တက္ကသိုလ်စာသင်သား၏ (၂၉)ပုဒ်မြောက်
လက်ရာလေးပါ
♢♢♢♢♢♢
မနက်ဖြန်(26:3:2016နေ့-အရှင်ဇောတိကာလင်္ကာရ၏ဂုဏ်ပြပွဲ)အတွက် ဥပေဇ္ဈာယ်ဆရာထက် ကြောက်ရတဲ့ နာယကကြီးရဲ့တချက်လွတ်အမိန့်နဲ့ ရေးလိုက်ရတာ ဆန်းဂိုဏ်းနဲ့ လိုအပ်တဲ့ အဓိပ္ပါယ်ပြည်စုံဖို့ပဲ အဓိကထား ရေးလိုက်ရတာပါ။
ဘာစာအုပ်မှ မကြည်ဘဲ ကားပေါ်မှာ ၁နာရီလောက်နဲ့ အပြီရေးနိုင်တာ ဆရာသမားတွေ ကျေးဇူးလို့ ပြောရမယ်၊ အာစရိယဂုဏံ အဟံ ဝန္ဒာမိ)
***
သာမဏေကျော်ဘွဲ့ရ အရှင်မြတ်အား ပလ္လင်ပေါ်သို့ ကြွတော်မူရန် ပင့်လျှောက်ဂါထာ
♢♢♢♢♢♢
အာရဒ္ဓဝီရိယော ဘန္တေ,
ဇယပုပ္ဖေါ မဟာပညော၊
အာဂစ္ဆ တွံ သဘံ ပူဇံ,
ပဇာယ အနုကမ္ပာယ။
♢♢♢♢♢
ဘန္တေ-အလင်္ကာရ, ဘွဲ့ထူးသခင်, အရှင်မြတ်ဘုရား။
အာရဒ္ဓဝီရိယော - အလင်္ကာရမည်ခေါ်, ဤဘွဲ့ကျော်ကို, မရ-ရအောင်, ကြိုးစားမည်ဟု, အားခဲ့ကာ, ကြိုးစား အားထုတ်တော် မူတတ်သော။
ဇယပုပ္ဖေါ- ပါဠိ-ဋ္ဌကထာ, ဋီကာသရုပ်, သင်္ဂြိုဟ်-သဒ္ဒါ, ကျမ်းဖြာဖြာကို,
ဖြေဆိုအောင်မြင်, သာမဏေကျော်, အောင်ပန်ပိုင်ရှင် ဖြစ်တော်မူသော၊
မဟာပညော-
ထေရ်ဆရာသင်သမျှ, မမေ့ရအောင်, သေချာမှတ်သား, ဆောင်ထားတတ်သည့် ကြီးမြတ်သောပညာလည်း, ရှိတော်မူသော။
တွံ-(ဇောတိကာဇည), နာမမည်ခေါ်, သာမဏေကျော်,အရှင်ဘုရားသည်။
ပဇာယ-အရှင်မြတ်၏, ပညာဂုဏ်အား, ပူဇော်လိုကြသည့်, တပည့်ဒါယကာ, ဒါယိကာမ အပေါင်းကို။
အနုကမ္ပာယ- ဗြဟ္မာစိုရ်တရား, လက်ကိုင်ထားကာ, အစဉ်သနားစောင့်ရှောက်, ချီးမြှောက်သောအားဖြင့်။
ပူဇံ သဘံ-ပူဇော်ပွဲသို့။
ပူဇံ သဘံ-အရှင့်ပူဇော်ပွဲ, ဆင်ယင်ကျင်းပရာ, ပလ္လင်မြတ်ပေါ်, ပူဇော်ပွဲတော်သို့။
အာဂစ္ဆ - ချီးမြှောက်တော်မူရန်, ကြွရောက်တော်မူလှည့်ပါ (ဇောတိကာလင်္ကာရ), အရှင်မြတ်ဘုရား။
(၁၃ံ:၁၂:၁၃၇၈)
(25:3:2017)
တက္ကသိုလ်စာသင်သား
သာသနာ့တက္ကသိုလ်၊ မန္တလေး။
No comments:
Post a Comment