရေးနည်းကို ရေးမည်ဖြစ်သည်။

သချၤာသဒ္ဒါဖြင့် ရေးသားသုံးစွဲရာမှာ
လိင်အနေအားဖြင့်-

ဧက -သချၤာသဒ္ဒါသည် လိင်(၃)ပါး။
-ဧကော ပုရိသော
-ဧကာ ဣတ္ထီ
-ဧကံစိတ္တံ

တိ၊စတု-
သချၤာသဒ္ဒါတို့သည် လိင် ၃ ပါးလုံး ဗဟုဝုစ်။
-တယော ပုရိသာ
-တိေဿာ ဣတ္ထိယော
-တီဏိ စိတ္တာနိ

-စတ္တာရော ပုရိသာ
-စတေဿာ ဣတ္ထိယော
-စတ္တာရိ စိတ္တာနိ

*တိစတုန္နံ တိေဿာ တယော စတ္တာရော တီဏိ စတ္တာရိ

ဒွိသဒ္ဒါ၊ပဉ္စသဒ္ဒါ၊ဆဋ္ဌ၊သတ္တ၊အဋ္ဌ၊နဝ၊ဒသ၊
ဧကာဒသ၊ဒွါဒသ၊တေရသ၊စုဒ္ဒသ၊ မှအဋ္ဌာရသအထိ၊
အလိင် ဗဟုဝုစ်ဟုမှတ်ပါ။

ဝီသတိ မှသည် နဝုတိ စသည်ထိ ဣတ္ထိလိင် ဧကဝုစ်။
(ဝီသတျာဒိ နဝုတိ ဣတ္ထီဧကဝုစ်၊)

ကောဋိ ပကောဋိ ကောဋိပကောဋိ အထိ
အုပ်စုမကွဲလျင် ဧကဝုစ်၊အုပ်စုကွဲလျင် ဗဟုဝုစ်။
ဣတ္ထိလိင်။

သချၤာသဒ္ဒါကို နားမလည်သည့်အခါ
မိမိရထားသည့် သဂ်ဟဆိုင်ရာ သရုပ်ပြ
ပါဠိများကို နည်းမှီလေ့လာပါ။

ပါဠိဖြင့်ရေးသား ဖြေဆိုသည့်နေရာမှာ
သချၤာသဒ္ဒါသည် ရှုပ်ထွေးလွန်း၍ ဆက်မရေးတော့ပါ။

ဆိုအပ်ခဲ့ပြီးသော အခြေခံပါဠိဘာသာဖြင့် ရေးသား
ဖြေဆိုနည်း များကို အထိုက်အလျောက် နားလည်
ပြီး ဖြစ်ပါက ပါဠိဘာသာဖြင့်ပြေဆိုတတ်ပြီ ဖြစ်သည်။

မိမိတို့၊ငယ်၊လတ်၊ကြီးဖြေဆိုခဲ့စဉ်တုန်းက
ဤမျှလောက်ပင် နားမလည်ခဲ့ပါ။
ယောင်ဝါးဝါး စမ်းတဝါးဝါးဖြင့် ဖြေဆိုခဲ့ရပါသည်။
ဤမျှလောက် ဖြေဆို ရေးသားတတ်ရုံဖြင့်
ပါဠိစာပေ တတ်မြောက်ပြီဟု မပြောလိုပါ။

မိမိရေးသားသော ပိုစ့်သည်
အခြေခံပါဠိဖြင့် ဖြေဆိုတတ်ရုံ
လမ်းညွှန်ခြင်းမျှသာဖြစ်ပြီး
တတ်မြောက်ကျွမ်းကျင်အောင်
ဆက်လက်လေ့လာသင်ယူဖို့က
စာရှုသူများ၏ တာဝန်သာ ဖြစ်ပါသည်။

အခြခံပါဠိဘာသာဖြင့်ဖြေဆိုနည်းသည် ဤမျှဖြင့်
လုံလောက်ပြီဟု ထင်မြင်ယူဆမိပါသည်။

နောက်ထပ် ပိုစ့်များတွင်
"အခြေခံပါဠိဖွင့်ဆိုနည်းများကို
ရေးသားတင်မည်ဖြစ်ပါသည်။

Visit website

No comments:

Post a Comment