မိန်းမသဘော ကျမ်းအဟော
****************
{{စာကျက်ပျင်းလို့ လက်ဆော့လိုက်တဲ့ ပထျာဝတ္တဂါထာပြောင်းပြန် ဖြစ်နေသော ဝိပရိပထျာဝတ္တဂါထာလေးဝေဘန်ပေးကြဦး အရှင်ကောင်းတို့}}
{{အဋ္ဌကထာလာ ပါဠိဝါကျကို ဂါထာစီ၍ အနက်ကွန့် လိုက်ခြင်းဖြစ်သည်။ တပည့်ဆုံးမရန် အတွက်သာကောင်း၏။}}
@@@@@@@@@@@@@@
ကြိုးတင်မှာပါရစေ
==============
ဘုန်းကြီးလိုသော် ပလ္လင်ပေါ်
ဟောဖော် မပြုရ။
ဟော်ဖော်ပြုငြား ထိုရှင်အား
မများ လွန်မုန်ကြ။ ။
Friendsမက်သော် အွန်လိုင်ပေါ်
ရှယ်ဖော် မပြုရ။
ရှယ်ဖော်ပြုငြား ထိုရှင်အား
မများ လွန်မုန်ကြ။ ။
****************
မိန်းမသဘော ကျမ်းအဟော
****************
မိန်းမသဘော, စိတ်မနောကို
ကျမ်းဟောကြည့်က, တွေးမြင်ရ၏။
တပ်နှစ်သက်ငြား, ယောက်ျားများအား
စကြာရှင်ပင်, ဖြစ်တုံလျှင်လည်း
သူ၏ခြေရင်း, သူ့ကျွန်ရင်းသို့
အမြင်းသေးကာ, ထင်သေပါသည်
စိတ်မှာသတိ, ဉာဏ်ရှင်ကြည့်။ ။
မူရင်းအဋ္ဌကထာစာသား
******
မာတုဂါမော စ နာမ အပိ စက္ကဝတ္တိရာဇာနံ အတ္တနိ ပဋိဗဒ္ဓစိတ္တံ ဉတွာ ဒါသံ ဝိယ သလ္လက္ခေတိ။
(မ။ဋ္ဌ။၃။၁၇၂။ အဘိ။ဋ္ဌ။၂။ ၂၈၁။)
****************
မာတုဂါမော စ နာမပိ၊
စက္ကဝတ္တိံ မဟာရာဇံ။
ပဋိဗဒ္ဓစိတ္တမတ္တနိ၊
ဉတွာ လက္ခေတိ ဒါသံ ဝ။
{{ဝိပရိပထျာဝတ္တဂါထာ}}
စ=မိန်းမသဘော, ထုံးစံဟောကို, ကျမ်းဟောအညီ, ထုတ်ပြောသည်, မည်လောက်အောင်, ဖော်ဆိုပါဦးအံ့။
{{စ=စကြာမင်းစစ်, ဖြစ်လင့်တပဲး၊
ဝမ်းထဲးတစိ, တပ်မှန်းသိက၊
မိမိခြေအောက်, ကျွန်သပေါက်မျှ၊
သို့လောက်ထင်ငြား,
မလောက်လားဘူး၊
ခံညားမဲ့ဝေး, အမြင်းသေး၍၊
မိုက်သွေးလျှံလိမ့်မည်-ဟု,
မဃဒေဝ, အမည်ရသည့်, ပိုဒ်ပြ-နှစ်ကိုးရှစ်, အဆိုညီစွာ, ဋ္ဌကထာကျမ်း, ဖွင့်ကာလှန်၍ , မိန်းမသဘော, ထုံးစံဟောကို, ကျမ်းဟောအညီ, ထုတ်ပြောသည်, မည်လောက်အောင်, ဖော်ဆိုပါဦးအံ့။)
မာတုဂါမော နာမ =ငိုး-ရယ်-ပြောကာ, ဟန်မူရာနှင့်, ပေးရာပစ္စည်း, မွှေးနံ့နည်းဖြင့်, တနည်းရသာ, တွေ့ထိပါလျက်, ရှစ်ဖြာသက်မှတ်, သူ့လက်နတ်ဖြင့်, နှောင်ဖွဲ့တတ်ငြား, မိန်းမသားမည်သည်။
စက္ကဝတ္တိံ=စကြာရတနာကို လည်စေနိုင်သော။
မဟာရာဇံ ပိ= သင်္ဂဟဝတ္ထု ,ချီမြောက်မှုဖြင့်,လေးစုပရိသတ်, လွန်နှစ်သက်၍၊ ထက်အောက်တိုင်းတာ, ကြွင်းရာမရှိ, ရှေ့နောက်တောင်မြောက်, လေးကျွန်းရောက်အောင်, တောက်လျှောက်အာဏာ, ပိုင်ဆိုင်ပါသည့်, စကြာဝတေးမင်းကိုသော်မှလည်း။
အတ္တနိ =မိမိ၌။
ပဋိဗဒ္ဓစိတ္တံ =တပ်မက်နှစ်သက်, စွဲငြိတတ်သော စိတ်ရှိသည်ကို။
ဉတွာ -သိရ၍။ ဝါ-သိရသည်ရှိသော်။
ဒါသံ ဣဝ =ဘုန်းကျက်သရေ, ထွန်းတောက်ဝေသည့်, မင်းမြတ်စကြာ, ဖြစ်နေပါလည်း, မိမိခြေအောက်, ကျွန်သဘောက်ပမာ, လာရောက်ခစားသည့်, ကျွန်ယောက်ျားကိုကဲ့သို့။
လက္ခေတိ=မှတ်ထင်တတ်၏။
လက္ခေတိ-သလ္လက္ခေတိ=မာနဘဝင်, စိတ်ကြီးဝင်၍, မြှော်မြင်မကြည့်, ဉာဏ်မညှိဘဲ, အသိတလွဲ မှတ်ထင်စွင်တတ်ပါပေသတည်း။
@@@@@@@@@@@@@@
မဃဒေဝလင်္ကာ
@@@@@
စကြာမင်းစစ်, ဖြစ်လင့်တပဲး၊
ဝမ်းထဲးတစိ, တပ်မှန်းသိက၊
မိမိခြေအောက်, ကျွန်သပေါက်မျှ၊
သို့လောက်ထင်ငြား,
မလောက်လားဘူး၊
ခံညားမဲ့ဝေး, အမြင်းသေး၍၊
မိုက်သွေးလျှံလိမ့်မည်။
(မန်လည်ဆရာတော်၏ မဃဒေဝ၊ပိုဒ်-၂၉၈။)
@@@@@@@@@@@@@@
ကျမ်းညှိနိုင်ရန်
၁။မာတုဂါမော-အနက်သည် အင်္ဂုတ္တိုရ် အဋ္ဌကနိပါတ်ကြည့်နိုင်သည်။
၂။မဟာရာဇံ-အနက်ကို စကြာဝတေးမင်း ဆိုင်ရာဖွင့်ဆိုချက်ကို ဆင်ခြင်၍ အနက်ကွန့်ထားပါသည်။
စတင်ချိန် 20:3:2018/9:00AM
ပြီးစီးချိန် 20:3:2018/9:50AM
တက္ကသိုလ်စာသင်သား
No comments:
Post a Comment