တက္ကသိုလ်စာသင်သား၏ (၂၈)ပုဒ်မြောက်
လက်ရာလေးပါ
အရင်ဖေ့ဘုတ်အကောင့်ပျက်သွားလို့ ပြန်တင်လိုက်ခြင်းပါ
Friday, April 22, 2016
(သာမဏေရဂုဏပူဇာထုတိဂါထာ)
ခုနစ်ဘွဲ့ရသာမဏေကျော် ရှင်စန္ဒဇောတီလင်္ကာရ၏
ဂုဏပူဇာပွဲအတွက် တက္ကသိုလ်စာသင်သား
ရေးသားပူဇော်အပ်သော
(သာမဏေရဂုဏပူဇာထုတိဂါထာ)
+++++++++++
ရတ္တိံ စန္ဒော အလင်္ကာရော၊
အာဒိစ္စောဝ ဒိဝါ ယထာ ။
အလင်္ကာရဂုဏာ ဧဝံ ၊
သာမဏေရာ စ သဗ္ဗဒါ ။
စန္ဒော=မသာလျှင်ဆွေး, သာလျှင်အေးရ, ကမ္ဘာ့တန်ဆာ, လစန္ဒာသည်၊
ရတ္တိံဝ=ဆီနှင်း-မြူတိမ်,သူရိမ်-မီခိုး, ညစ်မျိုးကင်ပ, ညဥ့်အခါ၌သာ။
အလင်္ကာရော=အရောင်ထွန်းလင်း, တန်ဆာဆင်တတ်သည်၊
ဟောတိယထာ=ဖြစ်သကဲ့သို့လည်းကောင်း၊
အာဒိစ္စော=ရောင်ခြည်တစ်ထောင်, အလင်းဆောင်သည့် ရှင်နေမင်းသည်၊
ဒိဝါဝ=လူသူအများ ကိုယ့်စီပွားအတွက်, လှုပ်ရှားသွားလာ, နေအခါ၌သာ၊
အလင်္ကာရော=အရောင်ထွန်းလင်း, တန်ဆာဆင်တတ်သည်၊
ဟောတိယထာ=ဖြစ်သကဲ့သို့လည်းကောင်း၊
ဧဝံတထာ=နေ-လ-ပမာ, နှိုင်းယှဉ်ဖွယ်ရာ, ဤအတူသာလျှင်၊
အလင်္ကာရဂုဏာ=အလင်္ကာရ, သာမဏေကျော်, ဘွဲ့ထူး ရရှိကြကုန်သော။
အလင်္ကာရဂုဏာ=ဝိနည်းငါးကျမ်း,အင်္ဂုတ္တိုရ်(၁၁)ကျမ်း, ဓမ္မပဒ, ကျမ်းတော်များနှင့်, ဖွင့်လာ-ဋ္ဌကထာ, ဋီကာသရုပ်, သင်္ဂြိုဟ်-သဒ္ဒါ, ကျမ်းဖြာဖြာကို, ထေရ်ဆရာနည်းကျ, မမှာရအောင်, ဖြေဆိုအောင်မြင်, အလင်္ကာရ, ဘွဲ့ထူးအရှင်, ဖြစ်တော်မူကြကုန်သော၊
သာမဏေရာစ=သဒ္ဓါသတိ, ဝီရိယပညာ, နှိုင်းချိန်ကာဖြင့်, ကြိုးစားမပျက်, အားခွန်ဆက်သည့်, (သာမဏေကျော်,ခုနစ်ဘွဲ့ရ,ရှင်စန္ဒဇောတီလင်္ကာရဟု စသည်ကျော်ကြား) သာမဏေကျော်, အရှင်မြတ်တို့သည်လည်း၊
သဗ္ဗဒါ=နေရောညပါ, အချိန်ရှိတိုင်း, ခပ်သိမ်းသော, ကာလတိုင်းမှာ၊
အလင်္ကာရာ=ပဋိဝေဒ, သာသနာထင်ပေါ်, အံ့ဖွယ်ရှစ်ဖြာ, သာသနာတော်ကို, ပရိယတ္တိတာဝန်, ပဋိပတ္တိတာဝန်တို့ဖြင့်,
ထွန်းလင်းတောင်ပအောင်, တန်ဆာဆင်နိုင်ကြပါ, ပေကုန်သည်တကား။
(အယံဂါထာနာမ ပထျာဝတ္တရစနသာမဏေရဂုဏထုတိဂါထာ၊
ဆန္ဒောနာမ အနုဋ္ဌုဘဆန္ဒော။)
ရေးသားပူဇော်သူ - တက္ကသိုလ်စာသင်သား
ရွတ်ဖက်ပူဇော်သူ -အရှင်နာယက(ဒီပဲရင်း)
(ဇာတိရောက်နေစဉ် သူငယ်ချင်း၏ တိုက်တွန်း
ခိုင်းစေချက်ဖြင့် နံနက်(၇)နာရီမှစတင်ရေးသားခဲ့ရာ
နံနက် (၉)ရီအချိန်တွင် အချောသက် ရေးသာပြီးဆုံးပါသည်၊
ပုလဲသွယ်ဂါထာ ရေးသားရန် စိတ်ကူးမိသော်လည်း
မှီခိုရာ ကျမ်းစာအုပ် မပါခဲ့သောကြောင့် ဆရာအရှင်မြတ်များ ပို့ချခဲ့သော နည်းစနစ်များကို စဉ်စား၍ ပထျာဝတ္တဂုဏပူဇာထုတိဂါထာမျှလောက်ကို
ရေးသားပူဇော်ပေးခြင်းဖြစ်ပါသည်အရှင်ဘုရား)
တက္ကသိုလ်စာသင်သား
သာသနာ့တက္ကသိုလ်၊မန္တလေး။
23;4;2016,
၁၃၇၈ခုနှစ်,တန်ခူးလပြည့်ကျော်(၁)ရက်,
စနေနေ့နံနက်(၉)နာရီပြီးစီးသည်
No comments:
Post a Comment