တက္ကသိုလ်စာသင်သား၏ (၂၄)ပုဒ်မြောက်
လက်ရာလေးပါ
( နောင်တော်တစ်ပါး၏ မဟာဓမ္မာစရိယ(M.A)စာတမ်း၌ မှတ်တမ်းတင် ဖော်ပြခြင်း ခံရသော ဂါထာလေးကို
အလိုရှိသူများ လိုသလို အသုံးပြုနိုင်ရန် ပြန်လည်မျှဝေလိုက်ပါတယ်)
*************
ကျမ်းပြီးနိဂုံးဆုတောင်းပတ္ထနာဂါထာ
♡♡♡♡♡♡
လိခိတော နိဋ္ဌိတော ဂန္တော, ဣမိနာ ပုညကမ္မေန၊
သဗ္ဗသိပ္ပေန သမ္ပန္နော, သီဃံ ပပ္ပေါမိ နိဗ္ဗာနံ။
သံသာရေ သံသရန္တော စ, ဘဝါဘဝေ သတံ သေဝေ၊
သီဃဉာဏော မဟာပညော, ပုရိသောဝ သဒါ ဘဝေ။
++++++++++++++++++++++++++
( ဝတ္တဂါထာ ၊ အနုဋ္ဌုဘဆန်း)
*********
မယာ - သာသနာ့တက္ကသီလ, (မဟာ)ဓမ္မာစရိယ, ဘွဲ့ထူးယူရန်, ရည်စိတ်သန်၍, ကျမ်းများကြည့်ရှု့, ကျမ်းစာပြု၍နေသော (ပဏ္ဍိတ)မည်ခေါ်, ဘုရားတပည့်တော်သည်။
လိခိတော -ဘုရားဟောကြား, မြတ်တရားနှင့်, လျောစွာညီအောင်, သတိဆောင်၍, ရေးသားအပ်သော။
ဂန္တော - (မဃဒေဝလင်္ကာသစ် ပုတ္တောဝါဒခန်းလာ ကံနှင့်ဆိုင်ရာအဖွင့်များကို အကျယ်ဖွင့်ဆိုခြင်း) အမည်ရှိသော ကျမ်းစာသည်။
နိဋ္ဌိတော -ကျမ်းပြီးနိဂုံး, အဆုံးသတ်အပ်ပါပြီ။
ဣမိနာ ပုညကမ္မေန - (မဃဒေဝလင်္ကာသစ် ပုတ္တောဝါဒခန်းလာ ကံနှင့်ဆိုင်ရာအဖွင့်များကို အကျယ်ဖွင့်ဆိုခြင်း)အမည်ရှိသော ကျမ်းကို ရေးသားတင်ပြ ရသော ဤကောင်းမှု ကုသိုလ်ကံစေတနာကြောင့်။
သဗ္ဗသိပ္ပေန -လုံးစုံးများစွာ, တတ်ပညာနှင့်။
သမ္ပန္နော -လုံးဝဥဿုံ, ပြီးပြည့်စုံသည်ဖြစ်၍။
သီဃံ -လွယ်ကူသောအကျင့်, လျင်မြန်သောအသိဉာဏ်, ရည်သန်သော ဆန္ဒဖြင့် လျင်မြန်စွာ။
နိဗ္ဗာနံ-နိဗ္ဗာန်သို့။
ပပ္ပေါမိ -ရောက်ရပါလို့၏။
စ -ကြွင်းကျန်ဆုတောင်း, ဆုမွန်ကောင်းကို,ဆိုဦးအံ့။
သံသာရေ -သံသရာ၌။
သံသရန္တော -တပြောင်းပြန်ပြန်, ကျင်လည်ရသည်ရှိသော်။
ဘဝါဘဝေ -ဘဝကြီးငယ်, အသွယ်သွယ်၌။
သတံ -သန္တာနံ-ဘုရားအစရှိသော, သူတော်ကောင်းတို့ကို။
သေဝေ-သေဝါမိ -မှီဝဲဆည်းကပ်ရပါလို၏။
သီဃဉာဏော -လျင်မြန်သော, ဉာဏ်အမြင်ရှိသော။
မဟာပညော-ကြီးသောပညာရှိသော။
ပုရိသောဝ-ယောကျ်ားစစ်စစ်သည်သာ။
သဒါ-ဘဝမချိန်,အခါခပ်သိမ်း။
ဘဝေ-ဘဝါမိ -ဖြစ်ရပါလို၏။
******
တက္ကသိုလ်စာသင်သား
သာသာနာ့တက္ကသိုလ်၊ မန္တလေး။ (4;9;2014 )၁၃၇၆ခုနှစ်,တော်သလင်းလဆန်း(11)ရက်။
ဗုဒ္ဓဟူးနေ့ ညနေ(၅)နာရီပြီးစီးသည်း။
တကၠသုိလ္စာသင္သား၏ (၂၄)ပုဒ္ေျမာက္
လက္ရာေလးပါ
( ေနာင္ေတာ္တစ္ပါး၏ မဟာဓမၼာစရိယ(M.A)စာတမ္း၌ မွတ္တမ္းတင္ ေဖာ္ျပျခင္း ခံရေသာ ဂါထာေလးကို
အလိုရွိသူမ်ား လိုသလို အသုံးျပဳႏိုင္ရန္ ျပန္လည္မၽွေဝလိုက္ပါတယ္)
*************
က်မ္းၿပီးနိဂုံးဆုေတာင္းပတၳနာဂါထာ
♡♡♡♡♡♡
လိခိေတာ နိ႒ိေတာ ဂေႏၲာ, ဣမိနာ ပုညကေမၼန၊
သဗၺသိေပၸန သမၸေႏၷာ, သီဃံ ပေပၸါမိ နိဗၺာနံ။
သံသာေရ သံသရေႏၲာ စ, ဘဝါဘေဝ သတံ ေသေဝ၊
သီဃဉာေဏာ မဟာပေညာ, ပုရိေသာဝ သဒါ ဘေဝ။
++++++++++++++++++++++++++
( ဝတၱဂါထာ ၊ အႏု႒ဳဘဆန္း)
*********
မယာ - သာသနာ့တကၠသီလ, (မဟာ)ဓမၼာစရိယ, ဘြဲ႕ထူးယူရန္, ရည္စိတ္သန္၍, က်မ္းမ်ားၾကည့္ရႈ႕, က်မ္းစာျပဳ၍ေနေသာ (ပ႑ိတ)မည္ေခၚ, ဘုရားတပည့္ေတာ္သည္။
လိခိေတာ -ဘုရားေဟာၾကား, ျမတ္တရားႏွင့္, ေလ်ာစြာညီေအာင္, သတိေဆာင္၍, ေရးသားအပ္ေသာ။
ဂေႏၲာ - (မဃေဒဝလကၤာသစ္ ပုေတၱာဝါဒခန္းလာ ကံႏွင့္ဆိုင္ရာအဖြင့္မ်ားကို အက်ယ္ဖြင့္ဆိုျခင္း) အမည္ရွိေသာ က်မ္းစာသည္။
နိ႒ိေတာ -က်မ္းၿပီးနိဂုံး, အဆုံးသတ္အပ္ပါၿပီ။
ဣမိနာ ပုညကေမၼန - (မဃေဒဝလကၤာသစ္ ပုေတၱာဝါဒခန္းလာ ကံႏွင့္ဆိုင္ရာအဖြင့္မ်ားကို အက်ယ္ဖြင့္ဆိုျခင္း)အမည္ရွိေသာ က်မ္းကို ေရးသားတင္ျပ ရေသာ ဤေကာင္းမႈ ကုသိုလ္ကံေစတနာေၾကာင့္။
သဗၺသိေပၸန -လုံးစုံးမ်ားစြာ, တတ္ပညာႏွင့္။
သမၸေႏၷာ -လုံးဝဥႆုံ, ၿပီးျပည့္စုံသည္ျဖစ္၍။
သီဃံ -လြယ္ကူေသာအက်င့္, လ်င္ျမန္ေသာအသိဉာဏ္, ရည္သန္ေသာ ဆႏၵျဖင့္ လ်င္ျမန္စြာ။
နိဗၺာနံ-နိဗၺာန္သို႔။
ပေပၸါမိ -ေရာက္ရပါလို႔၏။
စ -ႂကြင္းက်န္ဆုေတာင္း, ဆုမြန္ေကာင္းကို,ဆိုဦးအံ့။
သံသာေရ -သံသရာ၌။
သံသရေႏၲာ -တေျပာင္းျပန္ျပန္, က်င္လည္ရသည္ရွိေသာ္။
ဘဝါဘေဝ -ဘဝႀကီးငယ္, အသြယ္သြယ္၌။
သတံ -သႏၲာနံ-ဘုရားအစရွိေသာ, သူေတာ္ေကာင္းတို႔ကို။
ေသေဝ-ေသဝါမိ -မွီဝဲဆည္းကပ္ရပါလို၏။
သီဃဉာေဏာ -လ်င္ျမန္ေသာ, ဉာဏ္အျမင္ရွိေသာ။
မဟာပေညာ-ႀကီးေသာပညာရွိေသာ။
ပုရိေသာဝ-ေယာက်္ားစစ္စစ္သည္သာ။
သဒါ-ဘဝမခ်ိန္,အခါခပ္သိမ္း။
ဘေဝ-ဘဝါမိ -ျဖစ္ရပါလို၏။
******
တကၠသုိလ္စာသင္သား
သာသာနာ့တကၠသုိလ္၊ မႏၲေလး။ (4;9;2014 )၁၃၇၆ခုႏွစ္,ေတာ္သလင္းလဆန္း(11)ရက္။
ဗုဒၶဟူးေန႔ ညေန(၅)နာရီၿပီးစီးသည္း။
No comments:
Post a Comment