"ဝိဇ္ဇာလယာဓိပတိမဟာထေရဿ
နာနာရဋ္ဌာနံ နဝဝဿဿ ဧကူနဝီသာဓိက
ဝီသ AD သာကဿ ဝဿ`ဂ္ဂမင်္ဂလောဝါဒ"
-------------------------------------
ဧကူနဝီသာဓိကဝီသသာကေ သင်္ကမန္တေ
နာနာရဋ္ဌာနံ နဝဝဿသမယော သကလဿ
ဒေဝမနုဿတ္ထာယ မင်္ဂလာသမယော
ဟောန္တူ´တိ ပတ္ထေမိ၊
ဝိသေသေန မရမ္မရဋ္ဌ န္တရေ
နိဿိတကာ ရဋ္ဌဝါသိကာ မင်္ဂလဓမ္မေန
သမဂ္ဂေန စရိတွာ သဗ္ဗေ ဒုက္ကရေ အတိက္က
မန္တု၊
ဗြဟ္မဒေသသံဃရဋ္ဌော ဒီဃေန
ထာဝရတိဋ္ဌတ္ထာယ ဂါဠှသန္နိဋ္ဌေနစ တိက္ခ
ဝါယမေနစ သမဂ္ဂေနစ ဒီဃဒဿီ ဟုတွာ
အာဝဟန္တူ"တိ ကထေမိ ။
ဒီဃာယုကကာယစိတ္တကလ္လသုခေန
ယထိစ္ဆိတံ ပူရေ န္တု ------။
Monday, December 31, 2018
ဝိဇ္ဇာလယာဓိပတိမဟာထေရဿ
Saturday, December 29, 2018
သီဟဠရဋ္ဌဝါသီ
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ 6.6.2006
သီဟဠရဋ္ဌဝါသီ
ရိဒိယဂမဂါမေ
သုဓမ္မာဘိဝံသထေရော
ဖားအောက်အရညဝိဟာရ
ရတနတ္တယံ သရဏံ ဟောတု
အတိဂါရဝါတိပူဇိတ ဘဒ္ဒ န္တအာစရိယသုန္ဒရမဟာထေရဿ ပါဒံ ဝန္ဒိတွာ ဣမံ လိခံ လိခါမိ။
အဟံ ဘန္တေ ဣမသိံ္မ ကာလေ ယမကဂနံ္ထ ဥဂ္ဂဏှာမိ၊ တသိံ္မ ကာလေ တယာ လိခိတံ `ရွှေညဝါ အမှတ် (၅)´နာမကံ ဧတံ ဂနံ္ထ ပဿိ၊ ဘန္တေ အမှာကံ ရဋ္ဌေ ဘဒ္ဒ န္တနန္ဒမေဓေန မဟာထေရေန ဝိရစိတယမကအဘိဓေယျတ္ထဂန္ထမေဝ ပရိဝတ္တနံ အကာသုံ။ တံ "ယမကဝါစနာမဂ္ဂေါ"နာမ ဧကဂန္ထမေဝ အတ္ထိ။ ယမကဂနံ္ထ ဥဂ္ဂဏှသိဿာနံ အညံ ဥပကာရကဂနံ္ထ နတ္ထိ။
အတိပူဇိတ ဘန္တေ သီဟဠရဋ္ဌဝါသီနံ အနုကမ္ပာယ သဒ္ဓမ္မဋ္ဌိတိယာ စ တုမှာကံ ဝိရစိတံ "ရွှေညဝါ အမှတ်(၅)"နာမကံ ဂနံ္ထ ပါဠိဘာသာယ ပရိဝတ္တေထ၊ တသိံ္မ ကာလေ အဟံ ဧတံ ဂနံ္ထ သီဟဠဘာသာယ ပရိဝတ္တနံ ကတွာ မုဒ္ဒါပေမိ၊ တံ ဓမ္မဒါနံ သန္ဓာယမေဝ မုဒ္ဒါပေမိ၊ ဧတံ ပုညံ တုမှာကံ နိဗ္ဗာနဿ ပစ္စယော ဟောတု၊
သဒေဝကလောကသတ္တာနံ သုခတ္ထာယ ဟောတု၊ အမှာကံ သီဟဠရဋ္ဌဝါသီနံ ယမကဂနံ္ထ ဖာသုယာ ဥဂ္ဂဏှိတုံ ဟောတု။
စိရံ တိဋ္ဌတု သဒ္ဓမ္မော၊
အဟံ သီဟဠရဋ္ဌဝါသီ
သုဓမ္မာဘိဝံသော ထေရော
ကျောင်းအမှတ် (၂၀၇)
စိတ္တလတောင်
ဖားအောက်တောရရိပ်သာ၊
ဖားအောက်ရွာ၊ မော်လမြိုင်မြို့နယ်
မွန်ပြည်နယ်။
................................................................
``မဆုံသောလမ်း (သို့) ကြယ်ကြွေည´´
သီဟိုဠ်နိုင်ငံ၌ အောင်မြင်ကျော်ကြားသော ပုဂ္ဂိုလ်အချို့ တို့သည် မိမိတို့၏ ဘွဲ့အမည်ရှေ့၌ ဇာတိရပ်ရွာကို ထည့်လေ့ရှိ၏။ ဥပမာအားဖြင့် သီဟိုဠ်နိုင်ငံမှ သာသန
ခေါင်းဆောင် ဆရာတော်ဦးပဏ္ဍိတကို သနယာဝါလ ဦးပဏ္ဍိတ စသည်ဖြင့် ရေးဘိသကဲ့သို့တည်း။ အရှင်သုဓမ္မာဘိဝံသ၏ ဘွဲ့တော်ရှေ့၌ ရိဒိယဂမဂါမေ.ဟု ရွာအမည်ကို ရှေ့၌ တပ်ထားသောကြောင့် ဤအရှင်သည်လည်း သီဟိုဠ်၌ အောင်မြင်သော အရှင်တစ်ပါး ဖြစ်မည်ဟူ၍ မှန်းဆမိပါ၏။
မှန်၏၊ ဤအရှင်မြတ်သည် နာမည်ကျော် ရာဟုလာ
သံကိစ္စည်း ဆရာတော်ကြီး၏ မြေးတပည့်ဖြစ်သကဲ့သို့ မြန်မာပြည်မှ ထန်းတပင် ယမိုက်အရကောက်ကျမ်းကို သီဟိုဠ်ဘာသာသို့ ပြန်ဆိုတော်မူသော (ဘွဲ့မသိ၊ သီဟိုဠ်စာအုပ်တွေ့ခဲ့၊ ထန်းတပင် ယမိုက်အရကောက် စာအုပ်ကြီးထက် နည်းနည်းပိုထူ) ရန်ကုန် တာမွေ နန္ဒဝန်ပါဠိတက္ကသိုလ်၌ ၆.နှစ်ကြာ သီတင်းသုံးဖူးသော ဆရာတော်ကြီး၏ သာဝကတစ်ပါးပင် ဖြစ်၏။
ဤအရှင်မြတ်၏ ဆရာဖြစ်တော်မူသော ထန်းတစ်ပင် ယမိုက်အရကောက်ကြီးကို သီဟိုဠ်ဘာသာသို့ ပြန်ဆိုတော်မူသော မထေရ်မြတ်သည် ဝိနယဂရုက လဇ္ဇီပေသလသိက္ခာကာမ ဖြစ်၏ဟု သိရ၏။ ထိုမထေရ်မြတ်ကြီး ပျံလွန်တော်မူခါနီ အချိန်၌ အရှင်သုဓမ္မာဘိဝံသအား မြန်မာနိုင်ငံ၌ အဘိဓမ္မာ သင်ယူရန်၊ သီဟိုဠ်၌ အဘိဓမ္မာ ပြန့်ပွားအောင် ဆောင်ရွက်ရန် မိန့်တော်မူခဲ့၏။
အရှင်သုဓမ္မာဘိဝံသသည်ကား ထိုအချိန်ဝယ် သီဟိုဠ်၌ ကျမ်းပေါင်း ၇.ကျမ်းကို ပြုစုထုတ်ဝေပြီး ဖြစ်၏။ သီဟိုဠ်၌ အရှင်၏ ဂုဏ်သည်လည်း အတန်ထင်ရှားသော အချိန်ဖြစ်၏။
ယမိုက်ဘာသာပြန် သီဟိုဠ်ဆတော်ကြီး လွန်တော်မူပြီးသည့်နောက်၌ အရှင်သုဓမ္မာဘိဝံသသည် အဘိဓမ္မာကို လေ့လာသင်ယူရန် မြန်မာနိုင်ငံသို့ ၂၀၀၄.ခုနှစ်. ၁၁.လပိုင်း၌ ရောက်လာခဲ့၏။ တောင်မြို့ မဟာဂန္ဓာရုံကျောင်းတိုက်၌ သီတင်းသုံးခဲ့၏။ ဘုန်းကြီးဦးကုဏ်ထံတော်၌ ပါဠိဘာသာဖြင့် ရေးသော မြန်မာအက္ခရာရေးနည်းကို သင်ယူခဲ့၏။ ထို့နောင်၌ အရှင်မြတ်သည် တောင်မြို့ ဂန္ဓာရုံ. မန်း မစိုးရိမ်တိုက်သစ်. အင်းစိန် ရွာမ အစရှိသော စာသင်တိုက်များ၌လည်း အဘိဓမ္မာ စာဝါများကို လေ့လာခဲ့ပါ၏။
ထိုသို့ လေ့လာရင်းဖြင့် စာရေးသူ ရေးသားထုတ်ဝေခဲ့သော ရွှေညဝါအမှတ် (၄+၅) ကျမ်းစာအုပ်နှစ်ကို ဖတ်ရှုမိပါတော့၏။ အလွန်သဘောကျသောကြောင့် အထက်၌ ဖော်ပြခဲ့သော စာကို ဖားအောက်တောရ၌ သီတင်းသုံးစဉ် ရှမ်းပြည်တောင်ပိုင်း ပင်းတယမြို့ စေတီကြီးကျောင်း၌ ရောက်နေသော စာရေးသူ၏ အထံသို့ ရေးခဲ့ပါ၏။ စာရေးသူသည်လည်း အရှင်သုဓမ္မာဘိဝံသ၏ အထံသို့ စာပြန်ခဲ့ပါ၏။ ထို့နောက် စာရေးသူကိုယ်တိုင် ပင်းတယမှ မော်လမြိုင် ဖားအောက်တောရ အရှင်သုဓမ္မာဘိဝံသ အထံသို့ အရောက်လှမ်းခဲ့ပါ၏။
အရှင်သုဓမ္မာဘိဝံသကား စာရေးသူထက် သက်တော် သုံးနှစ်ခန့်ငယ်၏။ လူဖလံဖြစ်၏။ စိတ်ထက်သကဲ့သို့ ဉာဏ်လည်း ထက်တော်မူ၏။ အင်္ဂလိပ်နှင့် ပါဠိစကားတို့ကို ကျွမ်းကျင်စွာ ပြောဆိုနိုင်၏။ သီဟိုဠ်နိုင်ငံ၌ ယခုအခါဝယ် ဝိနည်းနှင့် သုတ္တန်သာ အားကောင်း၍ အဘိဓမ္မာ အားနည်းကြောင်းကို ဆို၏။ အဘိဓမ္မာ အားကောင်းရေးအတွက် မြန်မာနိုင်ငံမှ ခေတ်မီအဘိဓမ္မာ နည်းစနစ်များကို လာရောက်လေ့လာကြောင်းနှင့် စာရေးသူ၏ ရွှေညဝါ အမှတ် (၄+၅) နှစ်အုပ်တို့ကို သီဟိုဠ်ဘာသာဖြင့် ထုတ်ဝေလိုကြောင်း၊ စာရေးသူက ထိုစာအုပ် နှစ်အုပ်တို့ကို ပါဠိဘာသာဖြင့် ပြန်ဆိုပေးစေလိုကြောင်း အဘိယာစက ပြုလာ၏။ စာရေးသူလည်း အချိန်အနည်းငယ် ပေးရမည် ဖြစ်ကြောင်း၊ ပါဠိဘာသာသို့ ပြန်ဆိုပေးမည် ဖြစ်ကြောင်း၊ ပါဠိဘာသာသို့ အကြမ်းပြန်ဆိုပြီးလျှင် အရှင်မြတ်ကိုယ်တိုင် ကြွရောက်၍ ပြင်ဆင်ပေးရမည့်အကြောင်း၊ ဤကဲ့သို့ ဆောင်ရွက်မှုအားလုံးတို့သည် ဓမ္မဒါန စစ်စစ်သာဖြစ်ပြီး မြန်မာနိုင်ငံ၏ ဖြူစင်သော ဓမ္မလက်ဆောင်သာဖြစ်ကြောင်းတို့ကို ပြောဆိုပြီးလျှင် အရှင်သုဓမ္မာဘိဝံသ၏ ဆက်သွယ်ရမည့် လိပ်စာတို့ကို မှတ်သားကာ ပင်းတယသို့ ပြန်လာခဲ့ပါ၏။
ရွှေညဝါအမှတ် (၄+၅)တို့ကို ပါဠိဘာသာသို့ မပြန်မီ ရေးလက်စဖြစ်သော ရွှေသီလက္ခန် (ပထမတွဲ)ကို လက်စသတ်နိုင်အောင် ကြိုးစားခဲ့ရာ နှစ်နှစ်ခန့် ကြာမြင့်ခဲ့ပါ၏။ ထို့နောင်မှ ရွှေညဝါ
Saturday, December 22, 2018
#ဉာသ်ကောက်သင်ယူခြင်း၏ #အကျိုးကျေးဇူး
#ဉာသ်ကောက်သင်ယူခြင်း၏ #အကျိုးကျေးဇူး
တစ်နေ့က ပါဠိသဒ္ဒါဂရုမှာ ဉာသ်ကောက်ဟူသည် အဘယ်နည်း။
ဉာသ်ကောက်သင်ယူခြင်းဖြင့် အဘယ်သို့သော ဝိသေသအကျိုးကျေးဇူးရှိသနည်း
အလကားသက်သက် နိရတ္ထကဖြစ်စေသော သင်ယူအားထုတ်ခြင်းလော? ဤသို့သဘောဆောင်သော မေးခွန်းမျိုးဖတ်ရပါသည်။
ထိုအခါမှ မိမိကိုယ်ကိုယ်ပြန်လည်သုံးသပ်မိပါသည်
သုံးသပ်ကြည့် ပါသည်။ သင်ယူသူနှင့် မသင်ယူသူဘာထူးသနည်း။ အဖြေသည် တန်းမထွက်။ ထို့ကြောင့် မိမိ၏ သိသလောက်သော အချက်အလက် သုံးသပ်နိုင်စွမ်းရှိသလောက်ဖြင့် ဆက်လက်ကြံစည်မိ၏။ မေးခွန်းရှင်အားလည်း ကျေးဇူးတင်၏။ လိုအပ်ချက် များလည်း ကရုဏာရှေးထား၍ ထောက်ပြက သုဝစဂုဏ်ပြည့်ဝစေရန် အာမခံ၏
ဉာသ်ကောက်ဟူသည် အဘယ်နည်း။
ဉာသ်ကောက်ဟူသည် ဓမ္မာစရိယကျမ်းရင်းသုံးကျမ်းအနက် ပါရာဇိကဏ် နံပါတ် ၄အတွက်သင်ယူရသော စည်းမျည်းတစ်ခုတည်း။
ပါဠိတော်ပုဒ်တို့ကို #သဒ္ဒါနည်းကျ_ခွဲခြမ်းစိတ်ဖြာ၍ #အရကောက်ပညာတည်း။
သဒ္ဒါနည်းကျ ခွဲခြမ်းစိတ်ဖြာရမည်ဖြစ်၍ ပါဠိသဒ္ဒါရေးကို အခြေခံအားဖြင့်တီးမိခေါက်မိပြီးသားဖြစ်ရပါမည်။ သဒ္ဒအမြင် မရှိသူ သင်ယူက အက္ခရာမသိသူကို ဝါကျဖွဲ့နည်း သင်သကဲ့သို့ဖြစ်မည်။ အချည်းအနှီးဖြစ်မည် ကြန့်ကြာ မည်သာဖြစ်သည်။
အရကောက်ရာ၌လည်း ပရမတ်ဆိုက်အောင်ကောက်ရသည်လည်းရှိ၏။ ပညတ်၌သာ ကောက်ရသည်လည်းရှိ၏။ ထိုနှစ်ခု ရောပြွမ်း၍ ကောက်ရသည်လည်းရှိ၏
ထို့ကြောင့် အဘိဓမ္မာ အခြေခံလည်း ရှိပြီးသားဖြစ်ရပါမည်။
လိုအပ်သော အခြေခံအချက်တို့ကို ဆိုပြီးပါပြီ။
#ဉာသ်ကောက်အမျိုးအစား
ပုဒ်အမျိုးအစား word classပေါ်မူတည်၍ သမာသ်ဉာသ်ကောက်, တဒ္ဓိတ်ဉာသ်ကောက်, ကိတ်ဉာသ်ကောက်, အာချာတ်ဉာသ်ကောက်ဆိုပြီး ၄မျိုးပိုင်းခြားနိုင်ပါတယ်။(ဥပသာရပုဒ်ဉာသ်ကောက်,နိပါတ်ပုဒ်ဉာသ်ကောက်တွေက သမာသ် ကိတ် အာချာတ်တွေမှာပေါင်းပြီးလေ့လာနိုင်ပါတယ်။ သဗ္ဗနာမ်နဲ့ ဝိဘတ်ဉာသ်ကောက်ကိုတော့ ခုနကမှသိတယ် 😃😃😃😅)
ဒီထဲကမှ သမာသ်ပုဒ်တွေကနေ စတင်ချည်းကပ်ကြည့်ပါမယ်။ သမာသ်သည် အကျဉ်းအားဖြင့် ခြောက်မျိုးရှိပါသည်။ မြန်မာလိုဆို ပေါင်းစပ်နာမ်ဟုခေါ်က သင့်မည်ထင်၏။ နာမ်ပုဒ် နှစ်ခု သုံးခုကို တစ်ပုဒ်ထဲပေါင်းထားတာပါပဲ။
သမာသ်ခြောက်မျိုး
ဗျ,ကမ် ဒိ တပ်, ဗ ဒွန် ထပ် ခြောက်ရပ် သမာသာ။
၁။ အဗျယီဘော ( နိမ္မသကံ)
၂။ ကမ္မဓာရယ် ( မဟာပုရိသော)
၃။ ဒိဂု (တိလောကံ)
၄။ တပ္ပုရိသ်( ဘူမိဂတော)
၅။ ဗဟုဗ္ဗီဟိ (ဆိန္နဟတ္ထော)
၆။ဒွန် (သာရိပုတ္တမောဂ္ဂလ္လာာနာ)
အမြွက်မျှသာပြလိုက်ပါသည်(အများကြီးလည်း မသိပါဘူး😂😂)
အဗျယီဘောဟူသည် ဥပသာရပုဒ် နိပါတ်ပုဒ်သည် ရှေ့ကရှိရပါမယ်။ သူ့ရဲ့အနက်က ပဓာနကျရပါမယ်။
နိမ္မသကံ(နိ+မသက)
နိ =မရှိခြင်း
မသက (ခြင် or ယင်)
နိမ္မသက=ခြင်မရှိခြင်း
ဒီပုဒ်မှာ မရှိတာက ပဓာနကျပါတယ် ပြဋ္ဌာန်းတယ်ပေါ့။
ကမ္မဓာရယ်ဟူသည် ပေါင်းစပ်ထားတဲ့နာမ်ပုဒ်တွေဟာ အရတူတယ် တစ်ခုတည်းပဲ။
မဟာပုရိသ
မဟာ=မြင့်မြတ်
ပုရိသ=ယောက်ျား
မဟာပုရိသ=ယောက်ျားမြတ်
ဒီပုဒ်မှာ ယောက်ျားက အဓိကကျပါတယ် ဝိသေသျပုဒ်က အဓိကကျပါတယ်။
ဒိဂုဟူသည် ကမ္မဓာရယ်လိုပါပဲ။ သို့သော် ရှေ့ပုဒ်က သချၤာရှိတယ်။
တိလောကံ
တိ= ၃
လောက=လူအပေါင်း
တိလောက=လူသုံးပါးအပေါင်း
ကမ္မာဓာရယ်လိုပါပဲ ဝိသေသျဖြစ်တဲ့ လူကအဓိကကျပါတယ်
တပ္ပုရိသ်ဟူသည် နောက်ပုဒ်အနက်က အဓိကကျပါတယ်။(အမာဒိတပ္ပုရိသ်သာပြပါမယ်)
ဘူမိဂတ
ဘူမိ=မြေ
ဂတ=သွားသူ
ဘူမိဂတ=မြေသို့သွားသူ
နောက်ပုဒ် ဂတက အဓိကကျပါတယ်
ဗဟုဗ္ဗီဟိဟူသည် ပေါင်းစပ်ထားသောနာမ်ပုဒ်တွင်မပါသော အနက်သည် အဓိကကျသော ပုဒ်မျိုးတည်း။
ဆိန္နဟတ္ထ
ဆိန္န=ပြတ်
ဟတ္ထ=လက်
ဆိန္နဟတ္ထ=လက်ပြတ်
ပေါင်းစပ်နာမ်ပုဒ်မှ အပဖြစ်တဲ့ လက်ပြတ်တဲ့လူကိုယူရပါတယ်(ပြတ်သွားတဲ့လက်ကိုမယူရပါဘူး)
ဒွန်ဟူသည် အရမတူတဲ့ပုဒ်တွေကို ပေါင်းစပ်ထားတာပါ။
သာရိပုတ္တ =သာရိပုတ္တရာ
မောဂ္ဂလ္လာန=မောဂ္ဂလာန်
သာရိပုတ္တမောဂ္ဂလ္လာန=သာရိပုတ္တရာမောဂ္ဂလာန်တို့။
ဤမျှဖြင့် သမာသ်ပုဒ်တို့၏ သဘောနှင့် အဘယ်ကို အဓိကယူအပ်သည်ကိုပြပြီးပါပြီ။ဘာကြောင့် ဒါတွေကို ရှည်လျားစွာ ပြနေရလဲ? သဒ္ဒါအခြေခံရှိပြီးသူသည် အရကောက်၌ အထူးအားစိုက်ဖွယ်မလို သိပြီးသားဖြစ်တာကို ပြောလိုတာပါ။ ဉာသ်ကောက်ဟူသည် သဒ္ဒါနည်းကျခွဲခြမ်းစိတ်ဖြာ အရကောက်ပညာဟူ ကျွနုပ်ဆိုခဲ့ပါတယ်။ ယခုသဒ္ဒါရေးသည်ပင် ဉာသ်ကောက်ဟူဆိုက ဆိုနိုင်ပါတယ်။
ဆိုရိုးကျခြင်း မကျခြင်းသာကွဲ၏။ informalဆန်၏။ ကျွနုပ်တို့သင်ယူနေသော ဉာသ်ကောက်ကား formalကျ၏ ဆိုရိုးကျသင်ယူပို့ချ၏။ထို့ကြောင့် ဉာသ်ကောက်သည်ဟူသည် form ပုံစံတစ်ခုတည်းကို သွပ်သွင်းလိုက်တာပါပဲ။ အထွေအထူး အားစိုက်နေရသည် မဟုတ်။ အချိန်တို့ကို အချည်းအနှီးဖြုန်းတီးပစ်ရသည်မဟုတ်။ သိပြီးသော သဒ္ဒအမြင်တို့ကို ပုံစံတစ်ခုတွင်းသို့ သွပ်သွင်းခြင်းမျှသာ ရက်ပိုင်းဖြင့် နားလည် ကိစ္စပြီးနိုင်သည်သာ။
ဥပမာ မဟာပုရိသောကို ဉာသ်ကောက်မည်ဆိုပါစို့။
ပုဒ်ကို ဝိဂြိုဟ်ဆို (definationဖွင့်တာပါပဲ)
အနက်ပေး (translateလုပ်)
အမည်ပေး(namingလုပ်)
ပုဒ်ခွဲ(analyseလုပ်)
ပြီးရင် မုချကောက် ဥပစာကောက် ပုဒ်လုံးကောက်ဆိုပြီး အဆင့်ဆင့်လုပ်ဆောင်။
နောက်ဆုံးရတာကတော့ မြင့်မြတ်သောယောက်ျားပါပဲ။
ဆိုရိုးကျခြင်း မကျခြင်းသာထူးပါတယ်။
ဒါကြောင့် ဉာသ်ကောက်တာက ဘာကိုအကျိုးကျေးဇူးပြုလဲ မေးရင် တိုက်ရိုက်အကျိုးက ဘယ်ပုဒ် ဘယ်ပါဋ္ဌ်က ဘာကိုယူရမယ် ဘာကိုမယူရဘူးဆိုတဲ့ အရကောက်ကို ကျနစွာသိခြင်း အကျိုးဟုဆိုရပါမယ်။
အရကောက်ကို ကျနစွာသိတော့ ဘာအကျိုးကျေးဇူးရလဲဆိုတော့ အသိဉာဏ်ရှင်းပါတယ်။ အသိရှင်းတော့ အကျင့်တရား လမ်းဖြောင့်ပါမယ်။ နောက် ဝိဝါဒါဒိကရုဏ်း အငြင်းပွားမူတွေနည်းလာမယ်။ ဖြေရှင်းနိုင်မယ်။
အဲ့လို အကျိုးဆက်အထူးတွေရပါလိမ့်မယ်။ မှန်၏။ သေးသေးမွားမွားပုဒ်တို့၌ ၎င်းသည် အရေးမပါသကဲ့သို့ ထင်ရ၏။ အယူအဆရေးရာ အကျင့်အကြံရေးရာတို့၌ စနစ်တကျခွဲခြမ်း စိတ်ဖြာတတ်ခြင်းသည် အရေးပါ၏
ဆက်ရန်
အညတရ သမဏ(တောင်ကြီး)
နပုံလိင်ဝယ်၊သိ အံရယ်ကြောင့်၊ဘယ်ဝယ် ကိံစု၊ကမပြုဘူး၊
❀ နပုံလိင်ဝယ်၊သိ အံရယ်ကြောင့်၊ဘယ်ဝယ် ကိံစု၊ကမပြုဘူး၊
❀ ထိုမှ တထွေ၊ဒွိ လိင်္ဂေ၌၊ သ သ္မိံ သ နှုန်း၊
ဝိဘတ် သုးံကြောင့်၊ ကပြုရာမှန်၊ရံတခါမှတ်၊
❀ ကြွင်းကျန်လေဘိ၊ဝိဘတ္တိကြောင့်၊တိ လိင်္ဂေဝယ်၊ကပြု ဘွယ်၊
မှတ်ဖွယ် နိစ္စ မှတ်။
ဆရာပေးသောမှတ်စုများမှ..
❀ သိ ဝိဘတ် အံဝိဘတ်ကြောင့် ပုလ္လိင်၌=
ကော၊
ကံ။( ကိံသဒ္ဒါကို က ပြုထားသည်)
❀ သိ ဝိဘတ် အံဝိဘတ်ကြောင့် နပုလ္လိင်၌=
ကိံ၊
ကိံ။(ကိံသဒ္ဒါကို က မပြု)
❀ သိဝိဘတ် အံဝိဘတ်ကြောင့် ဣတ္ထိလိင်၌=
ကာ၊
ကံ။(ကိံ သဒ္ဒါကို က ပြုထားသည်)
နောက်ပုဒ် မပြ၊ရှေ့ ပဒမှာ၊သဒ္ဒါ ဧဝ၊ယှဉ်ဖွင့်က၊ ကမ္မဓာရယ၊ ကြံစရာ။
❀ နောက်ပုဒ် မပြ၊ရှေ့ ပဒမှာ၊သဒ္ဒါ ဧဝ၊ယှဉ်ဖွင့်က၊ ကမ္မဓာရယ၊ ကြံစရာ။
ဆရာပေးသော
မှတ်စု များမှ..
ပုံစံ=
ကိတ္တိသဒ္ဒေါတိ ကိတ္တိဧဝ။
(ပါ.ဋ္ဌ.၈၄.ဝေရဉ္ဇ အဖွင့်)
ဝစနတ္ထကား =
ကိတ္တိ ဧဝ သဒ္ဒေါ
ကိတ္တိသဒ္ဒေါ။
(သမ္ဘာဝနာ ကမ္မဓာရယ်သမာသ်)
ပါဠိပါရဂူဆရာဝင်းနှင့် တပည့်ရွှေသုန်တို့၏ အပြန်အလှန် ပေးစာများ
ပါဠိပါရဂူဆရာဝင်းနှင့် တပည့်ရွှေသုန်တို့၏
အပြန်အလှန် ပေးစာများ
................................................
(ဆရာဝင်း)
ပါဠိဂုဏံ တေ သမနုဿရာမိ သဗ္ဗဒါပိ
သာဓု သမ္မ သာဓု သာဓု။
သာဓု အနုရက္ခေယျာသိ ပါဠိပေမံ။
(ရွှေသုန်)
ယာဝဇီဝံ ပါဠိဘာသံ၊
ပိယိဿာမိ ယထာဗလံ။
ပါဠိဝုဍ္ဎိံ ကရိဿာမိ၊
အနုရက္ခထ မေ တုမှေ။
ကိံ ကမ္မံ တေ ကတံ မယာ၊
ဓမ္မကထိကထေရဿ။
ဂနံ္ထ မုဒ္ဒါပိတံ မမ၊
ကမ္မံ မေ အနုရူပံဝ။
(ဆရာဝင်း)
သာဓု သမ္မ သာဓု သာဓု၊
သာဓု ကမ္မံ တယာ ကတံ။
သာဓုကမ္မကတဟေတု၊
သာဓုပါကံ လဘိဿသေ။
ပါဠိ နာမေသာ သမ္မ၊
ဗုဒ္ဓေဿဝ ပါဝစနံ။
ပါဠိယာ နိမုဂ္ဂေါ စေ တွံ၊
ဗုဒ္ဓဘာသာ´နုရက္ခသေ။
ရွှေသုန်တိဝိဿုတာဇညော၊
ရွှေသုန်ထာမံ သမာနယီ။
ရွှေသုန်ဓမ္မံ ဝိဘာဝေန္တော၊
ရွှေသုန်ဗျတ္တော ဝိလာသတေ။
(ရွှေသုန်)
အာစရိယေန ဝိရစိတာ၊
အာဒိသမာ ဝိဂါထာယော။
ဣမာသု တတိယဂါထာ၊
အတိဝုတ္တိဒေါသော ဟောတိ။
ဂုရုနော ပူဇဝါစမ္ပိ၊
ဂဏှိတုံ န သက္ကော အဟံ။
နာရဟာမိ ဥဒ္ဓင်္ဂမီ၊
သန္ဒနနဒီ ဝိယာတိ။
(ဆရာဝင်း)
နတ္ထေတ္ထာတိဝုတ္တိ သမ္မ၊
ယထာဓမ္မံ ဝိဘာဝယိံ။
ရွှေသုန်သတ္တိံ သမာနေဟိ၊
သာဓုဋ္ဌာနံ အဘိက္ကမ။
(ရွှေသုန်)
ဆရာဝင်းမဟာဂုရုနော၊
အဘိပါကဋဝါစာယ။
နဘံ အာဟစ္စ ဘူမိယံ၊
ပတိတွာ မရာမိ ရွှေသုန်။
နမာ့(စ်)တေ ဂုရု။ အနုဇာနာထ ဂုရု။ အယဉ္စ ဂုရုနော
ဘဝေကဒေသေသောယေဝ ....
ဓမ္မာစေရံ အလဒ္ဓေါပိ၊
ဂုဏေ အဌာသိ ပါဠိယာ။
ဝသန္တောပိ ဧသ ပစ္စန္တေ၊
ပါဠိမာလံ သမာနယိ။
ဝဇ္ဇိတောပီဘိဝံသေန၊
ရန်ကုန်ဌာနေ နယံ ဟရိ။
ဂုရု အစ္ဆရိယော ဇာတော၊
ဝိမလော ဣဓ ဘူတလေ။
ဝိမလံ တေ စိတ္တံ ဂုရု၊
ဝိမလာ စာပိ ဝါသနာ။
ဝိမလော တေ ဘဝေါ ဇာတော၊
ဝိမလေ ဌာတု သီတလေ။
ဂုရွာဘိမုခေါ နမဿမာနော...
ရွှေသုန်တိ သိေဿာ
....................................................................
ပါဠိပါရဂူဆရာဝင်းနှင့် တပည့်ရွှေသုန်တို့၏
အပြန်အလှန် ပေးစာများကို မြန်မာမှုပြုခြင်း
(ဆရာဝင်း)
သူငယ်ချင်းရွှေမင်းလွင်၊ သင့်ရဲ့ ပါဠိဂုဏ်ကို ကိုယ်အမြဲသတိရပါတယ်။ ကောင်းတယ် သူငယ်ချင်း၊ ကောင်းတယ်၊ သိပ်ကောင်းတယ်ကွာ။ ပါဠိဘာသာအပေါ်မှာ မင်းရဲ့ ချစ်မြတ်နိုးမှုကို ထာဝစဉ်စောင့်ရှောက်နိုင်ပါစေလို့ တောင်းဆုချွေပါတယ်နော်။
(ရွှေသုန်)
တပည့်တော့ ပါဠိဘာသာကို စွမ်းနိုင်သလောက် အသက်ထက်ဆုံး ချစ်နေဦးမှာပါ။ ပါဠိဘာသာ တိုးတက်ရေးကို စွမ်းနိုင်သမျှ လုပ်နေဦးမှာပါ။ တပည့်ကို ဆရာမြတ်တို့က အမြဲကူညီစောင့်ရှောက်ပေးကြပါဦးနော်။
ဆရာ...အခု ဘာလုပ်ငန်းလုပ်နေပါသလဲခင်ဗျာ။ တပည့်ကတော့ ဓမ္မကထိကမထေရ်မြတ်တစ်ပါးရဲ့ ကျမ်းစာအုပ်ကို ပုံနှိပ်နေပါတယ်။ တပည့်ရဲ့ အလုပ်ဟာ တပည့်အတွက်တော့ ok ပါတယ်ဆရာ။
(ဆရာဝင်း)
ကောင်းတယ် သူငယ်ချင်း။ သိပ်ကောင်းတယ်။ ကိုယ်တော့ တအားသဘောကျပ။ သူငယ်ချင်းဟာ ကောင်းတဲ့ အလုပ်ကို လုပ်နေတာပဲ။ အဲ့ဒီလို ကောင်းတာကို လုပ်နေတဲ့အတွက်ကြောင့် သူငယ်ချင်းဟာ ကောင်းကျိုးကို ဧကန်ရမှာပါကွာ။
ဒီမှာ သူငယ်ချင်း၊ ပါဠိဘာသာဆိုတာ မြတ်စွာဘုရားရှင်ရဲ့ စကားတော်ပါ။ အဲ့ဒီ မြတ်စွာဘုရားရှင်ရဲ့ စကားတော်မှာ နစ်မျောနေတဲ့ သူငယ်ချင်းဟာ ဗုဒ္ဓဘာသာကို အစဉ်စောင့်ရှောက်နေတဲ့ သူပဲပေါ့။ ဒါ့ကြောင့်လည်း...
"ရွှေသုန်"ဆိုတာ အလွန်ကျော်ကြားတဲ့ သာသနအာဇာနည်တစ်ယောက်၊ "ရွှေသုန်"ဆိုတာ အားအစွမ်းကို ကောင်းစွာ ဆောင်နိုင်သူတစ်ယောက်၊ "ရွှေသုန်"ဆိုတာ တရားတော်ကို ရှင်းလင်းစွာ ပို့ချသင်ကြားပေးနေသူတစ်ယောက်၊ "ရွှေသုန်"ဆိုတာ စွမ်းရည်ရှိပြီး အလွန် တင့်တယ်သူတစ်ယောက်ပါကွယ်။
(ရွှေသုန်)
ဆရာရေ....ဆရာရေးတဲ့ ဂါထာအားလုံးဟာ "အစအက္ခရာတူတဲ့ အာဒိသမ"ဂါထာထူးတွေချည်းပါ။ ဒီဂါထာတွေထဲမှာ သုံးခုမြောက်ဂါထာဟာ "အလွန်အကျူး ပြောဆိုချီးမွမ်းထားသော - အတိဝုတ္တိ"ဒေါသ သင့်နေပါတယ်ဆရာ။
ဆရာ့ရဲ့ ချီးကျူးတဲ့စကားကို တပည့် ခံယူဖို့ရာ မစွမ်းနိုင်ပါချေ။ ခံယူဖို့ရာလည်း မထိုက်ပါလေ။ ဒီစကားဟာ တပည့်အတွက်တော့ ပြောင်းပြန်စီးနေတဲ့ မြစ်လိုပါပဲဆရာ။
(ဆရာဝင်း)
သူငယ်ချင်းရွှေသုန်၊ ဒီတတိယမြောက်ဂါထာမှာ အလွန်အမင်း ချီးကျူးတာမျိုး မရှိပါဘူး။ အရှိကို အရှိအတိုင်းလေးပဲ မှန်မှန်ကန်ကန် ကိုယ်ကဖော်ပြခဲ့တာပါနော်။
သူငယ်ချင်းရွှေသုန်၊ "ရွှေသုန့်"မှာ အစွမ်းသတ္တိရှိတာကို ရွှေသုန့်ရဲ့ နှလုံးသားထဲမှာ စိတ်ချလက်ချ ယုံကြည်လိုက်စမ်းပါ။ အောင်မြင်မှုပန်းတိုင်သို့ ယုံယုံကြည်ကြည်နဲ့ လှမ်းတက်လိုက်စမ်းပါ။
(ရွှေသုန်)
မြတ်ဆရာရဲ့ စကားကြီးကြောင့် တပည့်ရဲ့ ဦးခေါင်းဟာ ကောင်းကင်ကို ဆောင့်မိပြီး မြေပေါ်ပြုတ်ကျကာ တပည့်ခမျာ သေရပါတော့မယ်။
ဆရာ့အား ဦးညွှတ်ပါတယ်။ ခွင့်ပြုပါဆရာ။ အခုရေးပြမှာကတော့ ဆရာ့ရဲ့ ဘဝတစ်စိတ်ဒေသပေါ့နော် ဆရာ။
ဆရာဟာ ဓမ္မာစရိယ (ကျမ်းရင်းသုံးကျမ်းလုံးကို) မအောင်ခင်မှာ ပါဠိပါရဂူကို အောင်မြင်ခဲ့ပါတယ်။ ဆရာဟာ ဝါးခယ်မမြို့နယ် ကျွန်းကုန်းရွာဆိုတဲ့ အစွန်အဖျားအရပ်လေးမှာ နေတဲ့အချိန်တောင်မှ ပါဠိမာလာမဂ္ဂဇင်းကို ဦးဆောင်ပြီး ထုတ်ဝေဖြန့်ချိနိုင်ခဲ့ပါတယ်။
ဆရာဟာ အဘိဝံသဘွဲ့ကို မရပေမယ့်လည်း ရန်ကုန်မြို့၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်ကြီးရဲ့ ပါဠိဌာနမှာ ပါဠိနည်းပြ ရာထူးကို ထမ်းဆောင်ခဲ့ပါတယ်။ ဆရာရဲ့ ဘဝဖြစ်ပုံဟာ အံ့သြစရာ ကောင်းလှပါတယ်ဆရာ။ ဆရာဟာ ဒီလောကကြီးထဲမှာ သန့်ရှင်းဖြူစင်တဲ့ ဆရာတစ်ယောက်ပါဗျာ။
ဆရာ့ရဲ့ စိတ်ဟာလည်း အင်မတန်မှပဲ ဖြူစင်သန့်ရှင်းလှပါတယ်။ ဆရာ့ရဲ့ ဝါသနာဟာလည်း တအားကိုမှ ဖြူ
စင်သန့်ရှင်းလှပါတယ်။ ဆရာ့ရဲ့ဘဝဖြစ်ပုံဟာလည်း
ညစ်ကြေးမတင် သန့်ရှင်းပါတယ်။ ညစ်ကြေးမတင်
အေးမြသောနေရာမှာ ဆရာ ထာဝရရပ်တည်နိုင်ပါစေ။
ဆရာ့အား အလေးအမြတ် ဦးညွှတ်နေသော...
တပည့်ရွှေသုန်
မြန်မာမှုပြု = အရှင်အဂ္ဂသာရ၊ တည်းဖြတ် = ရွှေသုန်။
....................................................................
ဆရာဝင်းနှင့် တပည့်တို့သည် ပါဠိဆရာကြီး ဦးအောင်ခိုင်၏ တပည့်များသာဖြစ်ကြ၏။ ထို့ကြောင့် ဆရာဝင်းသည် တပည့်အား ချီးမြှောက်သောအားဖြင့် သမ္မ.ဟုသုံး၏။ သို့သော်လည်း...တပည့်၏ ငယ်ဆရာအရင်း
ဖြစ်တော်မူသော ပန်းတနော်.မြတောင်စာသင်တိုက်မှ ဘုန်းကြီးဦးကုမာရသည်ပင် ဆရာဝင်း၏ တပည့်ဖြစ်၏။ ထို့ကြောင့် တပည့်က ဆရာဝင်းကို ဂုရု.ဟု သုံးပါ၏။ မဟာဂုရု.ဟု သုံးချင်ပါသော်လည်း ဆရာကြီး ဦးအောင်ခိုင် ရှိသေး၍...