Thursday, March 29, 2018

ဘုရားရှင်၏ ခမည်းတော် သုဒ္ဓေါဒနမင်းရဲ့ မွေးချင်း (၇)ယောက်

ဘုရားရှင်၏ ခမည်းတော် သုဒ္ဓေါဒနမင်းရဲ့ မွေးချင်း (၇)ယောက်
***************
သုဒ္ဓေါဒနော ဓောတောဒနော,
သက္ကသုက္ကာမိတောဒနာ၊
အမိတာ ပါလိတာ စာတိ,
ဣမေ ပဉ္စ ဣမာ ဒုဝေ။

သုဒ္ဓေါဒနော-သုဒ္ဓေါဒနမည်​​သော သာကီဝင်​မင်းသည်​ လည်း​ကောင်း​။
ဓောတောဒနော-ဓောတောဒန မည်​​သော သာကီဝင်​မင်းသည်​ လည်း​ကောင်း။
သက္ကသုက္ကာမိတောဒနာ-သ​က္ကောဒနမည်​​သော သာကီဝင်​မင်း, သု​က္ကောဒန မည်​​သော သာကီဝင်​မင်း အမိ​တောဒန
မည်​​သော သာကီဝင်​မင်းတို့သည်​ လည်း​ကောင်း။
ဣတိ-ဤသို့။
ဣမေ ပဉ္စ-ဤငါးယောက်တို့သည်။
(သကျပုတ္တာ-သာကီဝင်​မင်းတို့သည်)
ဟောန္တိ-ဖြစ်ကုန်၏။
အမိတာ-အမိတာ မည်​​သော သာကီဝင်​မင်းသ္မီးသည်လည်းကောင်း။
ပါလိတာ စ-ပါလိတာမည်​​သော သာကီဝင်​မင်းသ္မီးသည်လည်းကောင်း။
ဣတိ-ဤသို့။
ဣမာ ဒုဝေ-ဤနှစ်ယောက်တို့သည်။
(သကျပုတ္တိယာ-သာကီဝင်​မင်းတို့သည်)
ဟောန္တိ-ဖြစ်ကုန်၏။

သီဋီသစ်။၆၁။
                    30:3:2018/9:30AM
                      တက္ကသိုလ်စာသင်သား

No comments:

Post a Comment