Monday, February 13, 2017

အဖေ့မေတ္တာ အဖေသာ သိနိုင်မယ်

အဖေမေတ္တာ အဖေသာ သိနိုင်

♡♡♡♡♡


``အဖေ''တဲ့ 

အခေါ်မခက်ပါဘူး

အပျော်အတွက်တော့

ပြောမထွက်တဲ့ စကားပေါ့ --။


တွေ့ရာမြင်ရာ အမေခေါ်ကြပေမဲ့

တွေ့ရာမြင်ရာ အဖေမခေါ်ကြတာတော့

အဖေ့ ဂုဏ်ရည် ပြိုင်ဘက်ကင်းနေဆဲပေါ့

အဖသက်မည် သန္ဓေသားကို

ဖြတ်ချပစ်မည့် အမေ့အကြံ

အဖေကိုယ်တိုက်တားရသတဲ့ --။


အဖေမေတ္တာ အစစ်အမှန်အမှန်ကို

အမေကိုယ်တိုင်တောင် မသိနိုင်ခဲ့တဲ့

အဇာတသတ် ဇာတ်လမ်းက ထင်ရှားခဲ့ပေါ့--။


အဖသတ်သမားကြီး အဇာတသတ်

အဖေဖြစ်မှ အဖမေတ္တာသိသတဲ့ --။


သားသ္မီးတစ်ယောက် ဖြစ်နေခိုက်

မမြင်နိုင်တဲ့ အဖမေတ္တာတွေကို

သာကိုယ်တိုင် အဖေဖြစ်မှပဲ

တွေးတောက ရေးနိုင်တော့မှာပေါ့--။


အဖေ့မေတ္တာ အဖေသာ သိနိုင်မည်ဖြစ်၍

ထို့ကြောင့်-----အဖေဖြစ်မှ ရေးတော့မည်။


                                             တက္ကသိုဘ်စာသင်သား

                                   သာသနာ့တက္ကသိုလ်၊ မန္တလေး။

                    (8:2:2017-ဗုဒ္ဓဟူနေ့ည-၈နာရီရေးသည်)


No comments:

Post a Comment