Wednesday, August 29, 2018
"အ​ခြေခံပါဠိဘာသာဖြင့်​​ဖြေဆိုနည်း"(၆)
"အ​ခြေခံပါဠိဘာသာဖြင့်​​ဖြေဆိုနည်း"(၆)
အမှာ--
ပါဠိဘာသာဖြင့်​ ​ဖြေဆိုမည့်​ စာ​ဖြေသူများသည်
ရုပ်​တွက်​၊နာမ်​ဂိုဏ်း၊အာချာတ်​ဂိုဏ်းများကို အတန်​သင့်
လေ့လာထားပြီးဖြစ်​ရမည်​။
လိင်​ပုဒ်​ကို ​သိလိုပါလျှင်​ ပထမာဝိဘတ်​ဖြင့်​ ရုပ်​ပြီးကြည့်​ပါ
အှကာရန္တဖြစ်​က "ပုရိ​သော"ကဲ့သို့ သြကာရန္တဖြစ်​လာမည်​။ထိုပုဂ္ဂိုလ်​"ပုလ္လိင်​"ဖြစ်​သည်​။
အှကာရန္တဖြစ်​​သော်​လည်း "စိတ္တံ"ကဲ့သို့ နိဂ္ဂဟိတန္တ
ဖြစ်​လာလျှင်​"နပုလ္လိင်​"ဖြစ်​သည်​။
အှာကာရန္တဖြင့်​"ကညာ"ကဲ့သို့ ရုပ်​ဖြစ်​လျှင်
"ဣတ္ထိလိင်​ဖြစ်​သည်​။
တစ်​ချို့​သောရုပ်​များသည်​ "သိ"ဝိဘတ်​​ကြောင့်
ရုပ်​​နေမထူးကြပါ။
ထိုပုဒ်​များကို"တတိယာ"ဝိဘတ်​ဖြင့်​ ရုပ်​စီရင်​ကြည့်​လျှင်
သိသာထင်​ရှားသည်​။
ဥပမာ-
ဃ​တောနာဒီနံ၊(ဝါ)ပ​တောယာ သုတ်​ အစီရင်​​ကြောင့်
ဣတ္ထိ​ယော၊ကညာ​ယောဖြစ်​ရသည်​။
အ​တော​နေန-သုတ်​အစီရင်​​ကြောင့်​ ပုရိ​သေန၊စိ​တ္တေန
စသည်​ ဖြစ်​ရသည်​မှတ်​ပါ။
ရှေ့​ဖော်​ပြပြီး ဝတ္တမာန်​ဝိဘတ်​ကို နည်းမှီ၍ကျန်​ပဉ္စမီ
စ​သောဝိဘတ်​၊သဒ္ဒါ၊ဝုစ်​၊ပရိသ်​များကို နည်းမှီ​ရေးကြည့်​ပါ။
*​လေ့ကျင့်​ပါ
လေ့လာပါ
မှတ်​သားပါ အ​လေ့ကျင့်​ ရလာမှ ​ရေးတတ်​မည်​။
သော်​လည်း
သော်​လည်း​ကောင်း
-လည်း​ကောင်း
-လည်း
-ရယ်​-​ရော စသည်​ကို စ၊ဝါ၊ပိ၊ တို့ဖြင့်​​ရေးပါ။
ပါဠိ​ရေးရာ၌--
ပုရိသ်​​ရောယှက်​ပုံ အ​ရေးကြီးသည်
ပထမပုရိသ်​၊ မဇ္ဈိမပုရိသ်​၊ ဥတ္တမပုရိသ်​ သုံးပါးသည်
အစဉ်​တိုင်း အ​ရှေ့ အလယ်​ အ​နောက်​တွင်​ ရှိသည်​။
ဝါကျတစ်​ခု၌-
ပုရိသ်​ ၂ ခု ၃ ခုယှဉ်​တွဲ ​ရေးသားရလာပြီဆိုလျှင်
နောက်​ပုရိသ်​ကိုသာ ​ရေးရသည်​ဟုမှတ်​ပါ။
ဥပမာ-
အဟံစ တွံစ ဂစ္ဆာမိ။
တွံစ အဟံစ ဂစ္ဆာမိ။
တွံစ အဟံစ ဣတ္ထီစ ဂစ္ဆာမိ။
ဤပုံစံ၌
နောက်​ဥတ္တမပုရိသ်​ကို​ရေးသည်​ကိုသတိပြုပါ။
တွံ အဟံ ​ရှေ့​နောက်​သည်​ အဓိက မဟုတ်
ဥတ္တမပုရိသ်​ "မိ"ကိုသာ ​ရေးရမည်​။
တွံစ အဟံစ ဣတ္ထီစ မှာလည်း ထိုနည်း၎င်းပင်​တည်​။
ပထမပုရိသ်​နှင့်​မဇ္ဈိမမပုရိသ်​ ​ရေးဖို့ကြုံလာ​သော်
မဇ္ဈိမပုရိသ်​ကိုသာ​ရေးရမည်​။
ဥပမာ-တွံစ ဣတ္ထီစ ဂစ္ဆသိ။
ထိုသို့​ရေးရာတွင်
ဧကဝုစ်​၊ဗဟုဝုစ်​ တူညီ​နေရမည်​။
ဥပမာ-
မယံစ တု​မှေစ ဂစ္ဆာမ။ စသည်​နည်းမှီ​ရေးပါ​လေ။
ဆက်​လက်​​ဖော်​ပြပါမည်​။
No comments:
Post a Comment