Wednesday, August 29, 2018

အ​ခြေခံပါဠိဘာသာဖြင့်​​ဖြေဆိုနည်း"(၅)

"အ​ခြေခံပါဠိဘာသာဖြင့်​​ဖြေဆိုနည်း"(၅)

ကတ္တား​ဟောဝါကျပြီးလျှင်
ကံ​ဟောဝါကျကို ပြဆိုအံ့။

ကံ​ဟောဝါကျ၌-
၁။ကတ္တားကို တတိယာဝိဘတ်​ဖြင့်​​ရေးပါ။
၂။ကံကို ပထမာဝိဘတ်​ဖြင့်​​ရေးပါ။
၃။ကြိယာကို "ဘာဝက​မ္မေသု ​ယော" သုတ်​ဖြင့်
ယပစ္စည်း သက်​ပါ။
၎။ကံပုဒ်​နှင့်​ကြိယာပုဒ်​ကို သဒ္ဒါ၊ဝုစ်​၊
ပရိသ်​ မှန်​​အောင်​​ရေးပါ။

သတိပြုရန်​--
ကြိယာမှာ "ယ"ပစ္စည်းသက်​လျှင်​ ဤ လာရသည်​။
ဣ လာလျှင်​ "ယ"ပစ္စည်း ​ဒွေ​ဘော်​​ဆောင်​ရသည်​။
အတ္တ​နောပုဒ်​ အသုံးပြုရသည်​ကို သတိပြုပါ။

ပုံစံ--
ပုရိ​သေန မ​ဂ္ဂေါ ဂစ္ဆီယ​တေ(ဂစ္ဆိယျ​တေ)
ပုရိ​သေန-​ယောက်​ကျားသည်​၊မ​ဂ္ဂေါ-လမ်းကို
ဂစ္ဆီယ​တေ(ဂစ္ဆိယျ​တေ)သွားအပ်​၏။
မှတ်​ရန်​--
ပုရိ​သေန-ဟူ​သော ကတ္တား​နေရာမှာ ပုရိ​သေဟိ တယာ
မယာတု​မှေဟိ၊အ​မှေဟိ၊စသည်​ဖြင့်​ ​​ရေး​သော်​လည်း
ယင်းတို့​ကြောင့်​ ကြိယာ၌ ​ပြောင်းလဲခြင်းမရှိ​စေရ။

မ​ဂ္ဂေါ ​နေရာ၌ မဂ္ဂါ၊မ​ဂ္ဂေ ဟု​ပြောင်းလဲမှသာ
ဂစ္ဆီယ​တေကို
ဂစ္ဆီယ​န္တေ ဟု​ပြောင်းလဲရသည်​။
တွံ ဆိုလျှင်​ ဂစ္ဆီယ​သေ ဟု၎င်း
တု​မှေ ဆိုလျှင်​ ဂစ္ဆီယ​ဝှေ ဟု၎င်း
အဟံ ဆိုလျှင်​ ဂစ္ဆီ​ယေ ဟု၎င်း
မယံဆိုလျှင်​ ဂစ္ဆီယာ​မှေ ဟု၎င်း ​ပြောင်းလဲရသည်​။

အောက်​​ဖော်​ပြပါ
ပုံစံ ​ပြောင်းလွှဲပုံ သတိထားကြည့်​ပါ။
ပုရိ​သေန ဂါမသ္မာ ပါ​ဒေဟိ အာဂန္တာ ဝိဟာ​ရေ ဘိက္ခူနံ
(ဒါနံ ဒဒီယ​​တေ)
ပုရိ​သေန ဂါမသ္မာ ပါ​ဒေဟိ အာဂန္တာ ဝဟာ​ရေ ဘိက္ခူနံ
(ဒါနာနိ ဒဒီယ​န္တေ)

ဘော​ဟောဝါကျ၌
၁။ကတ္တားကို ကံ​ဟောမှာကဲ့သို့ တတိယာဖြင့်​​ရေးပါ။
၂။ကံကို ဒုတိယာ၊(သို့မဟုတ်​)ဆဋ္ဌီဖြင့်​ ​ရေးပါ။
၃။ကြိယာကို ကံ​ဟောကဲ့သို့ ယပစ္စည်းသက်​ပါ။
၎။ကြိယာကို ဧကဝုစ်​ တစ်​မျိုးသာ ​ရေးပါ။
၅။ကံနှင့်​ကြိယာကို သဒ္ဒါ ပရိသ်​မှန်​​အောင်​​ရေးပါ။

အောက်​ပါပုံစံကြည့်​ပါ
ပုရိ​သေန မဂ္ဂံ(မဂ္ဂ  ဿ  )ဂစ္ဆီယ​တေ။
ပုရိ​သေန-​ယောက်​ကျားသည်​၊မဂ္ဂံ၊မဂ္ဂ ဿ ၊လမ်းကို
ဂစ္ဆီယ​တေ၊သွားရာ၏။

ကံ​ဟော၌
ကံကို ပထမာဖြင့်​ ​ရေးသည်​ ကြိယာကို ဧကဝုစ်​၊ဗဟုဝုစ်
အဆင်​​ပြေရာ ​ရေးနိုင်​သည်​။
ကြိယာကို အနက်​​ပေးရာ၌ အပ်​၊ထိုက်​၊သင့်
ပါ၍ အနက်​​ပေးရသည်​။
ဘော​ဟော၌
ကံကို ဒုတိယာ၊ဆဋ္ဌီဖြင့်​ ​ရေးရသည်​။
ကြိယာကို ဧကဝုစ်​ဖြင့်​​သာ​ရေးရသည်​။
ကြိယာကို အနက်​​ပေးရာတွင်​ ရာ၊ခြင်း ပါရသည်​။

ဤသည်​ပင်​လျှင်
ကံ​ဟောနှင့်​​ဘော​ဟော ထူးခြားချက်​တည်း။

ဆက်​လက်​​ဖော်​ပြပါမည်​။

No comments:

Post a Comment