နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ 6.6.2006
သီဟဠရဋ္ဌဝါသီ
ရိဒိယဂမဂါမေ
သုဓမ္မာဘိဝံသထေရော
ဖားအောက်အရညဝိဟာရ
ရတနတ္တယံ သရဏံ ဟောတု
အတိဂါရဝါတိပူဇိတ ဘဒ္ဒ န္တအာစရိယသုန္ဒရမဟာထေရဿ ပါဒံ ဝန္ဒိတွာ ဣမံ လိခံ လိခါမိ။
အဟံ ဘန္တေ ဣမသိံ္မ ကာလေ ယမကဂနံ္ထ ဥဂ္ဂဏှာမိ၊ တသိံ္မ ကာလေ တယာ လိခိတံ `ရွှေညဝါ အမှတ် (၅)´နာမကံ ဧတံ ဂနံ္ထ ပဿိ၊ ဘန္တေ အမှာကံ ရဋ္ဌေ ဘဒ္ဒ န္တနန္ဒမေဓေန မဟာထေရေန ဝိရစိတယမကအဘိဓေယျတ္ထဂန္ထမေဝ ပရိဝတ္တနံ အကာသုံ။ တံ "ယမကဝါစနာမဂ္ဂေါ"နာမ ဧကဂန္ထမေဝ အတ္ထိ။ ယမကဂနံ္ထ ဥဂ္ဂဏှသိဿာနံ အညံ ဥပကာရကဂနံ္ထ နတ္ထိ။
အတိပူဇိတ ဘန္တေ သီဟဠရဋ္ဌဝါသီနံ အနုကမ္ပာယ သဒ္ဓမ္မဋ္ဌိတိယာ စ တုမှာကံ ဝိရစိတံ "ရွှေညဝါ အမှတ်(၅)"နာမကံ ဂနံ္ထ ပါဠိဘာသာယ ပရိဝတ္တေထ၊ တသိံ္မ ကာလေ အဟံ ဧတံ ဂနံ္ထ သီဟဠဘာသာယ ပရိဝတ္တနံ ကတွာ မုဒ္ဒါပေမိ၊ တံ ဓမ္မဒါနံ သန္ဓာယမေဝ မုဒ္ဒါပေမိ၊ ဧတံ ပုညံ တုမှာကံ နိဗ္ဗာနဿ ပစ္စယော ဟောတု၊
သဒေဝကလောကသတ္တာနံ သုခတ္ထာယ ဟောတု၊ အမှာကံ သီဟဠရဋ္ဌဝါသီနံ ယမကဂနံ္ထ ဖာသုယာ ဥဂ္ဂဏှိတုံ ဟောတု။
စိရံ တိဋ္ဌတု သဒ္ဓမ္မော၊
အဟံ သီဟဠရဋ္ဌဝါသီ
သုဓမ္မာဘိဝံသော ထေရော
ကျောင်းအမှတ် (၂၀၇)
စိတ္တလတောင်
ဖားအောက်တောရရိပ်သာ၊
ဖားအောက်ရွာ၊ မော်လမြိုင်မြို့နယ်
မွန်ပြည်နယ်။
................................................................
``မဆုံသောလမ်း (သို့) ကြယ်ကြွေည´´
သီဟိုဠ်နိုင်ငံ၌ အောင်မြင်ကျော်ကြားသော ပုဂ္ဂိုလ်အချို့ တို့သည် မိမိတို့၏ ဘွဲ့အမည်ရှေ့၌ ဇာတိရပ်ရွာကို ထည့်လေ့ရှိ၏။ ဥပမာအားဖြင့် သီဟိုဠ်နိုင်ငံမှ သာသန
ခေါင်းဆောင် ဆရာတော်ဦးပဏ္ဍိတကို သနယာဝါလ ဦးပဏ္ဍိတ စသည်ဖြင့် ရေးဘိသကဲ့သို့တည်း။ အရှင်သုဓမ္မာဘိဝံသ၏ ဘွဲ့တော်ရှေ့၌ ရိဒိယဂမဂါမေ.ဟု ရွာအမည်ကို ရှေ့၌ တပ်ထားသောကြောင့် ဤအရှင်သည်လည်း သီဟိုဠ်၌ အောင်မြင်သော အရှင်တစ်ပါး ဖြစ်မည်ဟူ၍ မှန်းဆမိပါ၏။
မှန်၏၊ ဤအရှင်မြတ်သည် နာမည်ကျော် ရာဟုလာ
သံကိစ္စည်း ဆရာတော်ကြီး၏ မြေးတပည့်ဖြစ်သကဲ့သို့ မြန်မာပြည်မှ ထန်းတပင် ယမိုက်အရကောက်ကျမ်းကို သီဟိုဠ်ဘာသာသို့ ပြန်ဆိုတော်မူသော (ဘွဲ့မသိ၊ သီဟိုဠ်စာအုပ်တွေ့ခဲ့၊ ထန်းတပင် ယမိုက်အရကောက် စာအုပ်ကြီးထက် နည်းနည်းပိုထူ) ရန်ကုန် တာမွေ နန္ဒဝန်ပါဠိတက္ကသိုလ်၌ ၆.နှစ်ကြာ သီတင်းသုံးဖူးသော ဆရာတော်ကြီး၏ သာဝကတစ်ပါးပင် ဖြစ်၏။
ဤအရှင်မြတ်၏ ဆရာဖြစ်တော်မူသော ထန်းတစ်ပင် ယမိုက်အရကောက်ကြီးကို သီဟိုဠ်ဘာသာသို့ ပြန်ဆိုတော်မူသော မထေရ်မြတ်သည် ဝိနယဂရုက လဇ္ဇီပေသလသိက္ခာကာမ ဖြစ်၏ဟု သိရ၏။ ထိုမထေရ်မြတ်ကြီး ပျံလွန်တော်မူခါနီ အချိန်၌ အရှင်သုဓမ္မာဘိဝံသအား မြန်မာနိုင်ငံ၌ အဘိဓမ္မာ သင်ယူရန်၊ သီဟိုဠ်၌ အဘိဓမ္မာ ပြန့်ပွားအောင် ဆောင်ရွက်ရန် မိန့်တော်မူခဲ့၏။
အရှင်သုဓမ္မာဘိဝံသသည်ကား ထိုအချိန်ဝယ် သီဟိုဠ်၌ ကျမ်းပေါင်း ၇.ကျမ်းကို ပြုစုထုတ်ဝေပြီး ဖြစ်၏။ သီဟိုဠ်၌ အရှင်၏ ဂုဏ်သည်လည်း အတန်ထင်ရှားသော အချိန်ဖြစ်၏။
ယမိုက်ဘာသာပြန် သီဟိုဠ်ဆတော်ကြီး လွန်တော်မူပြီးသည့်နောက်၌ အရှင်သုဓမ္မာဘိဝံသသည် အဘိဓမ္မာကို လေ့လာသင်ယူရန် မြန်မာနိုင်ငံသို့ ၂၀၀၄.ခုနှစ်. ၁၁.လပိုင်း၌ ရောက်လာခဲ့၏။ တောင်မြို့ မဟာဂန္ဓာရုံကျောင်းတိုက်၌ သီတင်းသုံးခဲ့၏။ ဘုန်းကြီးဦးကုဏ်ထံတော်၌ ပါဠိဘာသာဖြင့် ရေးသော မြန်မာအက္ခရာရေးနည်းကို သင်ယူခဲ့၏။ ထို့နောင်၌ အရှင်မြတ်သည် တောင်မြို့ ဂန္ဓာရုံ. မန်း မစိုးရိမ်တိုက်သစ်. အင်းစိန် ရွာမ အစရှိသော စာသင်တိုက်များ၌လည်း အဘိဓမ္မာ စာဝါများကို လေ့လာခဲ့ပါ၏။
ထိုသို့ လေ့လာရင်းဖြင့် စာရေးသူ ရေးသားထုတ်ဝေခဲ့သော ရွှေညဝါအမှတ် (၄+၅) ကျမ်းစာအုပ်နှစ်ကို ဖတ်ရှုမိပါတော့၏။ အလွန်သဘောကျသောကြောင့် အထက်၌ ဖော်ပြခဲ့သော စာကို ဖားအောက်တောရ၌ သီတင်းသုံးစဉ် ရှမ်းပြည်တောင်ပိုင်း ပင်းတယမြို့ စေတီကြီးကျောင်း၌ ရောက်နေသော စာရေးသူ၏ အထံသို့ ရေးခဲ့ပါ၏။ စာရေးသူသည်လည်း အရှင်သုဓမ္မာဘိဝံသ၏ အထံသို့ စာပြန်ခဲ့ပါ၏။ ထို့နောက် စာရေးသူကိုယ်တိုင် ပင်းတယမှ မော်လမြိုင် ဖားအောက်တောရ အရှင်သုဓမ္မာဘိဝံသ အထံသို့ အရောက်လှမ်းခဲ့ပါ၏။
အရှင်သုဓမ္မာဘိဝံသကား စာရေးသူထက် သက်တော် သုံးနှစ်ခန့်ငယ်၏။ လူဖလံဖြစ်၏။ စိတ်ထက်သကဲ့သို့ ဉာဏ်လည်း ထက်တော်မူ၏။ အင်္ဂလိပ်နှင့် ပါဠိစကားတို့ကို ကျွမ်းကျင်စွာ ပြောဆိုနိုင်၏။ သီဟိုဠ်နိုင်ငံ၌ ယခုအခါဝယ် ဝိနည်းနှင့် သုတ္တန်သာ အားကောင်း၍ အဘိဓမ္မာ အားနည်းကြောင်းကို ဆို၏။ အဘိဓမ္မာ အားကောင်းရေးအတွက် မြန်မာနိုင်ငံမှ ခေတ်မီအဘိဓမ္မာ နည်းစနစ်များကို လာရောက်လေ့လာကြောင်းနှင့် စာရေးသူ၏ ရွှေညဝါ အမှတ် (၄+၅) နှစ်အုပ်တို့ကို သီဟိုဠ်ဘာသာဖြင့် ထုတ်ဝေလိုကြောင်း၊ စာရေးသူက ထိုစာအုပ် နှစ်အုပ်တို့ကို ပါဠိဘာသာဖြင့် ပြန်ဆိုပေးစေလိုကြောင်း အဘိယာစက ပြုလာ၏။ စာရေးသူလည်း အချိန်အနည်းငယ် ပေးရမည် ဖြစ်ကြောင်း၊ ပါဠိဘာသာသို့ ပြန်ဆိုပေးမည် ဖြစ်ကြောင်း၊ ပါဠိဘာသာသို့ အကြမ်းပြန်ဆိုပြီးလျှင် အရှင်မြတ်ကိုယ်တိုင် ကြွရောက်၍ ပြင်ဆင်ပေးရမည့်အကြောင်း၊ ဤကဲ့သို့ ဆောင်ရွက်မှုအားလုံးတို့သည် ဓမ္မဒါန စစ်စစ်သာဖြစ်ပြီး မြန်မာနိုင်ငံ၏ ဖြူစင်သော ဓမ္မလက်ဆောင်သာဖြစ်ကြောင်းတို့ကို ပြောဆိုပြီးလျှင် အရှင်သုဓမ္မာဘိဝံသ၏ ဆက်သွယ်ရမည့် လိပ်စာတို့ကို မှတ်သားကာ ပင်းတယသို့ ပြန်လာခဲ့ပါ၏။
ရွှေညဝါအမှတ် (၄+၅)တို့ကို ပါဠိဘာသာသို့ မပြန်မီ ရေးလက်စဖြစ်သော ရွှေသီလက္ခန် (ပထမတွဲ)ကို လက်စသတ်နိုင်အောင် ကြိုးစားခဲ့ရာ နှစ်နှစ်ခန့် ကြာမြင့်ခဲ့ပါ၏။ ထို့နောင်မှ ရွှေညဝါ
No comments:
Post a Comment