Tuesday, August 28, 2018

အ​ခြေခံပါဠိဘာသာဖြင့်​​ဖြေဆိုနည်း"(၃)

"အ​ခြေခံပါဠိဘာသာဖြင့်​​ဖြေဆိုနည်း"(၃)

နာမ်​ဝိဘတ်​များအ​ကြောင်း၊အာချာတ်​ဝိဘတ်
များအ​ကြောင်း အထိုက်​အ​လျောက်​​လေ့လာပြီးဖြစ်​ပါက
ပါဠိဘာသာဖြင့်​ ​ဖြေဆိုမည့်​ စာ​ဖြေရှင်​များသည်
နာမ်းဂိုဏ်းစဉ်​၊အာချာတ်​ဂိုဏ်းစဉ်​များကို ​လေ့လာ
ထားပြီးသူ ဖြစ်​ဖို့လိုအပ်​သည်​။ထိုသို့ဖြစ်​မှသာ
ဆိုလတံ့​သော အ​ကြောင်းရာများကို နားလည်
သ​ဘော​ပေါက်​မည်​။
၎င်းအ​ကြောင်းအရာများဤ​နေရာ၌ အကျယ်​တဝင့်
မပြ​တော့ပြီ။

ရုပ်​တည်​​သောအခါ
တုမှ၊အမှဟု မတည်​ပုရိသ စသည်​ဖြင့်​ တည်​ရ​သော
အရာအားလုံးကို နာမသဒ္ဒါဟု မှတ်​ပါ။
ပုံစံ-ပုရိ​သော စသည်​။
တုမှ-ဟု တည်​လျှင်​ တုမှသဒ္ဒါ(တွံ စသည်​)
အမှ-ဟု တည်​လျှင်​ အမှသဒ္ဒါ(အဟံ စသည်​)

အာချာတ်​ ကတ္တား​ဟော၌--
ကတ္တားနှင့်​ကြိယာကို ဝုစ်​တူ​အောင်​ ထားရမည်​။
ပုံစံ​လေ့လာကြည့်​ပါ-
-ပုရိ​သော မဂ္ဂံ ဂစ္ဆတိ။(ဧကဝုစ်​)
ပုရိသာ မဂ္ဂံ ဂစ္ဆန္တိ။

တွံ မဂ္ဂံ ဂစ္ဆသိ။
တု​မှေ မဂ္ဂံ ဂစ္ဆထ။

အဟံ မဂ္ဂံ ဂစ္ဆာမိ
မယံ မဂ္ဂံ ဂစ္ဆာမ။

ကံ​ဟော၌--
ကံနှင့်​ကြိယာကိုဝုစ်​တူ​အောင်​ထားရမည်​။
ပုံစံ​လေ့လာကြည့်​ပါ-
-ပုရိ​သေန မ​ဂ္ဂေါ ဂစ္ဆိယ​တေ။
ပုရိ​သေန မဂ္ဂါ ဂစ္ဆီယ​န္တေ။

ပုရိ​သေန တွံ ဂစ္ဆီယ​သေ။
ပုရိ​သေန တု​မှေ ဂစ္ဆီယ​ဝှေ။

ပုရိ​သေန အဟံ ဂစ္ဆီ​ယေ။
ပုရိ​သေန မယံ ဂစ္ဆီယာ​မှေ။

*အထူးမှတ်​ရန်
ကတ္တား​ဟော၌ ကတ္တားနှင့်​ကံ​ဟော၌ ကံနှင့်​သာ
ကြိယာကို ဝုစ်​နှင့်​တူ​အောင်​ထားပါ။

ဤ​နေရာတွင်
ကြိယာအ​ကြောင်း အနည်းငယ်​ ထည့်​​ပြောဖို့လိုမည်
ကြိယာသည်​-
၁။ဂမု-ဓါတ်​၊အ-ပစ္စည်း၊တိ-ဝိဘတ်​ဖြင့်​ပြီး​သော
အာချာတ်​ကြိယာ(ဂစ္ဆတိ)
၂။ဂမု-ဓာတ်​၊တ-ပစ္စည်းဖြင့်​ပြီး​သော ကိတ်​ကြိယာ
(ဂ​တော)
၃။ပုဒ်​စစ်​လာအတိုင်း ငါးမျိုး​သော နာမသတ်​ကြိယာ
(ဒ​တ္တော)စသည်​။

၎င်းတို့၌လည်း
၁။ကတ္တား​ဟောကြိယာ
၂။ကံ​ဟောကြိယာ
၃။ဘော​ဟောကြိယာ သုံးမျိုးစီကွဲပြားသည်​။
စုစု​ပေါင်း သုဒ္ဓ ကြိယာ( ၉ )ခုဖြစ်​သည်​။
ဏေ၊ဏယ ပစ္စည်းဖြင့်​ပြီး​သော ကြိယာကို
ကာရိက်​ကြိယာဟု​ခေါ်သည်​။
၎င်းသည်​လည်း ကတ္တား၊ကံ၊​ဘော​ဟော အ​နေဖြင့်
သုံးမျိုးစီ ကွဲပြား​ကြရာ စုစု​ပေါင်းကာရိက်​ကြိယာ
( ၉)မျိုးဖြင့်​ ကြိယာဝါကျ(၁၈) မျိုးရှိသည်​ဟု မှတ်​ပါ။

ဆက်​လက်​​ဖော်​ပြပါမည်​။

No comments:

Post a Comment