Tuesday, April 10, 2018

တရားသိမ်း မေတ္တာပို့ဂါထာ

တရားသိမ်း မေတ္တာပို့ဂါထာ
********
ဘိဇ္ဇန္တု နိမိတ္တာ နိဋ္ဌာ၊
သဒ္ဒါဂဟာဝ မင်္ဂလာ။
သမ္မာယန္တု ဝေါ ဣဋ္ဌာဝ၊
ရတနာနုဘာဝ ထမ္ဘိတာ။
သုသုပန္တု သုဝုဋ္ဌန္တု ၊
သုခန္တု ဒေဝပါလိတာ။

ရတနာနုဘာဝ ထမ္ဘိတာ-ဘုရားတရားသံဃာအားဖြင့်​ သုံပါးမြတ်​စွာ ရတနာ​တာ်၏ စွမ်းပကား​​က ထူးခြားစွာ ​ထောက်​ပံ့အပ်​ကုန်​သည်​ဖြစ်​၍။
အနိဋ္ဌာနိမိတ္တာ -​ထွေလာ​သောင်း​ပြောင်း မ​ကောင်း​သော နိမိတ်​အ​ပေါင်းတို့သည်​လည်း​ကောင်း။
အနိဋ္ဌာသဒ္ဒါ-မ​ကောင်းကျိုးကို အဖန်​ဖန်​​ပေးတတ်​​သော အသံဆိုးအမျိုးမျိုးတို့သည်​လည်း​ကောင်း။
အနိဋ္ဌာ ဂဟာဝ-စီးကြနင်းကြ ပါပဂြိုဟ်​ဆိုး အမျိုးမျိုး​သော ဂြိုဟ်​အ​ပေါင်း နက္ခတ်​အ​ပေါင်းတို့သည်​လည်း​ကောင်း။
အနိဋ္ဌာ အဝမင်္ဂလာ- စိတ်​ကိုညစ်​နွမ်း​စေလျက်​ လူကိုမူ​အောင်​​ဝေ​အောင်​ နှလုံးတုံ ရင်​​မော​အောင်​ ပြုတတ်​​သော မချမ်း​မြေ့စရာ အမင်္ဂလာ အ​ပေါင်း မ​ကောင်းဟူသမျှတို့သည်​လည်း​ကောင်း။
ဘိဇ္ဇန္တု - မိမိထံ​မှောက်​ မကျ​ရောက်​ဘဲ အ​ဝေးကပင်​ ​ပျောက်​ကြပျက်​ကြ ကင်​စင်​ပကြပါ​စေကုန်​သတည်း။

ဝေါ-ဗုဒ္ဓမြတ်​စွာ သာသနာကို ယုံကြည်​အားထား ဆည်းကပ်​ကြကုန်​​သော သင်​ဒါယကာ ဒါယိကာမအ​ပေါင်း သူ​တော်​​ကောင်းတို့အား။

ဣဋ္ဌာဝ-နိမိတ်​​ကောင်း​ကောင်း အသံ​ကောင်းနှင့်​ ဂြိုဟ်​​ကောင်းရွှင်​စရာ အ​ကောင်းဟူသမျှတို့သည်​သာ။
သမ္မာယန္တု-​ကောင်းစွာမ​သွေ ​ပေါင်းစု​ဝေး၍ ဆိုက်​လာ ​ရောက်​လာကြပါ​စေကုန်​သတည်း။
သုသုပန္တု -အိပ်​မက်​ယာမက်​ ​ကောင်းစွာမက်​လျက်​ နှစ်​သက်​ကြည်​သာ အိပ်​စက်​နိုင်​ကြပါ​စေကုန်​သတည်း။
သုသုပန္တု -ရာထူးဂုဏ်​သိန်​ စည်းစိမ်​တန်​ခိုး တိုးဖို့အ​ကြောင်း အ​ကောင်းအိပ်​မက်​ဖြင့်​ နှစ်​သက်​ရွှင်​ပြ အိပ်​စက်​နိုင်​ကြပါ​စေကုန်​သတည်း။

သုဝုဋ္ဌန္တု-ကြည်​ကြည်​လင်​လင်​ ရွှရွှင်​ပြပြ အိပ်​​ရေးဝကာ နိုးထနိုင်​ကြပါ​စေကုန်​သတည်း။
သုဝုဋ္ဌန္တု-မင်္ဂလာကျက်​သ​ရေ ယှက်​​ဝေလန်းသဖြင့်​ စန်းပွင့်​ကြကုန်​ဖြစ်​၍ ​ကောင်​စွာမိုး​သောက်​ အလင်း​ရောက်​လျက်​ ထ​မြောက်​နိုးကြားနိုင်​ကြပါ​စေကုန်​သတည်း။

ဒေဝပါလိတာ-သမ္မာ​ဒေဝ မည်​နာမဖြင့်​ ထင်​ရှား​ကျော်​ကြား နတ်​အများတို့သည်​ ​လေ့စားမပြတ်​ ​စောင့်​​ရှောင်​အပ်​ကုန်​သည်​ဖြစ်​၍ ။
ဒေဝပါလိတာ-ကိုယ်​​စောင့်​အိမ်​​စောင့်​ မြို့ရွာ​စောင့်​နှင့်​ ​ကျောင်း​စောင့်​တစ်​ဖြာ အကာသဋ္ဌ ဘုမ္မရုက္ခာ အစဖြာသည်​ 
သမ္မာ​ဒေဝ မည်​နာမဖြင့်​ ထင်​ရှား​ကျော်​ကြား နတ်​အများတို့သည်​ ​လေ့စားမပြတ်​ ​စောင့်​​ရှောင်​အပ်​ကုန်​သည်​ဖြစ်​၍ ။

သုခန္တု-ကျက်သရေဖြိုး စည်းစိမ်တိုးလျက် ကိုယ်​စိတ်​နှစ်​ဖြာ လိုဣစ္ဆာတို့ ပြည့်ကာကြွယ်ဝ အချမ်းသာကြီး ချမ်းသာ ကြပါစေကုန်သတည်း။
သုခန္တု- ပစ္စုပ္ပန် တမလွန် နှစ်တန်ဘဝ ချမ်းသာစေကြောင်း တရာျးပါင်းကို နာယူမှတ်သား ကျင့်ကြံပွား၍ မဂ်ဖိုလ်နိဗ္ဗာန် ချမ်းသာမှန်ဖြင့်
အချမ်းသာကြီး ချမ်းသာကြပါစေကုန်သတည်း။

{{သပြေကန်ဆရာတော် အရှင်ဝါသေဋ္ဌာဘိဝံသ၏ နိသျ, ဘာသာဋီကာဆရာတော်၏နိသျတို့နှင့်အညီ သင့်တော်ရာ အနက်ဆန်များထည့်စွပ်၍ အနက်ပေးထားသည်}}

                    10:4:2018/9:50AM
                     တက္ကသိုလ်စာသင်သား

Tuesday, April 3, 2018

"စ.ဓ.ဗ.ဝ ပဒုမဗုဒ္ဓဝန္ဒနာ ဂါထာ​ယော"

................................................

"စ.ဓ.ဗ.ဝ ပဒုမဗုဒ္ဓဝန္ဒနာ ဂါထာ​ယော"
        စက္ခုစတွာ စက္ခုဘူတံ
        စက္ခုမနံ္တ စက္ခုပတံ။
        စက္ခုသာမိံ စက္ခုကာ​မော၊
        စက္ခုသိေဿာ စက္ခုန​မော။

        ဓမ္မပါရံ ဓမ္မဂတံ၊
        ဓမ္မသာမိံ ဓမ္မရာဇံ။
        ဓမ္မကာ​မော ဓမ္မမာ​နော၊
        ဓမ္မသိေဿာ ဓ​မ္မန​မော။

         ဗလဒသံ ဗလမာနံ၊
         ဗလသာမိံ ဗလရာဇံ။
         ဗလကာ​မော ဗလမာ​နော၊
         ဗလ​ပေါ​သော ဗလန​မော။

         ဝရဓမ္မံ ဝရံ သံဃံ၊
         ဝဟိတမ္ပိ ဝရံ ဗုဒ္ဓံ။
         ဝ​ရသီသဝရ​င်္ဂေန၊
         ဝ​န္ဒေ ဝ​​ရော ဝရံ ​ဒေတု။

Monday, April 2, 2018

အမှားဝင်္ကပါရှင်၏ နောင်တမျက်ရည် (သို့မဟုတ်) နောင်တမျက်ရည် ကြွေမှာစိုးတယ် တရားတော်

အမှားဝင်္ကပါရှင်၏ နောင်တမျက်ရည်
(သို့မဟုတ်)
နောင်တမျက်ရည် ကြွေမှာစိုးတယ်
တရားတော်
****************
မိလိန္ဒပါဠိတော်၊ ဓမ္မပဒအဋ္ဌကထာ၊
ဇာတကအဋ္ဌကထာ-တို့ပါတဲ့
အမှားဝင်္ကပါရှင်ကြီး အရှင်​​ဒေဝဒတ်​ရဲ့ ​နောက်​တမျက်​ရည်​အဖြစ်​ မြတ်စွာဘုရားကို စိတ်​ထဲက​​နေ ရှိခိုးပူ​ဇော်
သီကျူးခဲ့တဲ့ ဂါထာ​တော်​နဲ့အတူ
အမှားဝင်္ကပါရှင်ကြီး အရှင်​​ဒေဝဒတ်​ရဲ့ ဘဝဇာတ်​လမ်း တန်​ဆာဆင်​ကာ ​ဟောကြားအပ်​​သော
*******
အမှားဝင်္ကပါရှင်၏ နောင်တမျက်ရည်
(သို့မဟုတ်)
နောင်တမျက်ရည် ကြွေမှာစိုးတယ်
တရားတော်
*********
ဣမေဟိ အဋ္ဌီဟိ တမဂ္ဂပုဂ္ဂလံ,
ဒေဝါတိဒေဝံ နရဒမ္မသာရထိံ၊
သမန္တစက္ခုံ သတပုညလက္ခဏံ,
ပါဏေဟိ ဗုဒ္ဓံ သရဏံ ဥပေမိ။

အဂ္ဂပုဂ္ဂလံ - တစ်ကမ္ဘာလုံးတွင် အသာဆုံးပုဂ္ဂိုလ်လည်း ဖြစ်တော်မူပေထသော။
ဒေ၀ါတိဒေ၀ံ - နတ်အပေါင်းတို့၏ ဦးခေါင်းညွတ်လျှိုး ခိုကိုးရာအစစ် နတ်မင်းလည်း ဖြစ်တော်မူပေထသော။
နရဒမ္မသာရထိံ - ဆုံးမရန်ကြုံ များဗိုလ်ပုံကို စုံလင်စွာ သင်ပေးလျက် ယဉ်ကျေးအောင်ဆုံလည်း မတော်မူပေထသော ။
သမန္တစက္ခုံ - ကြွင်းမဲ့ဥဿုံ အလုံးစုံကို အကုန်သိမြင် သဗ္ဗညုဥာဏ်ရှင်လည်း ဖြစ်တော်မူပေထသော ။
သတပုညလက္ခဏံ - ရာပေါင်းများစွာ ဘုန်းသမ္ဘာကြောင့် ကောင်းစွာမြင့်ကြွယ် တင့်တယ်သော လက္ခဏာတော်လည်း ရှိတော်မူပေထသော။
တံဗုဒ္ဓံ - တု၍မနိုင် ပြိုင်၍မရ ကမ္ဘာ့ထိပ်ခေါင် ထိုနောင်တော် မြတ်ဘုရားကို ။
ဣမေဟိ အဋ္ဌီဟိ - အသားတွေပျောက် အရေခြောက်သဖြင့် မျက်မှောက်ထင်စွာ ဤသုံးရာသော အရိုးတို့ဖြင့် လည်းကောင်း။
ဣမေဟိ ပါဏေဟိ - မငြိမ်လှုပ်လှက် ချုပ်ပျက်ခါနီးဖြစ်သော ဤအသက်တို့ဖြင့်လည်းကောင်း ။
သရဏံ - ဦးတင်ကျန ဖူးချင်လှလည်း မရတော့ပါ ကိုးကွယ်ရာဟူ၍ သာလျှင် ။
ဥပေမိ-ဂတောသ္မိ - အပြစ်ရှိသမျှ သတိရသဖြင့် အာမ၀န္တံ အကုန်ခံ၍ အတန်တန်ဆည်းကပ်ခဲ့ပါသည်ဘုရား။

မိလိန္ဒ။၁၁၆။
ဓံ။ဋ္ဌ။၉၅။
ဇာ။ဋ္ဌ။၎။၁၆၁။
နိသျ-ဘာသာဋီကာဆရာတော်
{{တက္ကသိုလ်စာသင်သား (28:3:2014)ရေးသားသည်}}

                    29:3:2018/12:25PM
                      တက္ကသိုလ်စာသင်သား

Sunday, April 1, 2018

နာမည်ကျော် တရားတောင်း

နာမည်ကျော် တရားတောင်း

ဘဂဝါ ဇိန ဝါဂီသာ ၊
ဘာသာယ သာရဝလ္လိယာ။
ဣမံ လောက မုပါကာသိ ၊
တံနော ဒေသေတု မုတ္တိယာ။

ဝါဂီသာ -စကားအရာ ပျားပမာသို့ နားမှာချိုမြ မလိုရအောင် ဆိုသမျှစကား တရားဖြစ်စေ ခွဲဝေချိန်ဆ ဝါစာစိန္တေယျဂုဏ်တော်ရှိတော်မူသော။

ဇိန-အာဠာဝက ဗကဗြဟ္မာ နာဠာဂီရိ စသည့်များစွာ ပွဲတကာတို့၌ အမြဲသာအနိုင်ယူ အောင်တော်မူ အညွန့်ဖူးတို့ဖြင့်ကွန်မြူးပေထ အို ကျေးဇူးတော်ရင် ရှင်တော်မြတ်ဘုရား။

ဘဂဝါ-ရှုမျှော်လို့မဆုံး တစ်ကိုယ်တော်လုံးကျက်သရေ
လက္ခဏာတော်တွေ မှုန်းခြယ်သည့် ဘုန်းကြွယ်ထွဋ်ထား ရှင်တော်မြတ်ဘုရားသည်။

ဝါဂီသဝါဂီသော- စကားဝါကျ အကွက်လှအောင် မြတ်ဟာညွှန်ကြားစကားနိုင်နင်း ပြိုင်ဘက်ကင်းတော်မူသည်ဖြစ်၍။

သာရဝလ္လိယာ-ချိုအေးစိမ့်အီ အဆီရွှန်းဆိုအကာကိုဖယ် ဓိပ္ပါယ်သဒ္ဓါထသဖြင့် သဘာဝအတိ အနှစ်သာရ ရှိပေထသော။

ဘာသာယ- မလျော့လွန်း မတင်းလွန်း အစွန်းနှစ်ဖက်လွတ် ဆင်းရဲဝဋ် ချုပ်ငြိမ်းရေး အသိဉာဏ်ပေး ဟောဖော်
မြင့်မြတ်သော တရားတော် စကားတော်တို့ဖြင့်။

ဣမံလောကံ-ဗြဟ္မာနတ်လူ ကမ္ဘာသူကမ္ဘာသား အောက်တန်းစားမကျန်ရ ရှိသမျှအသီးသီး ဤသတ္တလောကကြီးကို။

ဥပါကာသိ- တစ်ထောင်ငါးရာ ကိလေသာတွေ ချွတ်လွဲလျှက် ဝဋ်ထဲမှကယ်တင် တကယ်အမြ င်အသိပေါက်ဖော် ထိရောက်ပါစေ မလွတ်တမ်း အကျိုးပြုတော်မူနိုင်ခဲ့ပေပြီဘုရား။

ဘန္တေ- ရှင်လူလောက သဘောကျအောင် ဟောပြသွန်သင်ဆရာတော် အရှင်သူမြတ်ဘုရား။

ဘဝေါ- ရှင်လူလောကသဘောကျအောင်ဟောပြတော့မည် စိတ်ကရည်လျှက် ကြံစီလျှက်သာ ကရုဏာရှေ့ထား ကျေးဇူးတော်ရှင် ဆရာတော် အရှင်မြတ်ဘုရားသည်

နော အမှာကံ-အရှင်ဘုရားမျက်မှောက် လာရောက်နာကြား တပည့်တော်တပည့်တော်မတို့၏။

မုတ္တိယာ- လောဘ ဒေါသ မောဟကိုခွါ
အိုနာသေ ဝဋ်အတွင်းမှ လွတ်ကင်းဖို့ရန်အလို့ငှါ

တံဓမ္မံ -မလျှော့လွန်းမတင်းလွန်းအစွန်းနှစ်ဖက်လွတ် ဆင်းရဲဝဋ်ချုပ်ငြိမ်းရေး အသိဉာဏ်ပေးဟောဖော်မြင့်မြတ်သော တရားဒေသနာတော်ကို။

နော အမှာကံ-ဝါသနာဘာဂိယမကဘဲသာ ဝေနေယျစာရင်း သွတ်သွင်းရန်မျှော်ဘုရားတပည့်တော်တပည့်တော်မတို့အား။

ဒေသေတု-ကရုဏာရှေ့ထားမေတ္တာအားဖြင့် စကားချိုမြမလိုရအောင်ဆိုသမျှစကားတရားဖြစ်စေလှစ်ချွေမြွတ်ဖော် ဟောကြာတော်မူပါ့ ကျေးဇူးတော်ရင်ဆရာတော်သခင်အရှင်သူမြတ်ကြီးဘုရား.........။

တဆင့်ဖြန့်ဝေသူ
                တက္ကသိုလ်စာသင်သား