Friday, August 31, 2018

မဏီစလမြတောင်

ရွှေဝါဝင်းဆရာတော်ဘုရားကြီးရှိစဉ်အခါက မှည့်ခဲ့တဲ့နာမည် ထောင်ခဲ့တဲ့အသင်းပါ

ဆရာတော်ကြီးရှိစဉ်အခါက ဘုရားဝတ်တက်ပြီးတိုင်း အဲ့ဒီမဏီစလဆိုတဲ့ပုဒ်ကို ရုပ်တွက်တွက်ခိုင်းသတဲ့

မဏီစလ ကို မဏိ + အစလ တည် ဝါပရောဖြင့် ဣ မှနောက်ဖြစ်သော အ ကို ချေ ၊ ပုဗ္ဗော စဖြင့် နောက် အသရကျေပြီးသော် ရှေ့ဏိက  ဣ ကို ဤဒီဃ ပြုပြီး မဏီစလလို့ရုပ်ပြီးပါတယ်

မဏိ က မြ ၊ အစလ က တောင်
အဓိပ္ပာယ်က မြတောင်ပါပဲ အဲ့ဒါ ရွှေဝါဝင်းကျောင်းနေတဲ့ သူငယ်ချင်းကပြောပြတာပါ တပည့်တော်တို့လည်း အရှင်ဘုရားလိုတွေးမိနေလို့ မေးကြည့်မိတာ

ပြီးတော့ မြတောင်တိုက်ရဲ့ မဏီစလောပဒေသဆိုတဲ့ ကျမ်းဆိုတာလည်း ရှိပါတယ် ဘုရား

သံဝဏ္ဏေတဗ္ဗ အပါကဋ ဖြစ်လတ်က

ဒဋ္ဌဗ္ဗဘာဝသင်္ခါတေန သဟ နိဒဿနေနာတိ
သနိဒဿနာ။(နီ-၈၉)
သနိဿနာ-ကား
သဟပုဒ်+နိဒဿနပုဒ်ဖြင့်ပြီးသော ပထမာဗဟုဗ္ဗီဟိ
သမာသ်ပုဒ်တည်း။
ဒဋ္ဌဗ္ဗဘာဝသင်္ခါတေန-ဖြင့် နိဒဿနေန-၌
နိပုဗ္ဗဒိသဓာတ်၏အဖြစ်ကို၎င်း(၁)
နိဥပသာရပုဒ်၏ ဓာတွတ္ထာနုဝတ္တကအဖြစ်ကို
၎င်း(၂)
ယုပစ္စည်း၏ ကမ္မသာဓန၌ သက်သည်၏အ
ဖြစ်ကို၎င်း(၃)
နိဒဿိတဗ္ဗန္တိ နိဒဿနံ-ဟု ဝိဂြိုဟ်ဆိုရမည်
အဖြစ်ကို၎င်း(၄)
နိဒဿန-အရ မြင်အပ်သောရူပါရုံကို မယူရ
မြင်ခြင်းကြိယာကို ယူရမည်အဖြစ်ကို၎င်း(၅)
သိစေပါသည်။
၁။ဒုတိယဓာတုပဒ
၂။ဥပသဂ္ဂလိင်္ဂတ္ထ
၃။ဒုတိယပစ္စယတ္ထ
၎။အဘိဓာနတ္ထ
၅။အဘိဓေယျတ္ထ

သဟ နိဒဿနေန-ဖြင့် သနိဒဿနာ-၏
ဗဟုဗ္ဗီဟိသမာသ်အဖြစ်ကို၎င်း(၁)
ယင်းသမာသ်သည် ကတ္တားအနက်ဟောသည်၏အဖြစ်ကို၎င်း(၂)
သဟ နိဒဿနေန ယေ ဝတ္တန္တီတိ သနိဒဿနာ-ဟု ဝိဂြိုဟ်ဆိုရမည်အဖြစ်ကို
၎င်း(၃)
သ-၏ သဟသဒ္ဒါ၏ ကာရီယအဖြစ်ကို၎င်း
(၄) သိစေပါသည်။
၁။သမာသလိင်္ဂပဒ
၂။သမာသလိင်္ဂတ္ထ
၃။အဘိဓာနတ္ထ
၎။နိပါတလိင်္ဂပဒ

*သဟ နိဒဿနေန ယေ ဝတ္တန္တီတိ ဟူသော
ဝိဂြိုဟ်ဝါကျအခိုက်အတန့်၌ ယေ-ဟူသော
အညပုဒ်နှင့် နိဒဿနေန-ပုဒ်တို့ အရကွဲရန်
ဘာဝပ္ပဓာန်ကြံရသည်။

**သံဝဏ္ဏေတဗ္ဗပုဒ်အရကောက် ဇဝေဇဝါဖြစ်
နေ၍ ကတ္တားဟောဟု ထင်ရှားသောပစ္စ
ည်းနှင့်ဘာဝသဒ္ဒါထည့်ဖွင့်မူ ကတ္တုသာဓန
ဝိဂြိုဟ်ဆို ဘာဝပ္ပဓာန်ကြံ။
*ပြယုဂ်။ ပဋိဟနနဘာဝသင်္ခါတေန သဟ
ပဋိဃေနာတိ  သပ္ပဋိဃာ။(နီ-၈၉)
ဤ၌ ပဋိဃေန-၌ ပဋိဃ-အရ  ထိခိုက်တတ်
သော ရူပါရုံကို ယူရမှာလား ထိခိုက်းခြင်းကြိ
ယာကို ယူရမှာလား ဇဝေဇဝါဖြစ်နေ၍
ပဋိဟနနဘာဝ-ဟု ကတ္တားဟော ယုပစ္စည်း
နှင့်ဘာဝထည့်၍ဖွင့်သည်။
သပ္ပဋိဃာ-ကား သဟပုဒ်+ပဋိဃပုဒ်ဖြင့်ပြီး
သော ပထမာဗဟုဗ္ဗီဟိသမာသ်ပုဒ်တည်း။
ပဋိဟနနဘာဝသင်္ခါတေန-ဖြင့် ပဋိဃေန-၌
ပတိပုဗ္ဗဟနဓာတ်၏အဖြစ်ကို၎င်း (၁)
ရပစ္စည်း၏ ကတ္တုသာဓန၌ သက်သည်၏အ
ဖြစ်ကို၎င်း(၂)
ပဋိဟညတီတိ ပဋိဃော-ဟု ဝိဂြိုဟ်ဆိုရမည်
အဖြစ်ကို၎င်း(၃)
ပဋိဃအရ ထိခိုက်ခြင်းကြိယာကို ယူရမည်
အဖြစ်ကို၎င်း(၄)
ပတိဥပသာရပုဒ်၏ ဓာတွတ္ထာနုဝတ္တကအဖြစ်
ကို၎င်း(၅) သိစေပါသည်။
၁။ဒုတိယဓာတုပဒ
၂။ဒုတိယပစ္စယတ္ထ
၃။အဘိဓာနတ္ထ
၎။အဘိဓေယျတ္ထ
၅။ဥပသဂ္ဂလိင်္ဂတ္ထ

*သဟ ပဋိဃေန-ဖြင့် သပ္ပဋိဃာ-၏
ဗဟုဗ္ဗီဟိသမာသ်အဖြစ်ကို၎င်း(၁)
ယင်းသမာသ်၏ ကတ္တားအနက်ဟောသည်၏
အဖြစ်ကို၎င်း(၂)
သဟ ပဋိဃေန ယေ ဝတ္တန္တီတိ သပ္ပဋိဃာ-
ဟု ဝိဂြိုဟ်ဆိုရမည်အဖြစ်ကို၎င်း(၃)
သ-၏ သဟ-၏ကာရီယအဖြစ်ကို၎င်း(၄)
သိစေပါသည်။
၁။သမာသလိင်္ဂပဒ
၂။သမာသလိင်္ဂတ္ထ
၃။အဘိဓာနတ္ထ
၎။နိပါတလိင်္ဂပဒ

*သဟ ပဋိဃေန ယေ ဝတ္တန္တီတိ -ဟူသော
ဝိဂြိုဟ်ဝါကျ၌  ယေ-အရ ထိခိုက်တတ်သော
ရူပါရုံ၍ ပဋိဟညတီတိ ပဋိဃော-ဟု
ကတ္တုသာဓနဝိဂြိုဟ်ဆိုရသော ပဋိဃေန-၌
ပဋိဃ-အရလည်း ထိခိုက်တတ်သောရူပါရုံ
ရ၏။ ထိုကြောင့် အရကွဲရန် ပဋိဃကို
ဘာဝပ္ပဓာနကြံရသည်။

*နိယံ* သံဝဏ္ဏေတဗ္ဗ အပါကဋ ဖြစ်လတ်က
ကတ္တုဝါစက ပါကဋနှင့် ဘာဝစွက်ကာ
ဖွင့်ပြလာ မှတ်မုချ ကတ္တုသာဓန ဘာဝပ္ပဓာန

ဒုတိယပါရာဇိကလာ တဒ္ဓိတ်ပုဒ်များကို သုတေသနပြုခြင်း

'' ဒုတိယပါရာဇိကလာ တဒ္ဓိတ်ပုဒ်များကို သုတေသနပြုခြင်း ''
********************************************

နံပါတ် (၆)အာဘော်သံဝဏ္ဏနာပိုင်းဆိုင်ရာ တဒ္ဓိတ်ပုဒ်တွေကို ဆွဲထုတ်ပြီး လေ့လာလိုက်တော့
သူက တော်တော်ရှားပါးပုဒ်မျိုးပဲ။

အများဆုံးက သမာသ်နဲ့ကိတ်။
ဒါနဲ့ နည်းတာကို ဆွဲထုတ်လေ့လာနည်းနဲ့ တဒ္ဓိတ်ပုဒ်တွေ
ကို သုတေသနပြုမိတယ်။

တဒ္ဓိတ်နဲ့ ပတ်သတ်ပြီး…

၁။ကျေရာတဒ္ဓိတ်ဆိုတာ သတိထားရမယ်။

၂။တဒ္ဓိတ်ထဲမှာ ဘာဝတဒ္ဓိတ်ကပါနေတော့__သူ့ကို
အဋ္ဌကထာဆရာကြီးများက ယု-ပစ္စည်း/ဘာဝ သဒ္ဒါ/
အာကာရသဒ္ဒါနဲ့ဖွင့်ဆိုတယ်။
(သံဝဏ္ဏေတဗ္ဗ၊တဒ္ဓိတကို၊ယု ပစ္စယ၊အာကာရနှင့်၊ဘာဝ
သဒ္ဒါ၊ဖွင့်ပြလာ၊ကြံပါ ဘာဝတဒ္ဓိတ)

၃။ဗဟုဗ္ဗီနဲ့ဖွင့်တတ်တယ်။
(သံဝဏ္ဏေတဗ္ဗ၊တဒ္ဓိတကို၊ဗဟုဗ္ဗီဟိ၊ဖွင့်ပြရှိ၊အဿ      တ္ထိဟုကြံ)

(ဗဟုဗ္ဗီဟိ၊အဿ      တ္ထိ၊ရှိလည်းပါပါစေ)

ဒီလောက်ဆိုရင် အတော်အလုပ်ဖြစ်ပါပြီ။
နောက်…
''သံဝဏ္ဏေတဗ္ဗ၊ရှိတာမပြ၊အနတ္ထက၊မရှိတာပြ၊တဒ္ဓိတ လောပကြံစရာ''နိယံလေးကို လိုသုံးလုပ်ကြည့်။အားလုံး
ဂွတ်တယ်။

ကဲဒီပုဒ်လေးတွေ လေ့လာကြည့်ကြရအောင်။

သကေ/ပါသာဒိကာ/လောဟိတိကာ/ဇနတာ/ပါတဗျတာ/နဂရပဋိသင်္ခါရိကာ-၌ ပဋိသင်္ခါရိကာ/
ခဏ္ဍာခဏ္ဍိကံ/လောမံ/သာမညံ/ပုရာဏဝေါဟာရိကာ-
၌ ဝေါဟာရိကာ။

၁။ပထမဆုံး စိတ်ထဲကနေအနက်ပေးကြည့်ပါ။
အနက်ပေးက အရေးကြီးတယ်။
'' အနက်ဧဝ ဝိဂြိုဟ်၊ဝိဂြို ဟ်ဧဝ အနက်'' လို့တောင်ဆို
ရလောက်အောင် အရေးပါပါတယ်။

၂။ဒုတိယအချက်_ပုဒ်+ပစ္စည်းခွဲ။

ပုံစံ။     ။
သကေ=မိမိ၏ ဥစ္စာ။
သ-ပုဒ်+က ပစ္စည်း။

အစပ်သမ္ဗန်က ''၏" ဆိုတဲ့အတွက် ''သ ဝိဘတ်''နဲ့
သဿ       ။ ဥစ္စာ ကို '' ဣဒံ '' ယူ။
သဿ      -အတ္တနော+ဣဒံ သကံ ပြု ။

အဋ္ဌကထာအဖွင့်မှာ…
သကေတိ အတ္တနော သန္တကေ။(ဋ္ဌ-၂၄၉)ရှိပါတယ်။
အဲဒီအဖွင့်ကို သ-ကို အတ္တနော လို့ဖွင့်တယ်။
က ပစ္စည်းအနက်ကို သန္တကေ လို့ဖွင့်တယ်လို့ မြင်အောင်
ကြည့်နိုင်ရပါမယ်။

ဒါ့ကြောင့် …
အတ္တနော သန္တကေ ဟူသောသံဝဏ္ဏနာပါဌ်ဖြင့်…
သကေ ၌ သ ၏ အတ္တသဒ္ဒါ၏ကာရီယအဖြစ်(နာမလိင်္ဂပဒ)၊
တစ်နည်း-သ ၏ မိမိဟူသောအနက်ဟော(နာမလိင်္ဂတ္ထ)
/
က-ပစ္စည်း သန္တက အနက်/ဣဒံအနက်၌ သက်(ပစ္စယတ္ထ)
/
သဿ      -အတ္တနော ဣဒံ သကံ ဟု ဣဒံတဒ္ဓတ်ပြု (အဘိဓာနတ္ထ)သိစေပါသည်။

#အတွေ့များ၏။

#မရှိတာပြ ဆိုတဲ့စကားကိုယူ။
ပြထားတာ ကျေနေတာ။တနည်းးးအဲဒီအနက်မှာ ပစ္စည်း
သက်တာ/တဒ္ဓိတ်နာမည်ကို #ကျေရာတဒ္ဓိတ် နှင့်အညီ
အဲဒီအမည်ပေး။

'''ပါသာဒိကာ=ကြည်ညိုခြင်းကို ဖြစ်စေတတ်သည်။''
ပသာဒ ပုဒ်+ဏိက ပစ္စည်း။
ဇနေတိကျေ/အစပ်---အံ ဝိဘတ်။ကာရိုက်ဝင်။

'' ပသာဒံ ဇနေတီတိ ပါသာဒိကာ ဟု '' ဇနေတိတဒ္ဓိတ်ပြု ''

အဖွင့်။     ။ပါသာဒဇနိကာတိ ပသာဒဇနိတာ။
ဇနိတ ပိုဖွင့်ပြီး ဏိကပစ္စည်းသက်တဲ့အနက်ပြ။ဇနေတိတဒ္ဓိတ်ပြူစေလို။

လောဟိတိကာ=နီသောအဆင်းရှိသည်။
လောဟိတ ပုဒ်+ဏိက ပစ္စည်း။

'' ရှိ '' ဟူသောအနက်ကို ဆင်ခြင်။
ထို့ကြောင့်…
လောဟိတံ အဿ       အတ္ထီတိ လောဟိတိကာ ဟု အဿ      တ္ထိ
တဒ္ဓိတ်ပြု ။

#သံဝဏ္ဏေတဗ္ဗ၊တဒ္ဓိတကို၊ဗဟုဗ္ဗီနှင့်၊ဖွင့်ကာပြ၊အဿ
တ္ထိဟုကြံ။

အဖွင့်။     ။လေဟိတိကာတိ လောတိတဝဏ္ဏာ။(ယင်း)

'' ရှိ '' ဖြင့်ပစ္စည်းသက်ရာအနက်/တဒ္ဓိတ်အမည်ပြောပြီး
ဖြစ်၍ ''ဝဏ္ဏ''သဒ္ဒါပိုဖွင့်ခြင်းသည် လောဟိတ=အရ
သွေးမဟုတ်။နီသောအဆင်းကို ယူဟုပြသည်။

ကျန်ပုဒ်များကို ဤနည်းမှီ၍ …
အနက်ပေး/
ပုဒ် ခွဲ+ပစ္စည်းခွဲ။
တဒ္ဓိတ်အမည်ခွဲပါလေ။

စာချတန်းအောင်ပန်း ဆွတ်ခူးနိုင်ကြပါစေသတည်း။

အရှင်ဂန္ဓမာ(မစိုးရိမ်)
13-2-2018.

ပခုက္ကူ စာသင်နည်း နိဿရည်း

အဂ္ဂမဟာပဏ္ဍိတ ဆရာတော်
                အရှင်ပညာမဟာထေရ်၏
       [ ပခုက္ကူ စာသင်နည်း နိဿရည်း ]
                 သြဝါဒကထာ
  { စာပေဗဟုသုတ လိုလားသူများအတွက် }
===============================

စာပေ ပရိယတ္တိသင်ယူရာ၌  မူလအခြေခံဖြစ်သော သဒ္ဒါဘက်၌ သဒ္ဒါ ဗလာဝတာရ ရူပသိဒ္ဓိ  သုတ်စဉ် ပုဒ်စစ်
စသည် မသင်ယူရသေးသော သူဖြစ်အံ့-------

( က ) ရှေ့ ဦးစွာ နေ့ ဘက် သဒ္ဒါ ဗလာဝတာရ ရူပသိဒ္ဓိ
          တက်ဆို။

( ခ ) ညဘက် သုတ်စဉ် သုတ်နက် ရုပ်တွက် သို့ မဟုတ်
        ပုဒ်စစ် သဒ္ဒါစစ် သုတ်စစ်ဆို ရုပ်တွက် သဒ္ဒါဘက်
         ဆိုင်ရာများကို ဂိုဏ်းပြေး။

( ဂ ) စာဝါကြီးဘက်က ဝိနည်းပါဠိတော်နှင့် အဋ္ဌကထာ
        တွဲတက် နေ့ စဉ် စာစပ်ပေး စာစပ်နိယံလည်း
        အရကျက်ဆောင်ထား ဤသို့ တွဲဖတ် ပြုလုပ်
        အားထုပ်ခဲ့ပါလျှင် သဒ္ဒါ လည်း မြင် ပါဠိတော်
       အဋ္ဌကထာတို့ ၏ မြန်မာအနက် အဓိပ္ပါယ်လည်း
       လျင်လျင် မြန်မြန် ကျွမ်းကျင်လာနိုင်သည်။
#############################

            *******အခဏ်း [ ၂ ]********

နာမ်ရုပ်နှင့်စပ်သော အဘိဓမ္မာတို့ ၌ မသင်ယူ မကျွမ်းကျင်
သေးသော သူဖြစ်မူ-------

[ က ] နေ့ ဝါ သင်္ဂြိုလ် တက် ဆို သရုပ်ခွဲ။

[ ခ ] ညဘက်၌လည်း သရုပ်ခွဲ မာတိကာ ဓာတုကထာ
       ဝီထိလက်ရိုး ပဋ္ဌာန်း သုံးချက်စုနှင့်  အဘိဓမ္မာဘက်
       ဆိုင်ရာ အကျဉ်းမှတ်စု လင်္ကာများ အရကျက်ထား။

[ ဂ ] စာဝါကြီးဘက်၌  ဒီဃနိကာယ အပါအဝင် သီလက္ခန္ဓ
       ဝဂ္ဂ မဟာဝဂ္ဂ ပါထေယျဝဂ္ဂ ပါဠိတော်နှင့် အဋ္ဌကထာ
       ကျမ်း အစဉ်လိုက် တက်ဆို။

[ ဃ ] သို့ မဟုတ် အဘိဓမ္မာခုနှစ်ကျမ်း ပါဠိတော်နှင့်
         အဋ္ဌကထာဖြစ်ကြသော အဋ္ဌသာလိနီ သမ္မောဟ
         ဝိနောဒနီ ပဉ္စပကရဏတို့ ကို ကျမ်းစဉ်လိုက် တက်ဆို
         စာစပ် ဤသို့ တွဲဖတ် စပ်ဆိုင်ရာ ပြုလုပ် အားတိုက်
         သင်ယူခဲ့ပါလျင်  အဘိဓမ္မာသုတ္တန်ဖတ်ဆိုင်ရာ
         နာမ် ရုပ် ခန္ဓာ အာယတန ဓာတ် သစ္စာ ပဋိစ္စသမုပ္ပါဒ်
         ဗောဓိပက္ခိယတရား စသည်တို့ နှင့် ပဋ္ဌာန်း နှစ်ဆယ့်
        လေးပစ္စည်း အကျဉ်း အဓိပ္ပါယ်နှင့် ပါဠိတော်
       အဋ္ဌကထာပါဌ် အနက်ကို လွယ်လွယ် ကူကူ ကွတ်
       ကွတ် ကွင်းကွင်း မြင်နိုင်သည်။
#############################

                 **** အခဏ်း { ၃ }*****

ပဒတ္ထ ဝစနတ္ထ ပုဒ်၏အနက် ဝိဂြိုဟ်၏အနက် အမျိုးမျိုး
သံဝဏ္ဏေတဗ္ဗ  သံဝဏ္ဏနာ စောဒနာ သောဓနာ သင်္ခေပ ဝိတ္ထာရ သာမည ဝိသေသ ဒဠှီယ ဒဠှီကရဏ စသော
ဝါကျတို့ ကို ကွတ်ကွတ် ကွင်းကွင်း မြင်အောင် ချပို့ ပြုလုပ်နည်းမှာ-------

[ က ] ဆရာက ပို့ ချစဉ်ကပင်လျင် အတ္ထသံဝဏ္ဏနာ ဆိုတဲ့
         ဖွင့်ပြအပ်သောအနက် သို့ မဟုတ် အနက်ကို ဖွင့်ပြ
         ကြောင်းဖြစ်သော စကားရပ်သည် သံဝဏ္ဏေတဗ္ဗဖြစ်
         သော ပုဒ်ပါဌ် ဝစန၏ အနက်ပင်တည်းဟု ပြောဆို၍
        အဖွင့်တိုင်း အနက်နည်း အမျိုးမျိုးသွင်း၍ ချပို့ ပေး
        ရသည်။
         သဘောမကျလျင် အနည်းငယ် ရှင်းပြရသည် ဥာဏ်
         ထက်သူမှာ အနက်ရလျှင် အဓိပ္ပါယ် သဘောကျ
         သွားသည်။
         ရှည်ရှည် လျားလျားကြီး ရှင်းပြစရာ မလိုတော့ပေ။

[ ခ ] စောဒနာ သောဓနာ နည်းပြရာ၌ အဋ္ဌကထာတွင်
       ပါတိုင်းသော်၎င်း သို့ မဟုတ် လိုရာဖြည့်စွတ်၍သော်
       ၎င်း ထုတ်ဆောင်ပို့ ချပေးရသည်။
       သို့ မဟုတ် စောဒနာ လုံးလုံး မပါလျင် ဌပနာ ပုစ္ဆာ
        အာဘော်အကြောင်း စောဒနာ တိက စတုက ပဉ္စက
        စသည့်နည်းကို ထုတ်ဆောင်၍ ချပို့ ပြီးလျင်
        သောဓနာဟု ဆိုအပ်သော အဖြေ၌ အဋ္ဌကထာ
        ရှိတိုင်းသော်၎င်း လိုရာဖြည့်စွက်၍သော်၎င်း စုံလင်စွာ
         ချပို့ ပေးရသည်။
        ဥာဏ်ထက်သူမှာ အနက်ရလျှင် ဤသည်ကား
       စောဒက ဆရာစကား ဤသည်ကား အဖြေ
        ပရိဟာရသောဓနာ ဆရာစကားဟု သဘောပေါက်
       နားလယ်သွားသည်။
        ဥာဏ်မလိုက်သူမှာ ၅-မိနစ် ၁၀-၂၀-၃၀မိနစ်လောက်
       ရှင်းပြလိုက်လျှင် သဘောကျသွားသည်။
       ၁=နာရီ ၂=နာရီ ရှည်လျားစွာ ပြောစရာမလို။

[ ဂ ] သင်္ခေပ ဝိတ္ထာရ စသည် ဝါကျနည်း ပြရာတို့ ၌လည်း
        ( ဟိ ) ထိုအကျဉ်းကို အကျယ်ချဲ့၍ ဆိုလိုက်ဦးအံ့။
       
         ( ပန ) သာမညမှ တစ်ပါး ဝိသေသကို ဆိုးဦးအံ့။
           
   ( စ သစ္စံ) ငါဆိုအပ်ခဲ့ပြီးသော ဒဠှီယစကားရပ်သည်
              ဆိုအပ်လတံ့သော ဤ ဒဠှီကရဏ စကားရပ်ဖြင့်
               မှန်ကန်ပေး၏ ။

ဤသို့ အနက်ချစဉ်ကပင် တိတိကျကျ မိမိရရ ထည့်သွင်း
ချပေးလိုက်သောကြောင့် ဥာဏ်ထက်သူဖြစ်လျှင်

[ ပဌမနည်း ] ရှေ့ ဝါကျ စကားရပ်ကား အကျဉ်းသင်္ခေပ
                  စကား နောက်ဝါကျ စကားရပ်က ဝိတ္ထာရစကား။

[ ဒုတိယနည်း ] ရှေ့ ဝါကျစကားရပ်ကား သာမည နောက်ဝါကျ စကားရပ်က ဝိသေသ။

[ တတိယနည်း ] ရှေ့ ဝါကျ စကားရပ်ကား ဒဠှီယ နောက်ဝါကျ စကားရပ်က ဒဠှီကရဏ ဤသို့ ဝါကျ စုံတွဲ
ထိထိမိမိ သိရှိလာသည် သဘော မပေါက်၍ မသိသေးလျင်
စဉ်းငယ် အတန် ရှင်းလိုက်က  သဘောပေါက်သွားတော့သည်။
အချိန်ကုန်ခံ၍ ရှည်လျားစွာ ပြောနေစရာမလို။

[ ဃ ] သံဝဏ္ဏနာ နည်းဘက်ဆိုင်ရာ ကျမ်းငယ်များမှာ
        သံဝဏ္ဏနာဖွင့် စကားပြေနှင့် နည်းလေးဆယ်ကို ညဝါ
        လုပ်ဆို သို့ မဟုတ် အရကျက်ထား စုဒ် စောဒနာနှင့်
        ဝါကျဘက်ဆိုင်ရာများမှာမူ ဂန္ထာဘရဏပါဌ်နှင့် ဋီကာ
        ဂန္ထဋ္ဌိတို့ ကို  တက်ကျက်၊ စံကျောင်းနိယံ ဘုရားကြီး
         နိယံ ဝါကျ ဆိုရိုး စသည်တို့ ကို ညဝါဆို ဤသို့ 
        ဆိုအပ်ခဲ့ပြီးသော သူ့ အခဏ်းနှင့် သူ့ အခဏ်း 
        လျော်ညီစွာ ကိုက်ညီအောင် သင်ယူသွားခဲ့ပါမူ
        ပိဋကတ် ကျမ်းဂန်အရာ၌ မခက်ခဲ့ဘဲ လွယ်ကူစွာ
       မုချဆတ်ဆတ် တတ်မြောက် ကျွမ်းကျင်လာပါလိမ့်မည်

                    
  ***အမှာစကားချပ်**
( ၃ )အခဏ်းကို ( ၁ )အခဏ်းနှင့် တွဲနိုင်သည်။
( ၂ )အခဏ်းနှင့်လည်း တွဲနိုင်သည်။ ဥပုဒ်နေ့ စာဝါပိတ်သော်လည်း သဒ္ဒါငယ်ဘက်ဆိုင်ရာ စာလေးများနှင့်
ဓမ္မပဒအဋ္ဌကထာ စသည်တို့ ကိုတော့ ချပို့ ကြသေးသည်။

         *****အခဏ်း { ၄ }********

သဒ္ဒါဘက် အခြေခံ အဘိဓမ္မာဘက် အခြေခံရှိထားသူမျာမှာ

[ က ] ဝိနည်း သုတ္တန် အဘိဓမ္မာ ပိဋကတ်သုံးပုံ နိကယ်ကြီး
         ငါးရပ် ပါဠိတော် အဋ္ဌကထာ ဋီကာကျမ်းမြတ်များကို
         တနေ့ သုံးဝါ စုံတွဲလျက် ဆိုနိုင်သည်။
        စာအခြေခံရှိသူမှာ ၃-နှစ်လောက် ထိထိမိမိ အားထုတ်
        သက်ယူခြင်းနှင့် ===

[ ခ ] အချို့ လွယ်ကူသော ပါဠိတော်နှင့် အဋ္ဌကထာများ
       အကြားညှပ်၍ ချပို့ လိုက်ပါမူ စာချတဆူဖြစ်၍
        တိုက်တာ တည်ထောင်လအုပ်ချုပ်လျက်
       မြို့ နယ်သာသနာပြု ထေရ်မွန် တပါး ဖြစ်နိုင်ပေသည်။

ဤကား အဂ္ဂမဟာပဏ္ဍိတ ဆရာတော် အရှင်ပညာမဟာထေရ်၏ ပခုက္ကူ စာသင်နည်းတည်း။

ပြန်လည်း တင်ပြသူ  မောင်ပဏ်

ပါဠိပါဌ်ဆင့်ရေးနည်း၊ဖတ်နည်း(၁)

ပါဠိပါဌ်ဆင့်ရေးနည်း၊ဖတ်နည်း(၁)

ပါဠိပါဌ်ဆင့်ရေးနည်းဖတ်နည်းကျွမ်းကျင်နားလည်စေရန်ရှေးဦးစွာအက္ခရာလေးဆယ့်တစ်လုံးနှင့်ယင်းလေးဆယ့်တစ်လုံးမှသရ၊ဗျဉ်းခွဲခြားခြင်း၊သရကိုသံတို၊သံရှည်ခွဲခြားခြင်း၊ဗျဉ်းကိုဌာန်တူရာစုပေါင်း၍အုပ်စုဖွဲ့ခြင်းများကိုနားလည်ရန်လိုအပ်ပါသည်။၎င်းတို့ကိုမြန်မာစာ၊မြန်မာစကားအခန်း(၁၃)တွင်ရှင်းအကျဉ်းမျှရှင်းပြခဲ့သည်။ယခုအကျယ်ချဲ့၍ရှင်းပြပေးပါမည်။

အက္ခရာလေးဆယ့်တစ်လုံး---သရ၈လုံးနှင့်ဗျဉ်း၃၃လုံးကိုပေါင်းလျှင်အက္ခရာလေးဆယ့်တစ်လုံးရသည်။၎င်းသရ၈လုံးမှာ=အ၊အာ၊ဣ၊ဤ၊ဥ၊ဦ၊ဧ၊သြ။တို့ ဖြစ်သည်။
၎င်းသရ၈လုံးကိုသံတိုရဿ      ၃လုံး၊အသံရှည်ဒီဃသရ၅လုံးဟူ၍ခွဲခြားထားသည်။
၎င်းတို့မှာ။
အသံတိုရဿ      ။အ၊ဣ၊ဥ၊
အသံရှည်ဒီဃ။အာ၊ဤ၊ဦ၊ဧ၊ သြ။။တို့ဖြစ်သည်။

ဗျဉ်း၃၃လုံးကိုဌာန်တူရာ၊ဌာန်နီးစပ်ရာအုပ်စုဖွဲ့ထားရာယင်းအုပ်စုကိုဝဂ်ဟုခေါ်သည်။ဌာန်မတူသောဗျဉ်းများကိုအုပ်စုဖွဲ့၍မရသဖြင့်အဝဂ်ဟုခေါ်သည်။ဝဂ်ဗျဉ်း၂၅လုံးကိုဒေါင်လိုက်ဇယားအရမထမအက္ခရာ၊ဒုတိတယအက္ခရာ၊တတိယအက္ခရာ၊စတုတ္ထအက္ခရာ၊ပဉ္စမအက္ခရာဟုခေါ်လေ့ရှိသည်။

ထိုတွင်ပမထအက္ခရာ၊ဒုတိယအက္ခရာနှင့်ပဉ္စမအက္ခရာတို့သည်မိမိတို့အချင်းချင်းဆင့်နိုင်သည်။ထို့အပြင်ပထမအက္ခရာသည်ဒုတိတယအက္ခရာအေ ပါ်၌ဆင့်နိုင်သည်။

ပါဠိပါဌ်ဆင့်ရေးနည်း၊ဖတ်နည်း(၂)တတိယအက္ခရာသည်စတုတ္ထအက္ခရာအပေါ်၌ဆင့်နိုင်သည်။ပဉ္စမအက္ခရာသည်ရှေ့ဗျဉ်းလေးလုံးပေါ်၌ဆင့်နိုင်သည်။

ဝဂ်(အုပ်စုဖွဲ့ပုံ)
ပထမဝဂ်တွင်။။က၊စ၊ဋ၊တ၊ပ

ဒုတိတယဝဂ်တွင်။။ခ၊ဆ၊ဌ၊ထ၊ဖ

တတိယဝဂ်တွင်။။ဂ၊ဇ၊ဍ၊ဒ၊ဗ၊

စတုတ္ထဝဂ်တွင်။။ဃ၊ဈ။ဍ္ဎ၊ဓ၊န၊မ။။တို့ပါဝင်သည်။
အမှာ။မြန်မာစာ၊မြန်မာစကားအခန်း၁၃နှင့်တိုက်ဆိုင်၍လေ့လာပါ။

အဝဂ်ဗျဉ်း။
ပထမအက္ခရာတွင်။။ယ

ဒုတိယအက္ခရာတွင်။။ရ၊ဟ

တိတယအက္ခရာတွင်။။လ၊ဠ

စတုတ္ထအက္ခရာတွင်။။ဝ၊အ

ပဉ္စမအက္ခရာတွင်။။သ
တို့ပါဝင်သည်။
ထိုအဝဂ်ဗျဉ်း၈လုံးတွင်"ယ"သည်မိမိတို့အချင်းချင်းဆင့်နိုင်၍"ယ"ပေါ်သို့"က၊ခ၊ဂ၊ဃ၊စ၊ဍ၊ဏ၊တ၊ဒ၊ဓ၊န၊ပ၊ဗ၊ဘ၊မ၊လ၊သ၊ဟ"၁၈လုံးကဆင့်နိုင်သည်။"ယ"သည်အချင်းချင်းဆင့်ရာတွင်လည်းလည်းကောင်းအခြားဗျဉ်း၁၈လုံးကလာရောက်ဆင့်ရာတွင်လည်းကောင်းအောက်တွင်ရှိသော"ယ"သည်ယပင်းအနေဖြင့်ရှိရမည်

ဥပမာ။ယ+ယ=ယ် (ေသယ်=အိပ္ရာ)(ေသယ)ဟုအသံထွက်ရမည်။

ပါဠိပါဌ်ဆင့်ရေးနည်း၊ဖတ်နည်း(၃)
"ယ"ပေါ်သို့ဗျဉ်း၁၈လုံးကဆင့်ခြင်းဥပမာ---က+ယ=ကျ(သကျမုနိ=မြတ်စွာဘုရား)[သက်ကျမုနိ]ဟုအသံထွက်ပါ
ခ+ယ=ချ(အာချာတ=အာချာတ်)[အာချာတ]
ဂ+ယ=ဂျ(အာရောဂျ=ကျန်းမာ ခြင်း)[အာရောက်ဂျ]
ဃ+ယ=ဃ်(မာဃ်=သင်းခွေပန်း)[မာဃယ]
စ+ယ=ဈ(သဥ္ဈာ=ဆည်းဆာ)[သင်စယာ]
ဍ+ယ=ဍျ(ကဍျာဒီဟိ ကော) [ကဍယာဒီဟိ]
ဏ+ယ=ဏ်(အာနဏ်=ေႄကြးကင္းသူဘဝ)[အာနဏယ]
တ+ယ=တ်(တ်ာဟံ=ေတ+အဟံ)[တယာဟံ]
ဒ+ယ=ဒ်(အဒ်=ယေန႔)[အဒယ]
ဓ+ယ=ဓ်(မဓ်=အလယ်[မဓယ]
န+ယ=နျ[ကနျာ=ကညာ)[ကနယာ]
ပ+ယ=ပ်(လိပ်=ေရးသား၍)[လိပ်]
ဗ+ယ=ဗျ(ဗျာဒိ=အနာရောဂါ)[ဗျာဒိ]
ဘ+ယ=ဘ်(ဘ်ာဒီဟိ)[ဘယာဒီဟိ]

ပါဠိပါဌ်ဆင့်ရေးနည်း၊ဖတ်နည်း(၄)
အခန်း၃အဆက်---မ+ယ=မ်(မ်ာယံ=ေမ+အယံ)[မ်ာယံ]
လ+ယ=လ်(ကလ်ာဏ=ကောင်းသောသူ)[ကလယာဏ]
သ+ယ=သ်(နိသ်=နိတ္သယ)[နိတ္သယ]
ဟ+ယ=ဟ်(ဂါဟ်=အယူခံရသည့်ပစ္စည်း)[ဂါဟယ]

မှတ်ချက်။။လက်သည်းကွင်း(-)အတွင်း၌ဖော်ပြသောစာလုံးသည်ရှေ့အက္ခရာနှင့်ပူးတွဲပေါင်းပြပြီးအဓိပ္ပာယ်ပါဖော်ပြထားသည်။[-]ကွင်းအတွင်းဖော်ပြေ သာစာလုံးသည်အသံထွက်ဖြစ်သည်။နောက်အခန်းများတွင်ယခုကဲ့သို့ပင်ဖော်ပြသွားပါမည်။

မှတ်ရန်။။"ယ"အပေါ်သို့"က၊ခ၊ဂ၊ပ၊ဗ၊ဘ၊မ"တို့ကိုဆင့်ရာ၌ မြန်မာအသံထွက်နည်းအရတစ်သံတည်းဖြစ်အောင်ပူးတွဲသွားသည်။အခြားသောလူမျိုး(ကုလား၊သီရိလင်္ကာ)များမှာအသံနှစ်ခုနီးကပ်ရုံမျှသာဖြစ်၍တစ်သံတည်းမထွက်ပါ။ထို့ေ ကြာင့်"ကျ"ကို(ကယ)၊ချကို(ခယ)၊ဂျကို(ဂယ)၊ပျကို(ပယ)၊ဗျကို(ဗယ)၊မျကို(မယ)ဟုအသံချင်းနီးကပ်စွာထွက်ကြသည်။

ပါဠိပါဌ်ဆင့်ရေးနည်း၊ဖတ်နည်း(၅)
"ရ"ပေါ်သို့ဆင့်ခြင်း---
အဝဂ်ဗျဉ်း၈လုံးတို့တွင်"ရ"သည်အချင်းချင်းမဆင့်နိုင်ဘဲ"က၊ဂ၊တ၊ဒ၊ပ၊ဗ၊မ"ဗျဉ်းခုနှစ်လုံးတို့ကလာရောက်ဆင့်နိုင်သည်။အက္ခရာရေးသားရာ၌"ရ"သည်ရရစ်အဖြစ်ရှိနေရမည်။

ဥပမာ။
က+ရ=ကြ(စကြ=စကြာ)[စက် ကြ]
ဂ+ရ=ဂြ(ဂြဟ=ဂြိုလ်)[ဂရဟ]
တ+ရ=တြ(တတြ=ထိုနေရာ၌)[တတ်တရ]
ဒ+ရ=ဒြ(ဒြဝ=အရည်)[ဒရဝ]
ပ+ရ=ပြ(ပြဘာ=အရောင်)[ပရဘာ]
ဗ+ရ=ဗြ(ဗြဟာ=ကြီးကျယ်သော)[ဗရဟာ]
မ+ရ=မြ(အမြိတ=အမတ)[အမရိတ]

"လ"သည်အချင်းချင်းဆင့်နိုင်၍"လ"ပေါ်၌"ကနှင့်ပ"ဗျဉ်းတို့ဆင့်နိုင်သည်။ထို့ပြင်"လ"သည်"ယ"ပေါ်သို့ဆင့်နိုင်သည်။

ဥပမာ။
လ+လ=လ္လ(ကလ္လ=ခံ့ကျန်း)[ကန်လ]
က+လ=က္လ(က္လေသ=ကိလေသာ)[ကလေသ]
ပ+လ=ပ္လ[ပရိပ္လဝ=ပေါ်လွင်သော)[ပရိပလဝ]
    (ပ္လဝ=ဖောင်)[ပလဝ]

မှတ်ချက်။။"ယ၊ရ၊လ"တို့၏အပေါ်သို့ဆင့်ရာ၌အပေါ်အလုံးသည်အသတ်အဖြစ်လုပ်ဆောင်ရုံမျှမကအသံပါထွက်ရသည်။ပါဌ်ဆင့်နှစ်လုံးစလုံးအသံထွက်ရသည်။

(အသတ်အသံထွက်နည်းကိုနောက်မှသီးခြားရှင်းပြမည်)

ပါဠိပါဌ်ဆင့်ရေးနည်း၊ဖတ်နည်း(၆)
အဝဂ်ဗျဉ်းဆင့်ခြင်းအဆက်---အဝဂ်ဗျဉ်း၈လုံးတို့တွင်"ဝ"သည်အချင်းချင်းဆင့်နိုင်၍"ဝ"ပေါ်သို့"က၊ခ၊တ၊ဒ၊ဓ၊န၊ယ၊သ၊ဟ"ဗျဉ်း၉လုံးကလာရောက်ဆင့်နိုင်သည်။

"ဝ"နှစ်လုံးဆင့်ပုံဥပမာ---
ဝ+ဝ=ဝွ(ကုဗ္ဗတော=ပြုလုပ်သူအား၊ဝွ=ကို ဗ္ဗ-ပြုထားသည်) [ကုပ်ဗတော] ဟုအသံထွက်သည်။

အခြားဗျဉ်း၉လုံးကလာရောက်ဆင့်ပုံဥပမာ---က+ဝ=ကွ(ကွတ္ထော=အဘယ်အကျိုးရှိအံ့နည်း)[ကွတ်ထော]
ခ+ဝ=ခွ(အထခွဿ      =အထခေါ +အဿ      )[အထခွတ်သ]
တ+ဝ=တွ(ကတွာ=ပြုလုပ်၍) [ကတ်တဝါ]
ဒ+ဝ=ဒွ(ဒွါရ=တံခါး)
ဓ+ဝ=ဓွ(မဓွာသဝ=မုဒရက်သီးစိမ်ရည်)
န+ဝ=နွ(အနွေတိ=အစဉ်လိုက်၏)
ယ+ဝ=ယွ(ယွာဟံ=ယော+အဟံ)
သ+ဝ=သွ(သွာဟံ=သော+အဟံ)
ဟ+ဝ=ဟွ(ဗဟွာဗာဓော=ဗဟု+အာဗာဓော)

"သ"ဆင့်ခြင်း---"သ"သည်အချင်းချင်းဆင့်နိုင်၍"တ၊န၊မ"အက္ခရာတို့အပေါ်၌လည်းဆင့်နိုင်သည်။

အက္ခရာတူဆင့်ပုံဥပမာ--
သ+သ=ကဿ      က=လယ်သ မား)[ကတ်သက)

အက္ခရာမတူဆင့်ပုံဥပမာ---သ+တ=သ္တ(ဥတ္တသ္တ=ထိတ်လန့်)[အုတ်တသတ]
သ+န=သ္န(သ္နေဟ=အစေ)  [သနေဟ]
သ+မ=သ္မ(ကသ္မာ=အဘယ့်ေ ကြာင့်)[ကတ်သမာ]
သ+တ+ရ=သ္တြ(ဘသ္တြာ=သားရေအိတ်)[ဘသတရာ။ပါဌ်ဆင့်နှစ်လုံးစလုံးအသံထွက်ရသည်]

ပါဠိပါဌ်ဆင့်ရေးနည်း၊ဖတ်နည်း(၇)
"ဟ"အက္ခရာဆင့်ပုံ--အဝဂ်ဗျဉ်း၈လုံးတို့တွင်"ဟ"သည်အချင်းချင်းမဆင့်နိုင်ဘဲဝဂ်၏အဆုံးဖြစ်သော"ဉ။ဏ၊န၊မ"တို့ကလာရောက်ဆင့်နိုင်သလို"ယ၊ဝ၊ဠ"အက္ခရာတို့သည်လည်း"ဟ"အပေါ်၌ဆင့်နိုင်သည်။အက္ခရာရေးသားသောအခါ"ဟ"သည်"ဟထိုး"အဖြစ်တည်ရှိနေရမည်။

"ဟ"ပေါ်သို့ဆင့်ခြင်းဥပမာ---ဥ+ဟ=ဥှ(ပဥှ=ပြဿ      နာ) [ပင်ညှ]ဟုအသံထွက်ပါ။
ဏ+ဟ=ဏှ(ပုဗ္ဗဏှ=နံနက်အခါ)[ပုပ်ဗန်ဏှ]
န+ဟ=နှ(နှာန=ရေချိုခြင်း)[နဟာန]
မ+ဟ=မှ(အမှ=ငါ၊တုမှ=သင်) [အမ်မှ။တုမ်မှ]
ယ+ဟ=ယှ(ပဂ္ဂယှ=ချီးမြောက် ခြင်း)[ပက်ဂယ်ယှ]
ဝ+ဟ=ဝှ(အဝှါယတိ=ခေါ်၏)
ဠ+ဟ=ဠှ(ရုဠှီ=အမည်)[ရှံလှီ]

မှတ်ရန်။။"ဥှ၊ဏှ၊နှ၊မှ၊ယှ၊ဠှ"ပါဌ်ဆင့်များသည်တစ်လုံးတည်းသာဖြစ်သော်လည်းနှစ်လုံးဆင့်ကဲ့သို့ဖြစ်၍တစ်လုံးကိုအသတ်ထွက်၍တစ်လုံးကိုဟထိုးသံထွက်ရသည်။(အသတ်အသံထွက်နည်းကိုသီးခြားရှင်းပြပေးမည်)

ပါဠိပါဌ်ဆင့်ရေးနည်း၊ဖတ်နည်း(၈)
သဒိသဒွေဘော်---အက္ခရာတူဆင့်ခြင်းကိုသဒိသဒွေဘော်ဟုခေါ်၍အက္ခရာမတူဆင့်ခြင်းကိုအသဒိသဒွေဘော်ဟုခေါ်သည်။(သဒိသ=တူသော။အသဒိသ=မတူသော။ဒွေဘော်=နှစ်လုံးထပ်ဆင့်ပြု ခြင်း)
အဝဂ်ဗျဉ်း၈လုံးတို့၏အက္ခရာတူဆင့်ပုံနှင့်အက္ခရာမတူဆင့်ပုံတို့ကိုဖော်ပြခဲ့ပြီးဖြစ်သည်။
ယခုအခန်း၌ဝဂ်ဗျဉ်း၂၅လုံးတို့၏အက္ခရာတူဆင့်ပုံကိုရှင်းပြပေးပါမည်။
မှတ်ချက်။။ဝဂ်ဗျဉ်းခွဲခြားပုံကိုမြန်မာစာ၊မြန်မာစကားအခန်း၁၃တွင်လည်းကောင်း၊ပါဠိပါဌ်ဆင့်ရေးနည်းဖတ်နည်းအခန်း၁မှ၂ထိလည်းကောင်း၊အောက်ပုံတွင်လည်းကောင်းတိုက်ဆိုင်လေ့လာပါကပိုမှိုရှင်းလင်းလွယ်ကူပါလိမ့်မည်။

၁။ပထမအက္ခရာချင်းဆင့်ပုံဥပမာ--အပေါ်စာလုံးကိုအသတ်ဟုမှတ်ထား၍အသံမထွက်ရ၊အောက်စာလုံးသာအသံထွက်ရမည်။
က+က=က္က(သက္က=သိကြားမင်း)[သက်က-ဟုအသံထွက်ပါ]
စ+စ=စ္စ(သစ္စ=အမှန်တရား)[သစ်စ]
ဋ+ဋ=ဋ္ဋ(ဝဋ္ဋ=ဝဋ်ဆင်းရဲ)[ဝတ်ဋ]
တ+တ=တ္တ(သတ္တ=သတ္တဝါ)[သတ်တ]
ပ+ပ=ပ္ပ(သပ္ပ=မြွေ)[သပ်ပ]

တတိယအက္ခရာချင်းဆင့်ပုံ---ဂ+ဂ=ဂ္ဂ(အဂ္ဂ=အမြတ်)[အဂ်ဂ]
ဇ+ဇ=ဇ္ဇ(အဇ္ဇ=ယနေ့)[အစ်ဇ]
ဍ+ဍ=ဍ(အဍ=တရားဆုံးဖြတ် ခြင်း)[အတ်ဍ]
ဒ+ဒ=ဒ္ဒ(သဒ္ဒ=အသံ)[သတ်ဒ]
ဗ+ဗ=ဗ္ဗ(သဗ္ဗ=အလုံးစုံ)[သပ်ဗ]
ပါဠိပါဌ်ဆင့်ရေးနည်း၊ဖတ်နည်း(၉)
ပဉ္စမအက္ခရာချင်းဆင့်ပုံ---ဉ+ဉ=ည(အညမည=အချင်းချင်း)[အင်ဉမင်ဉ]
မှတ်ချက်။။ပါဠိဘာသာ၌"ည"သည်ညကလေးနှစ်လုံးဆင့်ထားခြင်းဖြစ်သည်။ညကြီးဟူ၍မရှိ။မြန်မာဘာသာ၌"ည"သည်တစ်လုံးသာဖြစ်သည်။
ဏ+ဏ=ဏ္ဏ(ကဏ္ဏ=နား)[ကန်ဏ]
န+န=န္န(ဆန္န=အဖုံး၊အမိုး)[ဆန်န]
မ+မ=မ္မ(ကမ္မ=ကံ၊အမှုကိစ္စ)[ကမ်မ]

အဝဂ်အက္ခရာချင်းဆင့်ပုံ----အဝဂ်ဗျဉ်း၈လုံးတို့၏အက္ခရာမတူဆင့်ပုံကိုဖော်ပြခဲ့ပြီးဖြစ်သည်။ယခုအခန်းတွင်ဝဂ်ဗျဉ်း၂၅လုံးတို့၏အက္ခရာမတူဆင့်ပုံကိုရှင်းပြပေးပါမည်။

ပထမအက္ခရာက၊ဒုတိယအက္ခရာပေါ်သို့ဆင့်ပုံ---က+ခ=က္ခ(ယက္ခ=ဘီလူး)[ယက်ခ]
စ+ဆ=စ္ဆ(အစ္ဆ=ဝံ)[အစ်ဆ]
ဋ+ဌ=ဋ္ဌ(အဋ္ဌ=ရှစ်)[အတ်ဌ]
("ဋ္ဌ"သည်ဌဝမ်းဘဲနှင့်ဋရင်ကောက်ကိုဆင့်ထားသောစာလုံးဖြစ်သည်။မြန်မာစာ၊မြန်မာစကားအခန်း၎တွင်ရှင်းပြထားသည်)
တ+ထ=တ္ထ(သတ္ထ=လှည်းကုန်သည်)[သတ်ထ]
ပ+ဖ=ပ္ဖ(ပုပ္ဖ=ပန်း)[ပုပ်ဖ]

တတိယအက္ခရာကစတုတ္ထအက္ခရာပေါ်သို့ဆင့်ပုံ---ဂ+ဃ=ဂ္ဃ(ဗျဂ္ဃ=ကျား)[ဗျက်ဃ]
ဇ+ဈ=ဇ္ဈ(မဇ္ဈ=အလယ်)[မစ်ဈ]
ဍ+ဍ္ဎ=ဍ္ဎ(အာကဍ္ဎန=ဆွဲငင်ခြင်း)[အာကတ်ဍန]
(ဍ+ဍ္ဎဟုဖော်ပြချက်မှ"ဍ္ဎ"စာလုံးကိုဒရင်မုတ်ဟုမှတ်ပါ။ကျွန်ုပ်၏ဖုန်းမြန်မာကီဘုတ်၌ဒရင်မုတ်စာလုံးမပါရှိဘဲဒရင်မုတ်ပေါ်၌ထရင်ကောက်ဆင့်ထားသောစာလုံးသာပါရှိ၍ဤကဲ့သို့ဖော်ပြထားခြင်းဖြစ်ပါသည်)

ပါဠိပါဌ်ဆင့်ရေးနည်း၊ဖတ်နည်း(၁၀)
အခန်း၉အဆက်----
(အခန်း၉တွင်ဖော်ပြခဲ့သော"ဒရင်မုတ်ပေါ်၌ထရင်ကောက်ဆင့်ပုံကိုမြန်မာစာ၊မြန်မာစကားအခန်း၅တွင်ပြန်လေ့လာပါ)
ဒ+ဓ=ဒ္ဓ(သဒ္ဓါ=ယုံကြည်မှု)[သတ်ဓာ]
ဗ+ဘ=ဗ္ဘ(လဗ္ဘတိ=ရအပ်၏)[လပ်ဘတိ]

ပဉ္စမအက္ခရာကရှေ့လေးလုံးပေါ်သို့ဆင့်ပုံ---င+က=င်္က(ဝင်္က=ကောက်ခြင်း)[ဝင်က]
င+ခ=င်္ခ(ကင်္ခါ=ယုံမှားခြင်း)[ကင်ခါ]
င+ဂ=င်္ဂ(မင်္ဂလ=မင်္ဂလာ)[မင်ဂလ]
င+ဃ=င်္ဃ(သင်္ဃ=သံဃာ)[သင်ဃာ]
ဉ+စ=ဉ္စ(ပဉ္စ=ငါးခု)[ပဉ်စ]
ဉ+ဇ=ဉ္ဇ(အဉ္ဇန=မျက်စဉ်း)[အင်ဇန]
ဉ+ဆ=ဉ္ဆ(ဥဉ္ဆ=ရှာမှီးခြင်း)[ဥံဆ]
ဉ+ဈ=ဉ္ဈ(ဝဥ္ဈာ=အမြုံမ)[ဝင်ဈာ]
ဏ+ဋ=ဏ္ဋ(ကဏ္ဋက=ဆူး)[ကန်ဋက]
ဏ+ဌ=ဏ္ဌ(ကဏ္ဌ=လည်ချောင်း)[ကန်ဌ]
ဏ+ဍ=ဏ္ဍ(ကဏ္ဍ=အပိုင်း)[ကန်ဍ]
န+တ=န္တ(အနန္တ=အဆုံးမရှိ)[အနန်တ]
န+ထ=န္ထ(ဂန္ထ=ကျမ်းစာ)[ဂန်ထ]
န+ဒ=န္ဒ(ဆန္ဒ=အလို)[ဆန်ဒ]
န+ဓ=န္ဓ(ဂန္ဓ=အနံ့)[ဂန်ဓ]
မ+ပ=မ္ပ(ကမ္ပတိ=တုန်လှုပ်၏)[ကမ်ပတိ]
မ+ဖ=မ္ဖ(သမ္ဖပ္ပလာပ=ပြိန်ဖျင်းသောစကား)[သမ်ဖပ်ပလာပ]
မ+ဗ=မ္ဗ(အမ္ဗ=သရက်ပင်)[အမ်ဗ]
မ+ဘ=မၻ(သမၻဴလ=မိဖုရား)[သမ္ဘူလ]

ရှေ့အခန်း၌အသတ်အသံထွက်နည်းကိုရှင်းပြပေးပါမည်။