Monday, December 17, 2018

သုတ်​နက်​​လေး​တွေ ရရဲ့​သေးလားဖျား...

သုတ်​နက်​​လေး​တွေ ရရဲ့​သေးလားဖျား...
          "အ​တ္ထော အက္ခရသညာ​တော"
အတ္ထော-စာအုပ်ဘောပင် ဖေစ်ဘုက်တစ်ခွင် ပြဲပြဲစင်အောင် မွှေနောက်လေ့လာအပ်သော အတွေ့အကြုံ အစုံစုံသဘော အနက်အတ္ထောကို၊ အက္ခရသညာတော-ဘာသာအက္ခရာ စာလုံးအမျိုးမျိုး ဝက်သားတုတ်ထိုးသလို စီကာပတ်ကုံး ရေးနည်းထုံးဖြင့် အမုန်းအချစ် စုံစေ့ရစ်ကာ မှတ်သားလေ့လာရပေ၏။ (​မော်​လမြိုင်​ ဘုန်းနန္ဒရဲ့ အနက်​ပါဖျား)
(တနဲး) အတ္ထော၊ လောကီလောကုတ္တရာ နှစ်ဖြာဖြစ်ပျက် ဘဝဇာတ်သည်​ (ဝါ) ကို။ သောတုဇနေဟိ၊ စာသင်သားတို့သည် (ကတ္တား)၊ ဣတော၊ ဤနေ့မှ (အပါဒါန်)၊ ပဌာယ၊ အစပြု၍ (ကြိယာဝိသေသန)၊ နိဗ္ဗာနဿ၊ နိဗ္ဗာန်​၏ (သမ္ဗန်)။ အတ္ထာယ၊ အကျိုးငှါ (သမ္ပဒါန်)၊ ပေါတ္ထကေသု၊ စာအုပ်တို့၌ (ဗဟိဒ္ဓါဓာရ)။ ဟဒယေ၊ နှလုံးသား၌ (အဇ္ဈတ္တိကာဓာရ)။ ဥာဏေန၊ ဥာဏ်ဖြင့် (အဇ္ဈတ္တိကကရိုဏ်း)။ အက္ခရသညာတော၊ အက္ခရာတို့ဖြင့် ကောင်းစွာ သိအပ်မှတ်အပ်​သည်။ ဟောတိ၊ ဖြစ်၏ (ကြိယာ)။ (​ရွှေသုန်​)

               "နယေ ပရံ ယုတ္တေ"
ယုတ္တေ-ပေါင်းသင့်တဲ့သူနဲ့တွေ့သော်၊ ပရံ-ကိုယ့်နောင်ရေးကောင်းစားဖို့အတွက်၊ နယေ-ရှေ့နောက်ဝန်းရံကာ ပေါင်းယှဉ်တွဲရာ၏..။ (ဘုန်းနန္ဒအနက်​)
(တနဲး) ယုတ္တေ၊ ကပ်ဖားရပ်ဖား အကောင်မျိုး ရှိခဲ့သော်။ ပရံ၊ ရွာနောက်ရှိမှန် ခွေးသုသာန်သို့။ နယေ၊ လျင်စွာမနှေး အမြန်ပင် ပို့ဆောင်ပေးရာ၏။ (​ရွှေသုန်​)
(တနဲး) ယုတ္တေ၊ယှဉ်သင့်ရာဌာန၌ (ဝါ) ရိုက်သင့်ရာဌာန ၌ ။ပရံ၊ ​နောက်ဖြစ်သော နားရင်းသို့။ နယေ၊ ဆောင်ရာ၏ (ဝါ)ရိုက်ရာ၏။
ကြားဖူးတာလေးဖျား။ ခ်ခ် အောင်မှတ်လေးတော့ပေးပါနော်အူးးးတို့။ (​ပေါက်​စ)

             "သရာ သရေ လောပံ"
သရေ-အင်အားကောင်းသော မီဒီယာအသံကြောင့်၊ သရာ-အင်အားနည်းသော လူသိနည်းအသံတို့သည်၊ လောပံ-မီးများမီးနိုင် ရေများရေနိုင်ဆိုသကဲ့သို့ ပျောက်ကွယ်ရတတ်လေ၏။
ခေတ်သစ်နဲ့ထင်ဟပ်ပြီး စုတ်သပ်သပ်နဲ့ ဆွဲချလိုက်ပြန်ပြီနော်။ အဆက်အစပ်ဆိုတာ မလေ့လာမသင်ကြား မဖြန့်ဝေလို့ရှိရင် တစ်နေ့နေ့ ပျောက်ရမယ့် အရာတွေ အများကြီးရှိတယ်။ (ဘုန်းနန္ဒ)
(တနဲး) သရာသရေ လောပံ - သဒ္ဒါမကျေ တောပြန်
(ဝါ) တခါတလေ ပြောင်းပြန်၊ ပုန ဝါ ပန - တခါတလေ စာမရပြန်။ (အရှင်​ဉာနိက ခမီ​သွေး)
            
              "ဝါ ပ​ရော အသရူပါ"
ဝါ-အချို့လူတွေက။ အသရူပါ-ရုပ်မလှတဲ့ သူတွေကိုထာပြီး။ ပရော-နောက်တစ်ယောက်ပြောင်းသွားတယ်။
                                             (အရှင်​သီဟနန္ဒ)
              "အံ ဗျဉ္ဇ​နေ နိဂ္ဂဟိတံ"
ဗျဉ္ဇ​နေ-ချိုသာ​အေးမြ သရမပါ ချဉ်​ဖတ်​ဗျဉ်း​တွေချည်း အပြီးတင်​လို့. နိဂ္ဂဟိတံ-နှိပ်​ကွပ်​နှိမ်​နင်း, ကြိတ်​မှိတ်​​အောင့်​အီး, ရန်​ကုန်​ဘတ်​ကားစီးရသလို ပွတ်​သိပ်​လွန်းလှ​ချေ​သော်​. အံ-အံတိုလို့ စိတ်​တိုစိတ်​ပျင်း စိတ်​မရှည်​ခြင်းသည်​. ​ဟောတိ-​မျှော်​​တွေးရမ်းဆ ​နေ့စဉ်​ကြုံ​တွေ့ရတတ်​​လေသတည်း။ (ဘုန်းနန္ဒ)
(တနဲး) ဗျဉ္ဇနေ၊ ဘုန်းနန္ဒသည် နောက်မှ နေ၍ ဗျင်းလိုက်ခြင်းကြောင့်။ နိဂ္ဂဟိတံ၊ အနှိပ် ခံရတဲ့ ကိုနိုင်ကြီးသည်။ အံ၊ ထိုးအန်ပါ တော့၏။ (အထ၊ ထိုအခါ၌။)
                 "ဝဂ္ဂနံ္တ ဝါ ဝ​ဂ္ဂေ"
ဝဂ္ဂေ ဝါ၊ ဝက်သားဘီးစပတ်တုံးကြီးတို့ကိုလည်း။ ဝဂ္ဂနံ္တ၊ ဝက်သားတုတ်ထိုးကို။ (ကတွာ၊ ပြု၍။ ဝဒါမိ၊ အရှင်ဘုရား စိတ်လျော့စိတ်လျော့ ဟူ၍ ချော့ရပါပေတော့၏။) (​ရွှေသုန်​)
                
                  "ဧ​ဟေ ဉံ"
ဧဟေ- ဒီဆရာတွေကဖြင့်၊ ညံ - အတော်ဆူညံနေကြကုန်၏။ အဟိ! ဝင်ယောင်ကြည့်ပြီး လှစ်မှ ဝှစ်!!"
(အရှင်​ဝိဇ္ဇာနန္ဒ. အမိ​မြောင်းမြ မြတက္ကသိုလ်​ကြီး)

          "ဇိနဝစ န ယုတ္တံ ဟိ"
ဇိန၊ မြတ်ဘုရားဟောကြားအပ်သော။ ဝစ၊  ပါဠိတော်အဋ္ဌကထာများကို။ န ယုတ္တံ၊ အွန်လိုင်းပေါ်သာ  လေပေါနေကြသဖြင့် ပါဠိအဋ္ဌကထာများနှင့် မယှဉ်ခြင်းသည် ။ ဟိ၊ စာမေးပွဲ ကျဖို့ရန် ဧကန်မှန်ပေ၏။
ဟာာာာားးးးး သူများလို ရွှီးကြည့်တာ
                    (အရှင်​​တေဇနိယ အင်း​တော်​)

           "နံ ဈ​တော ကတရသာ"
နံ ဈတော ကတရသာ၊နံ ဈတော နံကြားထိ မင်ကြောင်ထိုးသူသည်(ဝါ)နံကြားထိ တက်တူထိုးသူ၊ကတရသာ အလွန်ရဲရင့်၏၊၊ (TZ Lat)
(တနဲး) နံ ဈတော ကတရသာ...
ဈတော. ဈမျဉ်းဆွဲ​ဈေးမှ၊ နံ. အလွန်နံ​သော ဆိတ်​သားသည်​၊ ကတရသာ.​နည်းစနစ်​ကျကျ ​ဆေး​ကြော၍ ချက်​ပြုတ်​​ခြင်း​ကြောင့်​ ​ကောင်းမြတ်​​သော အရသာရှိ​ပေ၏။
သွားရည်​​တောင်​ ယိုရာဘီ​နော့....(​ရွှေသုန်​)
(တနဲး) နံ-ထိုလင်းမြွေဟင်းချက်နည်းကို၊ ဈ တော- မြောက်ဥက္ကလာ ဈမျဉ်းဆွဲ​ဈေးမှ နံနံပင်ဝယ်သော ဆရာသုန်မှ။ ကတရသာ-ပြုတ်ပြီး အသားတွေချည်းယူကာ အရေညစ်ပြီး စပ်ကြော်ကြော်စားပါက အလွန်အရသာရှိကြောင်း ကယားဆောင်အခန်းထဲမှာ ပြောဖူးသည်၏ အဖြစ်ကို၊ (သရာမိ-အမှတ်တရ ရှိနေလေတော့၏။) (အရှင်​ပညာသာမိ)
တာ​လောဒ​ကေန.ရှလွှတ်​...(​ရွှေသုန်​)

           "ဧ​တေသ​မော ​လော​ပေ"
လော​ပေ=စာမကျက်​ပဲ ​လေ​ပေါခြင်းသည်​(ဝါ) မက်​စင်​ဂျာချက်​ လိုင်း​ပေါ်တက်​၍ ​လေအိုးခြင်းသည်​။ သတိ=ရှိလ​သော်​။ ဧ​တေသံ=ထို​လေအိုးတို့အား(ဝါ) air ​ဗဟုတို့အား။ (အာယတိံ=​နောင်​အခါ၌။) ​မော=စာ​မေးပွဲကျ ရင်​​မောရခြင်းသည်​။ ဘဝိဿတိ ဖြစ်​လတ္တံ့။
စဒါဘာ.ကွကိုယ့်​ ဆုံးမနာ။ (အရှင်​ပညာဝံသာလင်္ကာရ .ဝါ. ​မောင်​မိုး​ဆွေ ဒီပဲယင်း)
(တနဲး) ဧ၊ မ​အေးရဲ့ ​မောင်​ဖြစ်​ကြကုန်​​သော။ ​တေသံ၊ ရှင်​ပညာ​လေးဦး​ဆောင်​တဲ့ အရှင်​မြတ်​တစ်​စုတို့၏။ ​လော​ပေ၊ ​လေ​ပေါချက်​က​တော့။ သြ၊ သြချရပါ​ပေ၏။ (​ရွှေသုန်​)
(တနဲး) လောပေ၊လေပေါခြင်းသည်။ ဧတေ၊ထိုပညာရှင်လေးဦးနှင့်တူသော ကတုံးပြောင်စိန်မောင်ပိန်တို့အဖွဲ့သည်။ သမော၊​ဘေဖိုးကုန်၍ပိုက်ဆံအချေးကြမ်းသော မိတ်ဆွေနှင့်တူပါပေ၏။ ​တေသံ၊ထိုကတုံးပြောင်စိန်မောင်ပိန်တို့အဖွဲ့အား။ ​ဝေါင်​​ဝေါင်ရှေး၊ ဝေးဝေးရှောင်ကြကုန်လော့။ (လက္ခဏ ​ပျော်​ဘွယ်​တွင်းရွာ)

"​တေ ဣတ္ထိ ချာ​ပေါ၊ အာ​ဃော၊ သံသာ​သွေကဝစ​နေသု စ၊ သာဂ​မော ​သေ"
တေ ဣတ္ထိ.ဒီအသည်း​လေးသည်​၊ ချာ​ပေါ.​ချောပါ၏ (ဝါ) စွန်းလန်း​နေပါ၏၊ အာ​ဃော.အာဂဟာ​လေးပါ​နော့၊ သံသာသု.အသံ​ယေး တသာသာနဲ့ စာပလ္လအမူရာနဲ့တကွ ဖြစ်​ကုန်​​သော၊ ဧကဝစ​နေသု.ချစ်​တယ်​ဟူ​သော စကားလုံး​လေးနဲ့တကွ ​ကြွေတယ်​ ​ဝေတယ်​ ​မွှေးတယ်​ အစရှိကုန်​​သော ​တော်​ကီ​လေး​တွေ​ကြောင့်​၊ စ.လာစကြကုန်​​သော၊ သာဂ​မော.သာသနနဲ့တကွ လက္ခဏ. ဝီရ. ​မောင်​ဥတ်​. နဂါး. အရိပ်​စစ်​. သဲကုန်း. အဇ္ဇဝ. ​မောင်းခူန်း. ​မောင်​​ပေါက်​ဟူ​သော မသာအ​ပေါင်းသည်​၊ ​သေ.ဟစိဟစိမျှ မလှုပ်​ရဘဲ ​သေကြ​လေကုန်​​တော့၏။ စထှာဟုပု။ အတည်​​ပြောလတ်​ထှာ။ (​ရွှေသုန်​)
:-P :-P :-P

No comments:

Post a Comment