Tuesday, February 7, 2017

တက္ကသိုလ်စာသင်သား၏ (၂၃)ပုဒ်မြောက် လက်ရာလေးပါ

တက္ကသိုလ်စာသင်သား၏ (၂၃)ပုဒ်မြောက်
လက်ရာလေးပါ

( နောင်တော်တစ်ပါး၏ မဟာဓမ္မာစရိယ(M.A)စာတမ်း၌ မှတ်တမ်းတင် ဖော်ပြခြင်း ခံရသော ဂါထာလေးကို
အလိုရှိသော ညီတော်နောင်တော်များနှင့် မိတ်ဆွေများ လိုသလို အသုံးပြုနိုင်ရန် ပြန်လည်မျှဝေလိုက်ပါတယ်)
ရတနာသုံးပါးနှင့် ဆရာများကိုရှိခိုးတာ ဖြစ်တဲ့အတွက် အရှင်များအတွက် အသုံးတည့်နိုင်ပါတယ်
*************

ပဏာမနှင့် ပဋိညာဉ်
♡♡♡♡♡♡
ဗုဒ္ဓံ ဓမ္မဉ္စ သံဃဉ္စ , အာစေရံ သာဒရံ ဝန္ဒေ ၊
မနုဿာနံ ဟိတတ္ထာယ , ကရိဿာမိ ဣမံ ဂန္ထံ ။
++++++++++++++++++++++++++
(အယံ ဂါထာ နာမ ဝတ္တဂါထာ ၊ ဆန္ဒောနာမ အနုဋ္ဌုဘဆန္ဒော။)
*********
ဗုဒ္ဓံ -သစ္စာလေးပါး, မြတ်တရားကို, ကိုယ်တိုင်သိလျက်, ဝေနေများစွာ, သတ္တဝါတို့ကို, မိမိအတူ, သိစေတော်မူတတ်, ဂုဏ်သကတ်ကြောင့် ``ဗုဒ္ဓ မည်ငြား" မြတ်ဘုရားကို လည်းကောင်း။

ဓမ္မဉ္စ -မဂ်ဖိုလ်နိဗ္ဗာန်, ဓမ္မက္ခန်ဟု ဆယ်တန်ထင်ပေါ် တရားတော်မြတ်ကိုလည်းကောင်း။

သံဃဉ္စ -မဂ္ဂဋ္ဌာန်လေးပါး, ဖလဋ္ဌာန်လေးပါး, ရှစ်ပါးအရိယာ, မြတ်သံဃာနှင့်, ယခုရှိကြသမ္မုတိဟု, များစွာစုပေါင်း, သံဃာတော်အပေါင်းကိုလည်းကောင်း။

အာစေရံ စ -လောကီလောကုတ်, နှစ်လီတိုးပွား, အကျိုးများဖို့, သွန်သင်ဆုံးမ လမ်းညွှန်းပြသည့်, ``သင်ဆရာ မြင်ဆရာ ကြားဆရာ'"ဟုဆိုအပ်သော, ဆရာထေရ်အပေါင်းကိုလည်းကောင်း။

အဟံ -ရတနာသုံးဖြာ, ထေရ်ဆရာတို့, သွန်သင်ဆုံးမ, ဩဝါဒကို, ကြားရရွှင်ပျော်, (ပဏ္ဍိတ)မည်ခေါ်, ဘုရာတပည့်တော်သည်။

သာဒရံ -လေးမြတ်ကြည်ညို, ရိုသေခြင်းရှိသည်ဖြစ်၍။

ဝန္ဒေ-ဝန္ဒာမိ-ရှိခိုးကန်တော့ပါ၏ဘုရား။

မနုဿာနံ -ရတနာသုံးတန်,ကံနှင့်ကံကျိုး,ဤငါးမျိုးကို, မြတ်နိုးသက်ဝင်, ယုံကြည်ခြင်း ရှိကြကုန်သော, များဗိုလ်လူတို့၏။

ဟိတတ္ထာယ -မကောင်းမှုရှောင်,ကောင်းမှုဆောင်၍, ဖြူအောင်စိတ်ထား,လွန်တိုးပွားလျက်, အကျိုးစီးပွား, ဖြစ်ထွန်းစိမ့်သောငှာ။

ဣမံ ဂန္ထံ -(မဃဒေဝလင်္ကာသစ် ပုတ္တောဝါဒခန်းလာ ကံနှင့်ဆိုင်ရာအဖွင့်များကို အကျယ်ဖွင့်ဆိုခြင်း)အမည်ရှိသော, ဤကျမ်းစာကို။

အဟံ  -ဘုရားတပည့်တော်သည်။

ကရိဿာမိ -ရေးသားပြုစု, စီရင်ပါတော့အံ့။

******
                                                      တက္ကသိုလ်စာသင်သား
                                          သာသာနာ့တက္ကသိုလ်၊ မန္တလေး။
           (1;9;2014 )၁၃၇၆ခုနှစ်,တော်သလင်းလဆန်း(၈)ရက်။
                                     တနင်္လာနေ့ ည(၁၀)နာရီပြီးစီးသည်း။


No comments:

Post a Comment