နာမည်ကျော် တရားတောင်း
ဘဂဝါ ဇိန ဝါဂီသာ ၊
ဘာသာယ သာရဝလ္လိယာ။
ဣမံ လောက မုပါကာသိ ၊
တံနော ဒေသေတု မုတ္တိယာ။
ဝါဂီသာ -စကားအရာ ပျားပမာသို့ နားမှာချိုမြ မလိုရအောင် ဆိုသမျှစကား တရားဖြစ်စေ ခွဲဝေချိန်ဆ ဝါစာစိန္တေယျဂုဏ်တော်ရှိတော်မူသော။
ဇိန-အာဠာဝက ဗကဗြဟ္မာ နာဠာဂီရိ စသည့်များစွာ ပွဲတကာတို့၌ အမြဲသာအနိုင်ယူ အောင်တော်မူ အညွန့်ဖူးတို့ဖြင့်ကွန်မြူးပေထ အို ကျေးဇူးတော်ရင် ရှင်တော်မြတ်ဘုရား။
ဘဂဝါ-ရှုမျှော်လို့မဆုံး တစ်ကိုယ်တော်လုံးကျက်သရေ
လက္ခဏာတော်တွေ မှုန်းခြယ်သည့် ဘုန်းကြွယ်ထွဋ်ထား ရှင်တော်မြတ်ဘုရားသည်။
ဝါဂီသဝါဂီသော- စကားဝါကျ အကွက်လှအောင် မြတ်ဟာညွှန်ကြားစကားနိုင်နင်း ပြိုင်ဘက်ကင်းတော်မူသည်ဖြစ်၍။
သာရဝလ္လိယာ-ချိုအေးစိမ့်အီ အဆီရွှန်းဆိုအကာကိုဖယ် ဓိပ္ပါယ်သဒ္ဓါထသဖြင့် သဘာဝအတိ အနှစ်သာရ ရှိပေထသော။
ဘာသာယ- မလျော့လွန်း မတင်းလွန်း အစွန်းနှစ်ဖက်လွတ် ဆင်းရဲဝဋ် ချုပ်ငြိမ်းရေး အသိဉာဏ်ပေး ဟောဖော်
မြင့်မြတ်သော တရားတော် စကားတော်တို့ဖြင့်။
ဣမံလောကံ-ဗြဟ္မာနတ်လူ ကမ္ဘာသူကမ္ဘာသား အောက်တန်းစားမကျန်ရ ရှိသမျှအသီးသီး ဤသတ္တလောကကြီးကို။
ဥပါကာသိ- တစ်ထောင်ငါးရာ ကိလေသာတွေ ချွတ်လွဲလျှက် ဝဋ်ထဲမှကယ်တင် တကယ်အမြ င်အသိပေါက်ဖော် ထိရောက်ပါစေ မလွတ်တမ်း အကျိုးပြုတော်မူနိုင်ခဲ့ပေပြီဘုရား။
ဘန္တေ- ရှင်လူလောက သဘောကျအောင် ဟောပြသွန်သင်ဆရာတော် အရှင်သူမြတ်ဘုရား။
ဘဝေါ- ရှင်လူလောကသဘောကျအောင်ဟောပြတော့မည် စိတ်ကရည်လျှက် ကြံစီလျှက်သာ ကရုဏာရှေ့ထား ကျေးဇူးတော်ရှင် ဆရာတော် အရှင်မြတ်ဘုရားသည်
နော အမှာကံ-အရှင်ဘုရားမျက်မှောက် လာရောက်နာကြား တပည့်တော်တပည့်တော်မတို့၏။
မုတ္တိယာ- လောဘ ဒေါသ မောဟကိုခွါ
အိုနာသေ ဝဋ်အတွင်းမှ လွတ်ကင်းဖို့ရန်အလို့ငှါ
တံဓမ္မံ -မလျှော့လွန်းမတင်းလွန်းအစွန်းနှစ်ဖက်လွတ် ဆင်းရဲဝဋ်ချုပ်ငြိမ်းရေး အသိဉာဏ်ပေးဟောဖော်မြင့်မြတ်သော တရားဒေသနာတော်ကို။
နော အမှာကံ-ဝါသနာဘာဂိယမကဘဲသာ ဝေနေယျစာရင်း သွတ်သွင်းရန်မျှော်ဘုရားတပည့်တော်တပည့်တော်မတို့အား။
ဒေသေတု-ကရုဏာရှေ့ထားမေတ္တာအားဖြင့် စကားချိုမြမလိုရအောင်ဆိုသမျှစကားတရားဖြစ်စေလှစ်ချွေမြွတ်ဖော် ဟောကြာတော်မူပါ့ ကျေးဇူးတော်ရင်ဆရာတော်သခင်အရှင်သူမြတ်ကြီးဘုရား.........။
တဆင့်ဖြန့်ဝေသူ
တက္ကသိုလ်စာသင်သား
No comments:
Post a Comment