Wednesday, August 29, 2018

ပါဠိဘာသာဖြင့်​အ​ခြေခံ​ဖြေဆိုနည်း(၁)

ပါဠိဘာသာဖြင့်​အ​ခြေခံ​ဖြေဆိုနည်း(၁)

န​မော တဿ      ဘဂဝ​တော အရဟ​တော သမ္မာသမ္ဗုဒ္ဓဿ    

ပါဠိဘာသာဖြင့်​ ​ဖြေဆို​တော့မည်​ ဆိုလျှင်​ ဦးစွာ နာမ်
ဝိဘတ်​အနက်​များအ​ကြောင်းများကို အ​ခြေခံအားဖြင့်
နားလည်​သင့်​သည်​။

နာမ်​ဝိဘတ်​များ
၁။ပထမာဝိဘတ်​သည်​-
  (က)ကတ္တား​ဟော၌ဖြစ်​လျှင်​-သည်​၊ကား၊က၊မှာ၊ဟာ၊ အနက်​တို့ကို
ဟောသည်​။
(ခ)ကံ​ဟော၌ဖြစ်​လျှင်​-ကို၊သို့။
(ဂ)အာလုပ်​၌ဖြစ်​လျှင်​-အို၊ဟယ်​၊အချင်း၊အ​မောင်​၊စသည်
နေရာ​ဒေသအလိုက်​​ဟောသည်​။

၂။ဒုတိယာဝိဘတ်​သည်
(က)ရိုးရိုးကံအနက်​(ကတ္တား​ဟောဝါကျ)ဖြစ်​လျှင်​-ကို၊သို့။
(ခ)အစ္စန္တသံ​ယောဂအနက်​များတွင်​-
ကာလအစ္စန္တသံ​ယောဂဖြစ်​လျှင်​-ပတ်​လုံး- လုံးလုံး-တိတိ။
အဒ္ဓါအစ္စန္တသံ​ယောဂဖြစ်​လျှင်​-တိုင်​တိုင်​၊တိုင်​​အောင်​၊အထိ
အနက်​တို့ကို​ဟောသည်​။

ကြိယာဝိ​သေသနအနက်​ဖြစ်​လျှင်​-​အောင်​၊စွာ စသည်​​ဟောသည်​။

၃။တတိယာဝိဘတ်​သည်
(က)ကရိုဏ်းအနက်​ဖြစ်​လျှင်​-ဖြင့်​၊နဲ့။
(ခ)သဟာဒိ​ယောဂအနက်​ဖြစ်​လျှင်​-နှင့်​၊နဲ့။
(ဂ)ကတ္တားအနက်​ဖြစ်​လျှင်​-သည်​၊ကား။
(ဃ)ဟိတ်​အနက်​ဖြစ်​လျှင်​-​ကြောင့်​၊အတွက်​၊မို့လို့။
(င)ကြိယာဝိ​သေနအနက်​ဖြစ်​လျှင်​-စွာ၊အားဖြင့်​၊သဖြင့်​။
(စ)အင်္ဂဝိကာရ အနက်​၌ဖြစ်​လျှင်​-ဖြင့်​၊နဲ့ ဟူ၍
အရာအား​လျှော်​စွာ​ဟောသည်​။

၎။စတုတ္ထီဝိဘတ်​သည်
(က)သမ္ပဒါန်​ ရိုးရိုး ဖြစ်​လျှင်​-အား။
(ခ)တဒတ္ထ၊တုမတ္ထသမ္ပဒါန်​ဖြစ်​လျှင်​-ငှါ၊အကျိုးငှါ၊အလို့ငှါ၊အတွက်
အဖို့၊ ဟူ​သောအနက်​ကို အရာအား​လျှော်​စွာ​ဟောသည်​။

၅။ပဉ္စမီဝိဘတ်​သည်
(က)အပါဒါန်​ရိုးရိုးဖြစ်​လျှင်​-မှ၊က။
(ခ)ဝိဘတ္တအပါဒါန်​ဖြစ်​လျှင်​-ထက်​၊​အောက်​။
(ဂ)ကရဏဖြစ်​လျှင်​-​ကြောင့်​၊အတွက်​၊မို့လို့ အနက်​ကို​ဟောသည်​။

၆။ဆဋ္ဌီဝိဘတ်​သည်
(က)သာမီအနက်​ဖြစ်​လျှင်​-၏။
(ခ)အနာဒရ ဝါကျဖြစ်​လျှင်​-စဉ်​၊တုန်း၊ခိုက်​။
(ဂ)နိဒ္ဓါရဏဖြစ်​လျှင်​-တွင်​၊အထဲက၊အနက်​ တို့၌ ဖြစ်​သည်​။

၇။သတ္တမီဝိဘတ်​သည်
(က)သြကာသအနက်​ဖြစ်​လျှင်​-၌၊ဝယ်​၊က၊မှာ
(ခ)နိဒ္ဓါရဏအနက်​၌ဖြစ်​လျှင်​-ဆဋ္ဌီကဲ့သို့ မှတ်​ပါ။
(ဂ)လက္ခဏဝါကျတွင်​-လက္ခဏဝန္တဖြစ်​လျှင်​-ပထမာဝိဘတ်​၏
ကတ္တား​ဟောမှာကဲ့သို့. ​သော်​၊လတ်​​သော်​၊စဉ်​၊ခိုက်​၊တုန်း
စသည်​​ဟော၏။
(ဃ)နိမိတ်​အနက်​ဖြစ်​လျှင်​-ပဉ္စမီဝိဘတ်​၏ကရဏအနက်​ကဲ့သို့ဖြစ်​သည်​။

သတိပြုရန်​-မြန်​မာဘာသာကို ပါဠိဘာသာသို့ ​ပြောင်းရာတွင်
ဆိုအပ်​ခဲ့ပြီး​သော ဝိဘတ်​အနက်​များကို သတိပြု၍
ပထမာဝိဘတ်​၊ဒုတိယာဝိဘတ်​ဖြစ်​သင့်​သ​လော။
စဉ်းစားနှိုင်းယဉ်​ကြည့်​ပါ တခါတရံ မြန်​မာဘာသာ၌
ဝိဘတ်​အနက်​များ ​ပျောက်​​နေတတ်​သည်​။

ဥပမာ-နွားမြက်​စားတယ်​။
ဤတွင်​ ဝိဘတ်​အနက်​​ပျောက်​​နေသည်​။
၎င်း   ကို​ဖော်​လို​သော်​ နွားသည်​ မြက်​ကို စားတယ်​ဟု
ဖြစ်​လာမည်​။
ပါဠိစီလိုက်​လျှင်​-​ဂေါ​ဏော တိဏံ ခါဒတိ။ဟု ဖြစ်​လာမည်​။
တတ်​သိနားလည်​သူ အဖို့ က​လေး ကစားစရာ အဖြစ်
ထင်​ရ​သော်​လည်း  စသင်​ယူသူများအဖို့ အ​ခြေခံကအစ
အ​ရေးကြီးလှ​ကြောင်း သတိပြု​စေလိုပါသည်​။

အ​ခြေခံလုပ်​လိုသူများ သတိပြုရန်​မှာ-

-သန္ဓိ မနိုင်​ပဲ သန္ဓိ မစပ်​ရ။
-သမာသ်​ မနိုင်​ပဲ သမာသ်​ မစပ်​ရ။
-တဒ္ဓိတ်​မနိုင်​ပဲ တဒ္ဓိမလုပ်​ရ။

ဆက်​လက်​​ဖော်​ပြပါမည်​။

No comments:

Post a Comment