Wednesday, August 29, 2018

အ​ခြေခံပါဠိဘာသာဖြင့်​​ဖြေဆိုနည်း(၂)

အ​ခြေခံပါဠိဘာသာဖြင့်​​ဖြေဆိုနည်း(၂)

ပါဠိဘာသာကို အ​ခြေခံ သိလို ​ဖြေဆိုလိုသည့်​​နေရာမှာ
နာမ်​ဝိဘတ်​များအပြင်​ အာချာတ်​ဝိဘတ်​အနက်​များနှင့်​၎င်း   တို့၏
ဖြစ်​ရာကာလများကိုလည်း အ​ခြေခံသိထားသင့်​သည်​။

*အာချာတ်​ဝိဘတ်​အနက်​များနှင့်​ဖြစ်​ရာကာလ--

၁။ဝတ္တမာန်​ဝိဘတ်​သည်​-
၏၊သည်​၊တယ်​၊ဆဲ၊အနက်​တို့ကို​ဟောသည်​။
ကာလအားဖြင့်​ "ဝတ္တမာနာ ပစ္စုပ္ပ​န္နေ"သုတ်​ကို​ထောက်​၍
မျက်​​မှောက်​ ပစ္စုပ္ပန်​ ကာလမှာဖြစ်​သည်​။

ဥပမာ-က​ရောတိ-ပြုလုပ်​၏၊ပြုလုပ်​သည်​၊ပြုလုပ်​ဆဲ၊
ဂစ္ဆတိ-သွား၏၊သွားသည်​၊သွားဆဲ။
ပဝိသတိ-ဝင်​၏၊ဝင်​သည်​၊ဝင်​ဆဲ ဟူ၍ ပြန်​ဆိုရမည်​။

၂။ပဉ္စမီဝိဘတ်​သည်​-
(က)အာဏတျတ္ထ-​စေခိုင်​ခြင်း(​လော-​ချေ)
(ခ)အာသိဋ္ဌတ္ထ-​တောင့်​တခြင်း(ရလို၊ရပါ​စေ၊သတည်း၊
ဟူ​သော အနက်​တို့မှာ ဖြစ်​သည်​။

ကာလအားဖြင့်​"အာဏတျာသိ​ဋ္ဌေ အနုတ္တကာ​လေ ပဉ္စမီ"အရ
ကာလသာမည အတိတ်​၊ပစ္စုပ္ပန်​၊အနာဂတ်​၊ ကာလသုံးပါး ဖြစ်​၏။

ဥပမာ-က​ရောတု-ပြု​လော၊ပြု​ချေ ၊ပြု​စေသတည်း။

၃။သတ္တမီဝိဘတ်​သည်​-
(က)အနုမတျတ္ထ-ခွင့်​ပြုခြင်းအနက်
ဥပမာ-က​ရေယျာသိ-၊ပြုလိုက ပြုပါ၊ပြုလိုက ပြုနိုင်​၏၊
ဂ​စ္ဆေယျာသိ-သွားလိုက သွားပါ၊သွားလိုက သွားနိုင်​သည်​။

(ခ)ပရိကပ္ပတ္ထ-ကြံစည်​ခြင်းအနက်
ဥပမာ-အဟံ၊ငါသည်​၊
ကိံ က​ရေယျာသိ၊အဘယ်​ကဲ့သို့ပြုလုပ်​ရပါမည်​နည်း။
ဤကား ကစ္စည်းဒ္ဒါကြီးလာအရတည်း။

အခြား​သော သဒ္ဒါကျမ်းလာအရ-
သက္ကတ္ထ-စွမ်းနိုင်
အရဟတ္ထ-ထိုက်​၊သင့်
ပေသနတ္ထ-​စေလွှတ်
ပတ္တကာလတ္ထ-​ရောက်​ချိန်​ကာလ
သမ္ဘာဝနတ္ထ-ချီးမွှမ်းခြင်း စသည်​အနက်​ များစွာရှိ​သေးသည်​။
ကာလအားဖြင့်​"အနုတ္တကာ​လေ ပဉ္စမီ"အတိုင်းမှတ်​ပါ။

၎။ပ​ရောက္ခာ၊ဟိယျတ္တနီ၊အဇ္ဇတ္တနီဝိဘတ်​တို့သည်​-
ပြီ၊သတဲ့၊ခဲ့၊ဘူး အနက်​တို့ကို​ဟောသည်​။

ဥပမာ-ဗဘူဝ-ဖြစ်​ပြီ
-အဂမာ-သွားပြီ၊အဂမီ၊သွားပြီ၊အဝစီ၊ဆိုခဲ့ပြီ၊စသည်​။

ကာလအားဖြင့်​-အတိတ်​ကာလ။

၅။ဘဝိဿ     န္တိ ဝိဘတ်​သည်
လတံ့၊လိမ့်​၊အံ့၊စိုး၊မည်​ အနက်​​ဟောသည်​။
ဥပမာ-ဘဝိဿ     တိ၊ဖြစ်​လတံ့ စသည်​လွယ်​။
ကာလအားဖြင့်​-အနာဂါတ်​ဖြစ်​သည်​။

၆။ကာလာတိပတ္တိဝိဘတ်​သည်
ပရိကပ္ပ-အနက်​မှာ ဖြစ်​သည်​။
ဥပမာ-​သော ​စေ တံယာနံ အလဘိဿာ။
သော-ထိုသူသည်​။တံ ယာနံ-ထိုယာဉ်​ကို၊​စေ အလဘိဿာ။
အကယ်​၍ ရသည်​ဖြစ်​အံ့။

*အမှာ-ပါဠိဘာသာဖြင့်​ ​ဖြေဆိုရာတွင်
ဝတ္တမာန်​ ဝိဘတ်​သည်​သာ အသုံးများ၏။
ကျန်​ဝိဘတ်​များ မသုံးရသ​လောက်​ဖြစ်​၍ ဝတ္တမာန်​ ဝိဘတ်​ကိုသာ
ကံ​ဟော၊ကတ္တား​ဟော ​ရေးပြမည်​ဖြစ်​သည်​။
ဖော်​ပြလတံ့​သော ဝါကျများကို ​ကျေညက်​​အောင်
လေ့လာပါက ပါဠိဘာသာဖြင့်​ ​ဖြေဆိုရာတွင်​ အ​တော်​ခရီး​ပေါက်
အရာ ​ရောက်​ပြီဟု ဆိုရမည်​။

ဆက်​လက်​​ဖော်​ပြပါမည်​။

No comments:

Post a Comment