Saturday, December 22, 2018

ပါဠိပါရဂူဆရာဝင်းနှင့်​ ​တပည့်​​ရွှေသုန်​တို့၏ အပြန်​အလှန်​ ​ပေးစာများ

ပါဠိပါရဂူဆရာဝင်းနှင့်​ ​တပည့်​​ရွှေသုန်​တို့၏
        အပြန်​အလှန်​ ​ပေးစာများ
................................................
          (ဆရာဝင်း)
ပါဠိဂုဏံ တေ သမနုဿရာမိ သဗ္ဗဒါပိ
သာဓု သမ္မ သာဓု သာဓု။
သာဓု အနုရက္ခေယျာသိ ပါဠိပေမံ။
      
      (​ရွှေသုန်​)
ယာဝဇီဝံ ပါဠိဘာသံ၊
ပိယိဿာမိ ယထာဗလံ။
ပါဠိဝုဍ္ဎိံ ကရိဿာမိ၊
အနုရက္ခထ ​မေ တု​မှေ။
ကိံ ကမ္မံ ​တေ ကတံ ​မယာ၊
ဓမ္မကထိကထေရဿ။
ဂနံ္ထ မုဒ္ဒါပိတံ မမ၊
ကမ္မံ ​မေ အနုရူပံဝ။
   
     (ဆရာဝင်း)
သာဓု သမ္မ သာဓု သာဓု၊
သာဓု ကမ္မံ တယာ ကတံ။
သာဓုကမ္မကတဟေတု၊
သာဓုပါကံ လဘိဿသေ။
ပါဠိ နာမေသာ သမ္မ၊
ဗုဒ္ဓေဿဝ ပါဝစနံ။
ပါဠိယာ နိမုဂ္ဂေါ စေ တွံ၊
ဗုဒ္ဓဘာသာ´နုရက္ခသေ။
ရွှေသုန်တိဝိဿုတာဇညော၊
ရွှေသုန်ထာမံ သမာနယီ။
ရွှေသုန်ဓမ္မံ ဝိဘာဝေန္တော၊
ရွှေသုန်ဗျတ္တော ဝိလာသတေ။
       
       (​ရွှေသုန်​)
အာစရိ​ယေန ဝိရစိတာ၊
အာဒိသမာ ဝိဂါထာ​ယော။
ဣမာသု တတိယဂါထာ၊
အတိဝုတ္တိ​ဒေါ​သော ​ဟောတိ။
ဂုရု​နော ပူဇဝါစမ္ပိ၊
ဂဏှိတုံ ​န သ​က္ကော အဟံ။
နာရဟာမိ ဥဒ္ဓင်္ဂမီ၊
သန္ဒနနဒီ ဝိယာတိ။
 
      (​ဆရာဝင်း)
နတ္ထေတ္ထာတိဝုတ္တိ သမ္မ၊
ယထာဓမ္မံ ဝိဘာဝယိံ။
ရွှေသုန်သတ္တိံ သမာနေဟိ၊
သာဓုဋ္ဌာနံ အဘိက္ကမ။
  
      (​ရွှေသုန်​)
ဆရာဝင်းမဟာဂုရု​နော၊
အဘိပါကဋ​ဝါစာယ။
နဘံ အာဟစ္စ ဘူမိယံ၊
ပတိတွာ မရာမိ ​ရွှေသုန်​။

နမာ့(စ်​)​တေ ဂုရု။ အနုဇာနာထ ဂုရု။ အယဉ္စ ဂုရု​နော
ဘ​ဝေက​ဒေ​သေ​သော​ယေဝ ....
ဓမ္မာစေရံ အလ​ဒ္ဓေါပိ၊
ဂုဏေ အဌာသိ ပါဠိယာ။
ဝသန္တောပိ ဧသ ပစ္စန္တေ၊
ပါဠိမာလံ သမာနယိ။
ဝဇ္ဇိတောပီဘိဝံသေန၊
ရန်ကုန်ဌာနေ နယံ ဟရိ။
ဂုရု အစ္ဆရိယော ဇာတော၊
ဝိမလော ဣဓ ဘူတလေ။
ဝိမလံ တေ စိတ္တံ ဂုရု၊
ဝိမလာ စာပိ ဝါသနာ။
ဝိမလော တေ ဘဝေါ ဇာတော၊
ဝိမလေ ဌာတု သီတလေ။
     ဂုရွာဘိမု​ခေါ နမဿမာနော...
                  ရွှေသုန်တိ သိေဿာ
....................................................................

     ပါဠိပါရဂူဆရာဝင်းနှင့် တပည့်​ရွှေသုန်တို့၏
     အပြန်အလှန် ပေးစာများကို မြန်​မာမှုပြုခြင်း

                       (ဆရာဝင်း)
သူငယ်ချင်းရွှေမင်းလွင်၊ သင့်​ရဲ့ ပါဠိဂုဏ်​ကို ကိုယ်​အမြဲသတိရပါတယ်​။ ​ကောင်းတယ်​ သူငယ်​ချင်း၊ ​ကောင်းတယ်​၊ ​သိပ်​​ကောင်းတယ်​ကွာ။ ပါဠိဘာသာအ​ပေါ်မှာ မင်းရဲ့ ချစ်​မြတ်​နိုးမှုကို ထာဝစဉ်စောင့်ရှောက်နိုင်​ပါ​စေလို့ ​တောင်းဆု​ချွေပါတယ်​​နော်​။

                  (ရွှေသုန်)
တပည့်​​တော့ ပါဠိဘာသာကို စွမ်းနိုင်သလောက် အသက်ထက်ဆုံး ချစ်နေဦးမှာပါ။ ပါဠိဘာသာ တိုးတက်​​ရေးကို စွမ်းနိုင်​သမျှ လုပ်​​နေဦးမှာပါ။ တပည့်​ကို ဆရာမြတ်​တို့က အမြဲ​ကူညီ​စောင့်ရှောက်ပေးကြပါဦး​နော်​။
ဆရာ...အခု ဘာလုပ်ငန်းလုပ်​​​နေပါသလဲခင်​ဗျာ။ တပည့်​ကတော့ ဓမ္မကထိကမထေရ်မြတ်​တစ်​ပါးရဲ့ ကျမ်း​စာအုပ်​ကို ပုံနှိပ်​​နေပါတယ်။ တပည့်​ရဲ့ အလုပ်ဟာ တပည့်​အတွက်​​တော့ ok ပါတယ်ဆရာ။

               (ဆရာဝင်း)
ကောင်းတယ် သူငယ်​ချင်း။ သိပ်​​ကောင်းတယ်။ ကိုယ်​​တော့ တအားသ​ဘောကျပ။ သူငယ်ချင်းဟာ ကောင်းတဲ့ အလုပ်ကို လုပ်​​နေတာပဲ။ အဲ့ဒီလို ​ကောင်းတာကို လုပ်နေတဲ့အတွက်​ကြောင့်​ သူငယ်​ချင်းဟာ ကောင်းကျိုးကို ဧကန်​ရမှာပါကွာ။
ဒီမှာ သူငယ်ချင်း၊ ပါဠိဘာသာဆိုတာ မြတ်စွာဘုရားရှင်ရဲ့ စကားတော်ပါ။ အဲ့ဒီ မြတ်စွာဘုရားရှင်ရဲ့ စကားတော်မှာ နစ်မျောနေတဲ့ သူငယ်ချင်းဟာ ဗုဒ္ဓဘာသာကို အစဉ်စောင့်ရှောက်နေတဲ့ သူပဲ​ပေါ့။ ဒါ့ကြောင့်လည်း...
"ရွှေသုန်"ဆိုတာ အလွန်ကျော်ကြားတဲ့ သာသနအာဇာနည်​တစ်​​ယောက်​၊ "ရွှေသုန်"ဆိုတာ အားအစွမ်းကို ​ကောင်းစွာ ​ဆောင်နိုင်​သူတစ်​​ယောက်​၊ "ရွှေသုန်"ဆိုတာ တရား​တော်​ကို ရှင်းလင်းစွာ ပို့ချသင်​ကြား​ပေး​နေသူတစ်​​ယောက်​၊ "​ရွှေသုန်"ဆိုတာ စွမ်းရည်​ရှိပြီး အလွန် တင့်တယ်သူတစ်​​ယောက်​ပါကွယ်​။

                       (ရွှေသုန်)
ဆရာ​ရေ....ဆရာရေးတဲ့ ဂါထာအားလုံးဟာ "အစအက္ခရာတူတဲ့ အာဒိသမ"ဂါထာထူးတွေချည်းပါ။ ဒီဂါထာတွေထဲမှာ သုံးခုမြောက်ဂါထာဟာ "အလွန်အကျူး ​ပြောဆိုချီးမွမ်းထားသော - အတိဝုတ္တိ"​ဒေါသ သင့်နေပါတယ်ဆရာ။
ဆရာ့ရဲ့ ချီးကျူးတဲ့စကားကို တပည့် ခံယူဖို့ရာ မစွမ်းနိုင်​ပါ​ချေ။ ခံယူဖို့ရာလည်း မထိုက်​ပါ​လေ။ ဒီစကားဟာ တပည့်​အတွက်​​တော့ ​ပြောင်းပြန်​စီး​နေတဲ့ မြစ်​လိုပါပဲဆရာ။

                  (ဆရာဝင်း)
သူငယ်ချင်းရွှေသုန်၊ ဒီတတိယမြောက်ဂါထာမှာ အလွန်အမင်း ချီးကျူးတာမျိုး မရှိပါဘူး။ အရှိကို အရှိအတိုင်း​လေးပဲ မှန်​မှန်​ကန်ကန် ကိုယ်​က​ဖော်​ပြခဲ့တာပါ​နော်​။
သူငယ်ချင်းရွှေသုန်၊ "ရွှေသုန့်"မှာ အစွမ်းသတ္တိရှိတာကို ​ရွှေသုန့်​ရဲ့ နှလုံးသားထဲမှာ ​စိတ်​ချလက်​ချ ယုံကြည်​လိုက်​စမ်းပါ။ ​အောင်​မြင်​မှုပန်းတိုင်​သို့ ယုံယုံကြည်​ကြည်​နဲ့ လှမ်းတက်​လိုက်စမ်းပါ။

                        (ရွှေသုန်)
မြတ်ဆရာရဲ့ စကားကြီး​ကြောင့် တပည့်ရဲ့ ဦး​ခေါင်းဟာ ကောင်းကင်ကို ​ဆောင့်​မိပြီး မြေ​ပေါ်ပြုတ်ကျကာ တပည့်​ခမျာ ​သေရပါတော့မယ်။
ဆရာ့အား ဦးညွှတ်​ပါတယ်။ ခွင့်​ပြုပါဆရာ။ အခု​ရေးပြမှာက​တော့ ဆရာ့ရဲ့ ဘဝတစ်​စိတ်ဒေသ​ပေါ့​နော်​ ဆရာ။
ဆရာဟာ ဓမ္မာစရိယ (ကျမ်းရင်းသုံးကျမ်းလုံးကို) မ​အောင်​ခင်​မှာ ပါဠိပါရဂူကို ​အောင်​မြင်​ခဲ့ပါတယ်​။ ဆရာဟာ ဝါးခယ်​မမြို့နယ်​ ကျွန်းကုန်းရွာဆိုတဲ့ အစွန်​အဖျားအရပ်​​လေးမှာ ​နေတဲ့အချိန်​​တောင်​မှ ပါဠိမာလာမဂ္ဂဇင်းကို ဦး​ဆောင်​ပြီး ထုတ်​​ဝေဖြန့်​ချိနိုင်​ခဲ့ပါတယ်​။
ဆရာဟာ အဘိဝံသဘွဲ့ကို မရပေမယ့်​လည်း ရန်ကုန်မြို့၊ နိုင်​ငံ​တော်​ပရိယတ္တိ သာသနာ့တက္ကသိုလ်​ကြီးရဲ့ ပါဠိဌာနမှာ ပါဠိနည်းပြ ရာထူးကို ထမ်း​ဆောင်ခဲ့ပါတယ်။ ဆရာရဲ့ ဘဝဖြစ်​ပုံဟာ အံ့သြစရာ ​ကောင်းလှပါတယ်ဆရာ။ ဆရာဟာ ဒီ​လောကကြီးထဲမှာ သန့့်​ရှင်းဖြူစင်​တဲ့ ဆရာတစ်​​ယောက်​ပါဗျာ။
ဆရာ့ရဲ့ စိတ်ဟာလည်း အင်​မတန်​မှပဲ ဖြူစင်​သန့်​ရှင်းလှပါတယ်။ ဆရာ့ရဲ့ ဝါသနာဟာလည်း တအားကိုမှ ဖြူ
စင်​သန့်​ရှင်းလှပါတယ်။ ဆရာ့ရဲ့ဘဝဖြစ်​ပုံဟာလည်း
ညစ်ကြေးမတင်​ သန့်​ရှင်းပါတယ်။ ညစ်​​ကြေးမတင်
အေးမြ​သော​နေရာမှာ ဆရာ ထာဝရရပ်တည်နိုင်​ပါ​စေ။
ဆရာ့အား ​အ​လေးအမြတ်​ ဦးညွှတ်​​နေသော...
                                             တပည့်​​ရွှေသုန်

မြန်​မာမှုပြု = အရှင်​အဂ္ဂသာရ၊ တည်းဖြတ်​ = ​ရွှေသုန်​။
....................................................................
ဆရာဝင်းနှင့်​ တပည့်​တို့သည်​ ပါဠိဆရာကြီး ဦး​အောင်​ခိုင်​၏ တပည့်​များသာဖြစ်​ကြ၏။ ထို့​ကြောင့်​ ဆရာဝင်းသည်​ တပည့်​အား ချီး​မြှောက်​​သောအားဖြင့်​ သမ္မ.ဟုသုံး၏။ သို့​သော်​လည်း...တပည့်​၏ ငယ်​ဆရာအရင်း
ဖြစ်​​တော်​မူ​သော ပန်းတ​နော်​.မြ​တောင်​စာသင်​တိုက်​မှ ဘုန်းကြီးဦးကုမာရသည်​ပင်​ ဆရာဝင်း၏ တပည့်​ဖြစ်​၏။ ထို့​ကြောင့်​ တပည့်​က ဆရာဝင်းကို ဂုရု.ဟု သုံးပါ၏။ မဟာဂုရု.ဟု သုံးချင်​ပါ​သော်​လည်း ဆရာကြီး ဦး​အောင်​ခိုင်​ ရှိ​သေး၍...

No comments:

Post a Comment