Monday, April 2, 2018

အမှားဝင်္ကပါရှင်၏ နောင်တမျက်ရည် (သို့မဟုတ်) နောင်တမျက်ရည် ကြွေမှာစိုးတယ် တရားတော်

အမှားဝင်္ကပါရှင်၏ နောင်တမျက်ရည်
(သို့မဟုတ်)
နောင်တမျက်ရည် ကြွေမှာစိုးတယ်
တရားတော်
****************
မိလိန္ဒပါဠိတော်၊ ဓမ္မပဒအဋ္ဌကထာ၊
ဇာတကအဋ္ဌကထာ-တို့ပါတဲ့
အမှားဝင်္ကပါရှင်ကြီး အရှင်​​ဒေဝဒတ်​ရဲ့ ​နောက်​တမျက်​ရည်​အဖြစ်​ မြတ်စွာဘုရားကို စိတ်​ထဲက​​နေ ရှိခိုးပူ​ဇော်
သီကျူးခဲ့တဲ့ ဂါထာ​တော်​နဲ့အတူ
အမှားဝင်္ကပါရှင်ကြီး အရှင်​​ဒေဝဒတ်​ရဲ့ ဘဝဇာတ်​လမ်း တန်​ဆာဆင်​ကာ ​ဟောကြားအပ်​​သော
*******
အမှားဝင်္ကပါရှင်၏ နောင်တမျက်ရည်
(သို့မဟုတ်)
နောင်တမျက်ရည် ကြွေမှာစိုးတယ်
တရားတော်
*********
ဣမေဟိ အဋ္ဌီဟိ တမဂ္ဂပုဂ္ဂလံ,
ဒေဝါတိဒေဝံ နရဒမ္မသာရထိံ၊
သမန္တစက္ခုံ သတပုညလက္ခဏံ,
ပါဏေဟိ ဗုဒ္ဓံ သရဏံ ဥပေမိ။

အဂ္ဂပုဂ္ဂလံ - တစ်ကမ္ဘာလုံးတွင် အသာဆုံးပုဂ္ဂိုလ်လည်း ဖြစ်တော်မူပေထသော။
ဒေ၀ါတိဒေ၀ံ - နတ်အပေါင်းတို့၏ ဦးခေါင်းညွတ်လျှိုး ခိုကိုးရာအစစ် နတ်မင်းလည်း ဖြစ်တော်မူပေထသော။
နရဒမ္မသာရထိံ - ဆုံးမရန်ကြုံ များဗိုလ်ပုံကို စုံလင်စွာ သင်ပေးလျက် ယဉ်ကျေးအောင်ဆုံလည်း မတော်မူပေထသော ။
သမန္တစက္ခုံ - ကြွင်းမဲ့ဥဿုံ အလုံးစုံကို အကုန်သိမြင် သဗ္ဗညုဥာဏ်ရှင်လည်း ဖြစ်တော်မူပေထသော ။
သတပုညလက္ခဏံ - ရာပေါင်းများစွာ ဘုန်းသမ္ဘာကြောင့် ကောင်းစွာမြင့်ကြွယ် တင့်တယ်သော လက္ခဏာတော်လည်း ရှိတော်မူပေထသော။
တံဗုဒ္ဓံ - တု၍မနိုင် ပြိုင်၍မရ ကမ္ဘာ့ထိပ်ခေါင် ထိုနောင်တော် မြတ်ဘုရားကို ။
ဣမေဟိ အဋ္ဌီဟိ - အသားတွေပျောက် အရေခြောက်သဖြင့် မျက်မှောက်ထင်စွာ ဤသုံးရာသော အရိုးတို့ဖြင့် လည်းကောင်း။
ဣမေဟိ ပါဏေဟိ - မငြိမ်လှုပ်လှက် ချုပ်ပျက်ခါနီးဖြစ်သော ဤအသက်တို့ဖြင့်လည်းကောင်း ။
သရဏံ - ဦးတင်ကျန ဖူးချင်လှလည်း မရတော့ပါ ကိုးကွယ်ရာဟူ၍ သာလျှင် ။
ဥပေမိ-ဂတောသ္မိ - အပြစ်ရှိသမျှ သတိရသဖြင့် အာမ၀န္တံ အကုန်ခံ၍ အတန်တန်ဆည်းကပ်ခဲ့ပါသည်ဘုရား။

မိလိန္ဒ။၁၁၆။
ဓံ။ဋ္ဌ။၉၅။
ဇာ။ဋ္ဌ။၎။၁၆၁။
နိသျ-ဘာသာဋီကာဆရာတော်
{{တက္ကသိုလ်စာသင်သား (28:3:2014)ရေးသားသည်}}

                    29:3:2018/12:25PM
                      တက္ကသိုလ်စာသင်သား

No comments:

Post a Comment