တရားသိမ်း မေတ္တာပို့ဂါထာ
********
ဘိဇ္ဇန္တု နိမိတ္တာ နိဋ္ဌာ၊
သဒ္ဒါဂဟာဝ မင်္ဂလာ။
သမ္မာယန္တု ဝေါ ဣဋ္ဌာဝ၊
ရတနာနုဘာဝ ထမ္ဘိတာ။
သုသုပန္တု သုဝုဋ္ဌန္တု ၊
သုခန္တု ဒေဝပါလိတာ။
ရတနာနုဘာဝ ထမ္ဘိတာ-ဘုရားတရားသံဃာအားဖြင့် သုံပါးမြတ်စွာ ရတနာတာ်၏ စွမ်းပကားက ထူးခြားစွာ ထောက်ပံ့အပ်ကုန်သည်ဖြစ်၍။
အနိဋ္ဌာနိမိတ္တာ -ထွေလာသောင်းပြောင်း မကောင်းသော နိမိတ်အပေါင်းတို့သည်လည်းကောင်း။
အနိဋ္ဌာသဒ္ဒါ-မကောင်းကျိုးကို အဖန်ဖန်ပေးတတ်သော အသံဆိုးအမျိုးမျိုးတို့သည်လည်းကောင်း။
အနိဋ္ဌာ ဂဟာဝ-စီးကြနင်းကြ ပါပဂြိုဟ်ဆိုး အမျိုးမျိုးသော ဂြိုဟ်အပေါင်း နက္ခတ်အပေါင်းတို့သည်လည်းကောင်း။
အနိဋ္ဌာ အဝမင်္ဂလာ- စိတ်ကိုညစ်နွမ်းစေလျက် လူကိုမူအောင်ဝေအောင် နှလုံးတုံ ရင်မောအောင် ပြုတတ်သော မချမ်းမြေ့စရာ အမင်္ဂလာ အပေါင်း မကောင်းဟူသမျှတို့သည်လည်းကောင်း။
ဘိဇ္ဇန္တု - မိမိထံမှောက် မကျရောက်ဘဲ အဝေးကပင် ပျောက်ကြပျက်ကြ ကင်စင်ပကြပါစေကုန်သတည်း။
ဝေါ-ဗုဒ္ဓမြတ်စွာ သာသနာကို ယုံကြည်အားထား ဆည်းကပ်ကြကုန်သော သင်ဒါယကာ ဒါယိကာမအပေါင်း သူတော်ကောင်းတို့အား။
ဣဋ္ဌာဝ-နိမိတ်ကောင်းကောင်း အသံကောင်းနှင့် ဂြိုဟ်ကောင်းရွှင်စရာ အကောင်းဟူသမျှတို့သည်သာ။
သမ္မာယန္တု-ကောင်းစွာမသွေ ပေါင်းစုဝေး၍ ဆိုက်လာ ရောက်လာကြပါစေကုန်သတည်း။
သုသုပန္တု -အိပ်မက်ယာမက် ကောင်းစွာမက်လျက် နှစ်သက်ကြည်သာ အိပ်စက်နိုင်ကြပါစေကုန်သတည်း။
သုသုပန္တု -ရာထူးဂုဏ်သိန် စည်းစိမ်တန်ခိုး တိုးဖို့အကြောင်း အကောင်းအိပ်မက်ဖြင့် နှစ်သက်ရွှင်ပြ အိပ်စက်နိုင်ကြပါစေကုန်သတည်း။
သုဝုဋ္ဌန္တု-ကြည်ကြည်လင်လင် ရွှရွှင်ပြပြ အိပ်ရေးဝကာ နိုးထနိုင်ကြပါစေကုန်သတည်း။
သုဝုဋ္ဌန္တု-မင်္ဂလာကျက်သရေ ယှက်ဝေလန်းသဖြင့် စန်းပွင့်ကြကုန်ဖြစ်၍ ကောင်စွာမိုးသောက် အလင်းရောက်လျက် ထမြောက်နိုးကြားနိုင်ကြပါစေကုန်သတည်း။
ဒေဝပါလိတာ-သမ္မာဒေဝ မည်နာမဖြင့် ထင်ရှားကျော်ကြား နတ်အများတို့သည် လေ့စားမပြတ် စောင့်ရှောင်အပ်ကုန်သည်ဖြစ်၍ ။
ဒေဝပါလိတာ-ကိုယ်စောင့်အိမ်စောင့် မြို့ရွာစောင့်နှင့် ကျောင်းစောင့်တစ်ဖြာ အကာသဋ္ဌ ဘုမ္မရုက္ခာ အစဖြာသည်
သမ္မာဒေဝ မည်နာမဖြင့် ထင်ရှားကျော်ကြား နတ်အများတို့သည် လေ့စားမပြတ် စောင့်ရှောင်အပ်ကုန်သည်ဖြစ်၍ ။
သုခန္တု-ကျက်သရေဖြိုး စည်းစိမ်တိုးလျက် ကိုယ်စိတ်နှစ်ဖြာ လိုဣစ္ဆာတို့ ပြည့်ကာကြွယ်ဝ အချမ်းသာကြီး ချမ်းသာ ကြပါစေကုန်သတည်း။
သုခန္တု- ပစ္စုပ္ပန် တမလွန် နှစ်တန်ဘဝ ချမ်းသာစေကြောင်း တရာျးပါင်းကို နာယူမှတ်သား ကျင့်ကြံပွား၍ မဂ်ဖိုလ်နိဗ္ဗာန် ချမ်းသာမှန်ဖြင့်
အချမ်းသာကြီး ချမ်းသာကြပါစေကုန်သတည်း။
{{သပြေကန်ဆရာတော် အရှင်ဝါသေဋ္ဌာဘိဝံသ၏ နိသျ, ဘာသာဋီကာဆရာတော်၏နိသျတို့နှင့်အညီ သင့်တော်ရာ အနက်ဆန်များထည့်စွပ်၍ အနက်ပေးထားသည်}}
10:4:2018/9:50AM
တက္ကသိုလ်စာသင်သား
No comments:
Post a Comment