Monday, August 27, 2018

တပည့်ဣန္ဒာနှင့် ဆရာရွှေသုန် ဆရာတပည့်နှစ်ဦး၏ လက်ရာ (၄)ဂါထာ

တပည့်ဣန္ဒာနှင့် ဆရာရွှေသုန် ဆရာတပည့်နှစ်ဦး၏  လက်ရာ (၄)ဂါထာ

မောင်အိန္ဒာရေးသော
ဘုရားရှိခိုးဂါထာတော်(၁)
*************
အာသယံ ဘဂဝါ ဗုဒ္ဓေါ ၊
ဇာနံ သုတ္တန္တဒေသကော ။
ပဋ္ဌာန​ ဒေသကော မဂ္ဂံ ၊
ဝိနယံ  တံ နမာမဟံ။

ဘဂဝါ-ဘုန်းတော်ခြောက်စုံ တန်ခိုးဂုဏ်နှင့် ပြည်စုံတော်မူထသော။
ဗု​ဒ္ဓေါ-သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူတတ်ထသော။
အာသယံ - ဣနြေ္ဒစရိုတ် သူအကြိုက်ကို။
ဇာနံ ဇာနန္တော-နှိုက်​ချွတ်​စုံလင်​ အကုန်​မြင်​​အောင်​ သဗ္ဗညုတ ဉာဏ်​​တော်​မြတ်ဖြ​​င့် ​ကောင်းစွာထင်ထင် သိမြင်ေ​တ်ာမူလျက်​။
သုတ္တန္တဒေသ​ကော-ဣနြေ္ဒလျော်စွာ
သုတ္တန်တရားကို ဟောကြားတော်မူတတ်ထသော။
မဂ္ဂ​ဒေသ​ကော-မဂ္ဂင်​ရှစ်​ဖြာ လမ်းသစ္စာဖြင့်​ နိဗ္ဗာန်နန်းသို့ လမ်းညွှန်ပြ​တော်​ မူတတ်​ထ​သော။
ပဋ္ဌာန​​ဒေသ​ကော-ပဋ္ဌာန်းကျမ်းပေါ် ဉာဏ်​​တော်​​ပျော်​၍ ​ဝေ​နေယျတို့ကိုလည်း ​ဟောကြား​ပေးတော်​ မူ​တတ်​ထ​သော။
ဝိနယံ  ဒေသ​ကော- ကြည်ညိုဖွယ်ဆောင် ဝိနည်းကောင်းကို သားတပည့်​ကောင်း ရဟန်း​ပေါင်းအား ဟောကြားပညတ်တော် မူတတ်ထ​သော။
ယော- အကြင်မြတ်စွာဘုရားသည် ။
အတ္ထိ-ရှိတော်မူ၏။
တံ ဗုဒ္ဓံ- ထိုမြတ်စွာဘုရားကို။
အဟံ-ဘုရာတပည့်​​တော်​သည်​။
နမာမိ- ရှိခိုးကန်တော့ပါ၏ဘုရား။

((မှန်မမှန် ဆရာသုန်ထံစစ် ခိုင်းကြည့်ပါဦး))
@@@@@@@@@

(တနည်း) ဘုရားရှိခိုးဂါထာတော်(၂)
******
အာသယံ ဘဂဝါ ဗုဒ္ဓ ၊
ဇာနံ သုတ္တန္တဒေသက ။
ပဋ္ဌာန​ မဂ္ဂ ဒေသက ၊
ဝိနယံ တွံ နမာမဟံ။

ဘဂဝါ-ဘုန်းတော်ခြောက်စုံ တန်ခိုးဂုဏ်နှင့် ပြည်စုံတော်မူထသော။
ဗုဒ္ဓ-သစ္စာလေးပါး မြတ်တရားကိုလည်း ပိုင်းခြားထင်ထင် သိမြင်တော်မူတတ်ထသော။
အာသယံ ဇာနံ- ဣနြေ္ဒစရိုက် သူအကြိုက်ကို နှိုက်​ချွတ်​စုံလင်​ အကုန်​မြင်​​အောင်​ သဗ္ဗညုတ ဉာဏ်​​တော်​မြတ်ဖြ​​င့် ​ကောင်းစွာထင်ထင် သိမြင်ေ​တ်ာမူလျက်​။
သုတ္တန္တဒေသက-သုတ္တန်တရားတို့ကို ဟောကြားတော်မူတတ်ထသော။
မဂ္ဂ​ဒေသက-မဂ္ဂင်​ရှစ်​ဖြာ လမ်းသစ္စာဖြင့်​ နိဗ္ဗာန်သို့ လမ်းညွှန်ပြသ​​တော်​ မူတတ်​ထ​သော။
ပဋ္ဌာန​​ဒေသက-ပဋ္ဌာန်းကျမ်းပေါ် ဉာဏ်​​တော်​​ပျော်​၍ ​ဝေ​နေယျတို့ကိုလည်း ​ဟောကြား​တော်​မူ​ပေးတတ်​ထ​သော။
ဝိနယံ  ဒေသက-သားတပည့်​ကောင်း ရဟန်း​ပေါင်းတို့အား ကြည်ညိုဖွယ်ဆောင် ဝိနည်းကောင်းကို ဟောကြားပညတ်တော်မူတတ်သော မြတ်စွာဘုရား။
တွံ- ရှင်​​တော်မြတ်စွာဘုရားကို။
အဟံ-ဘုရားတပည့်​​တော်​သည်​။
နမာမိ- ရှိခိုးကန်တော့ပါ၏ဘုရား။

((မှန်မမှန် ဆရာသုန်ထံစစ် ခိုင်းကြည့်ပါဦး))
@@@@@@@@@@
ဆရာတော်များ ဘုရား..
ဘုရားတပည့်တော် အား.. ဤ စာပိုဒ်လေးကို ဂါထာ စပ် လို့ ရမယ် ဆို သနားသဖြင့် ချီးမြင့်တော် မူ ပါ ဘုရား...

{ပါဠိနည်းပညာဂရုမှ
                       Than HtikeAung}
@@@@@@@@@@
{{ပါဠိနည်းပညာဂရုမှ Than HtikeAung-ပို့လေးတွေ့လို့ သူတောင်းဆိုတဲ့ဘုရားရှိခိုးလေး ဂါထာစီပေးဖြစ်ခဲ့တယ်}}
                     31:3:2018/1:25PM
                     တက္ကသိုလ်စာသင်သား

https://m.facebook.com/groups/193609744406074?view=permalink&id=450955278671518

ဆရာရွှေသုန်ရေးသော
ဘုရားရှိခိုးဂါထာတော်(၁)
*************
သမ္ဗု​ဒ္ဓေါ ဘဂဝါ ဉာ​တော၊
အာသယံ သုတ္တ​မက္ခာ​တော။
မဂ္ဂံ ဝိနယမက္ခာ​တော၊
န​မော ပဋ္ဌာနမက္ခာ​တော။

ဘဂဝါ-ဘုန်းတော်ခြောက်စုံ တန်ခိုးဂုဏ်နှင့် ပြည်စုံတော်မူထသော။ သမ္ဗု​ဒ္ဓေါ-သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူတတ်ထသော။ အာသယံ - ဣနြေ္ဒစရိုက်​ သူ့အကြိုက်ကို။ ဉာ​တော-နှိုက်​ချွတ်​စုံလင်​ အကုန်​မြင်​​အောင်​ သဗ္ဗညုတ ဉာဏ်​​တော်​မြတ်ဖြ​​င့် ​ကောင်းစွာထင်ထင် သိမြင်ေ​တ်ာမူလျက်​။ သုတ္တ​မက္ခာ​တော. သုတ္တံ အက္ခာ​တော-ဣနြေ္ဒလျော်စွာ သုတ္တန်တရားကို ဟောကြားတော်မူတတ်ထသော။ မဂ္ဂံ​ အက္ခာ​တော-မဂ္ဂင်​ရှစ်​ဖြာ လမ်းသစ္စာဖြင့်​ နိဗ္ဗာနန်းသို့ လမ်းညွှန်ပြ​တော်​မူတတ်​ထ​သော။ ဝိနယမက္ခာ​တော. ဝိနယံ အက္ခာ​တော-ကြည်​ညိုဖွယ်​​ဆောင်း ဝိနည်း​ကောင်းကို သားတပည့်​​ကောင်း ရဟန်းအ​ပေါင်းအား ပညတ်​​တော်​မူတတ်​ထ​သော။ ပဋ္ဌာန​​မက္ခာ​တော. ပဋ္ဌာနံ အက္ခာ​တော-ပဋ္ဌာန်းကျမ်းပေါ် ဉာဏ်​​တော်​​ပျော်​၍ ​ဝေ​နေယျတို့ကိုလည်း ​ဟောကြား​ပေးတော်​မူ​တတ်​ထ​သော။ ​ယော-အကြင်မြတ်စွာဘုရားသည်။ အတ္ထိ-ရှိတော်မူ၏။ တံ ဗုဒ္ဓံ- ထိုမြတ်စွာဘုရားကို။ အဟံ-ဘုရားတပည့်​​တော်​သည်​။ န​မော. နမာမိ- ရှိခိုးကန်တော့ပါ၏ ဘုရား။
@@@@@@@@@

(တစ်​နည်း) ဘုရားရှိခိုးဂါထာတော်(၂)
******
ဘဂဝါ ဗုဒၶ ဣစီ ၦတ၊
ဇာနံ သုတၱႏၲသြာကၡာတ။
မဂၢံ ဝိနယ ​ပ႒ာန၊
န​မာမိ တဝ သြာကၡာတ။

ဘဂဝါ-ဘုန်းတော်ခြောက်စုံ တန်ခိုးဂုဏ်နှင့် ပြည့်စုံ​တော်မူထသော။ ဗုဒ္ဓ-သစ္စာလေးပါး မြတ်တရားကိုလည်း ပိုင်းခြားထင်ထင် သိမြင်တော်မူတတ်ထသော။ ဣစ္ဆီတဇာနံ- ဣနြေ္ဒစရိုက် သူ့အကြိုက်ကို နှိုက်​ချွတ်​စုံလင်​ အကုန်​မြင်​​အောင်​ သဗ္ဗညုတ ဉာဏ်​​တော်​မြတ်ဖြ​​င့် ​ကောင်းစွာထင်ထင် သိမြင်ေ​တ်ာမူလျက်​။ သုတ္တန္တသွာက္ခာတ-သုတ္တန်တရားတို့ကို ဟောကြားတော်မူတတ်ထသော။ မဂ္ဂံ သွာက္ခာတ-မဂ္ဂင်​ရှစ်​ဖြာ လမ်းသစ္စာဖြင့်​ နိဗ္ဗာနန်းသို့ လမ်းညွှန်ပြသ​​တော်​မူတတ်​ထသော။ ဝိနယသွာက္ခာတ-သားတပည့်​​ကောင်း ရဟန်း​ပေါင်းအား ကြည်​ညိုဖွယ်​​ဆောင်း ဝိနည်း​ကောင်းကို ​ဟောကြားပညတ်​​တော်​မူတတ်​​ပေ​ထသော။ ပဋ္ဌာန​​သွာက္ခာတ-ပဋ္ဌာန်းကျမ်းပေါ် ဉာဏ်​​တော်​​ပျော်​၍ ​ဝေ​နေယျတို့ကိုလည်း ​ဟောကြား​ပေး​တော်​မူ​တတ်​သော မြတ်စွာဘုရား။ တဝ- ရှင်​​တော်မြတ်စွာဘုရားအား။ အဟံ-ဘုရားတပည့်​​တော်​သည်​။ နမာမိ- ရှိခိုးကန်တော့ပါ၏ ဘုရား။
@@@@@@@@@@

နှစ်​ဂါထာလုံးကို "အချညီ ဝတ္တဂါထာ"ချည်းသာ ကြံထားပါ​သည်​ဖျား။ ပြင်​ဖြုတ်​​ပြောင်း လိုသလို လုပ်​​ပေး​တော်​မူကြပါဖျား။

No comments:

Post a Comment