အဂ္ဂမဟာပဏ္ဍိတ ဆရာတော်
အရှင်ပညာမဟာထေရ်၏
[ ပခုက္ကူ စာသင်နည်း နိဿရည်း ]
သြဝါဒကထာ
{ စာပေဗဟုသုတ လိုလားသူများအတွက် }
===============================
စာပေ ပရိယတ္တိသင်ယူရာ၌ မူလအခြေခံဖြစ်သော သဒ္ဒါဘက်၌ သဒ္ဒါ ဗလာဝတာရ ရူပသိဒ္ဓိ သုတ်စဉ် ပုဒ်စစ်
စသည် မသင်ယူရသေးသော သူဖြစ်အံ့-------
( က ) ရှေ့ ဦးစွာ နေ့ ဘက် သဒ္ဒါ ဗလာဝတာရ ရူပသိဒ္ဓိ
တက်ဆို။
( ခ ) ညဘက် သုတ်စဉ် သုတ်နက် ရုပ်တွက် သို့ မဟုတ်
ပုဒ်စစ် သဒ္ဒါစစ် သုတ်စစ်ဆို ရုပ်တွက် သဒ္ဒါဘက်
ဆိုင်ရာများကို ဂိုဏ်းပြေး။
( ဂ ) စာဝါကြီးဘက်က ဝိနည်းပါဠိတော်နှင့် အဋ္ဌကထာ
တွဲတက် နေ့ စဉ် စာစပ်ပေး စာစပ်နိယံလည်း
အရကျက်ဆောင်ထား ဤသို့ တွဲဖတ် ပြုလုပ်
အားထုပ်ခဲ့ပါလျှင် သဒ္ဒါ လည်း မြင် ပါဠိတော်
အဋ္ဌကထာတို့ ၏ မြန်မာအနက် အဓိပ္ပါယ်လည်း
လျင်လျင် မြန်မြန် ကျွမ်းကျင်လာနိုင်သည်။
#############################
*******အခဏ်း [ ၂ ]********
နာမ်ရုပ်နှင့်စပ်သော အဘိဓမ္မာတို့ ၌ မသင်ယူ မကျွမ်းကျင်
သေးသော သူဖြစ်မူ-------
[ က ] နေ့ ဝါ သင်္ဂြိုလ် တက် ဆို သရုပ်ခွဲ။
[ ခ ] ညဘက်၌လည်း သရုပ်ခွဲ မာတိကာ ဓာတုကထာ
ဝီထိလက်ရိုး ပဋ္ဌာန်း သုံးချက်စုနှင့် အဘိဓမ္မာဘက်
ဆိုင်ရာ အကျဉ်းမှတ်စု လင်္ကာများ အရကျက်ထား။
[ ဂ ] စာဝါကြီးဘက်၌ ဒီဃနိကာယ အပါအဝင် သီလက္ခန္ဓ
ဝဂ္ဂ မဟာဝဂ္ဂ ပါထေယျဝဂ္ဂ ပါဠိတော်နှင့် အဋ္ဌကထာ
ကျမ်း အစဉ်လိုက် တက်ဆို။
[ ဃ ] သို့ မဟုတ် အဘိဓမ္မာခုနှစ်ကျမ်း ပါဠိတော်နှင့်
အဋ္ဌကထာဖြစ်ကြသော အဋ္ဌသာလိနီ သမ္မောဟ
ဝိနောဒနီ ပဉ္စပကရဏတို့ ကို ကျမ်းစဉ်လိုက် တက်ဆို
စာစပ် ဤသို့ တွဲဖတ် စပ်ဆိုင်ရာ ပြုလုပ် အားတိုက်
သင်ယူခဲ့ပါလျင် အဘိဓမ္မာသုတ္တန်ဖတ်ဆိုင်ရာ
နာမ် ရုပ် ခန္ဓာ အာယတန ဓာတ် သစ္စာ ပဋိစ္စသမုပ္ပါဒ်
ဗောဓိပက္ခိယတရား စသည်တို့ နှင့် ပဋ္ဌာန်း နှစ်ဆယ့်
လေးပစ္စည်း အကျဉ်း အဓိပ္ပါယ်နှင့် ပါဠိတော်
အဋ္ဌကထာပါဌ် အနက်ကို လွယ်လွယ် ကူကူ ကွတ်
ကွတ် ကွင်းကွင်း မြင်နိုင်သည်။
#############################
**** အခဏ်း { ၃ }*****
ပဒတ္ထ ဝစနတ္ထ ပုဒ်၏အနက် ဝိဂြိုဟ်၏အနက် အမျိုးမျိုး
သံဝဏ္ဏေတဗ္ဗ သံဝဏ္ဏနာ စောဒနာ သောဓနာ သင်္ခေပ ဝိတ္ထာရ သာမည ဝိသေသ ဒဠှီယ ဒဠှီကရဏ စသော
ဝါကျတို့ ကို ကွတ်ကွတ် ကွင်းကွင်း မြင်အောင် ချပို့ ပြုလုပ်နည်းမှာ-------
[ က ] ဆရာက ပို့ ချစဉ်ကပင်လျင် အတ္ထသံဝဏ္ဏနာ ဆိုတဲ့
ဖွင့်ပြအပ်သောအနက် သို့ မဟုတ် အနက်ကို ဖွင့်ပြ
ကြောင်းဖြစ်သော စကားရပ်သည် သံဝဏ္ဏေတဗ္ဗဖြစ်
သော ပုဒ်ပါဌ် ဝစန၏ အနက်ပင်တည်းဟု ပြောဆို၍
အဖွင့်တိုင်း အနက်နည်း အမျိုးမျိုးသွင်း၍ ချပို့ ပေး
ရသည်။
သဘောမကျလျင် အနည်းငယ် ရှင်းပြရသည် ဥာဏ်
ထက်သူမှာ အနက်ရလျှင် အဓိပ္ပါယ် သဘောကျ
သွားသည်။
ရှည်ရှည် လျားလျားကြီး ရှင်းပြစရာ မလိုတော့ပေ။
[ ခ ] စောဒနာ သောဓနာ နည်းပြရာ၌ အဋ္ဌကထာတွင်
ပါတိုင်းသော်၎င်း သို့ မဟုတ် လိုရာဖြည့်စွတ်၍သော်
၎င်း ထုတ်ဆောင်ပို့ ချပေးရသည်။
သို့ မဟုတ် စောဒနာ လုံးလုံး မပါလျင် ဌပနာ ပုစ္ဆာ
အာဘော်အကြောင်း စောဒနာ တိက စတုက ပဉ္စက
စသည့်နည်းကို ထုတ်ဆောင်၍ ချပို့ ပြီးလျင်
သောဓနာဟု ဆိုအပ်သော အဖြေ၌ အဋ္ဌကထာ
ရှိတိုင်းသော်၎င်း လိုရာဖြည့်စွက်၍သော်၎င်း စုံလင်စွာ
ချပို့ ပေးရသည်။
ဥာဏ်ထက်သူမှာ အနက်ရလျှင် ဤသည်ကား
စောဒက ဆရာစကား ဤသည်ကား အဖြေ
ပရိဟာရသောဓနာ ဆရာစကားဟု သဘောပေါက်
နားလယ်သွားသည်။
ဥာဏ်မလိုက်သူမှာ ၅-မိနစ် ၁၀-၂၀-၃၀မိနစ်လောက်
ရှင်းပြလိုက်လျှင် သဘောကျသွားသည်။
၁=နာရီ ၂=နာရီ ရှည်လျားစွာ ပြောစရာမလို။
[ ဂ ] သင်္ခေပ ဝိတ္ထာရ စသည် ဝါကျနည်း ပြရာတို့ ၌လည်း
( ဟိ ) ထိုအကျဉ်းကို အကျယ်ချဲ့၍ ဆိုလိုက်ဦးအံ့။
( ပန ) သာမညမှ တစ်ပါး ဝိသေသကို ဆိုးဦးအံ့။
( စ သစ္စံ) ငါဆိုအပ်ခဲ့ပြီးသော ဒဠှီယစကားရပ်သည်
ဆိုအပ်လတံ့သော ဤ ဒဠှီကရဏ စကားရပ်ဖြင့်
မှန်ကန်ပေး၏ ။
ဤသို့ အနက်ချစဉ်ကပင် တိတိကျကျ မိမိရရ ထည့်သွင်း
ချပေးလိုက်သောကြောင့် ဥာဏ်ထက်သူဖြစ်လျှင်
[ ပဌမနည်း ] ရှေ့ ဝါကျ စကားရပ်ကား အကျဉ်းသင်္ခေပ
စကား နောက်ဝါကျ စကားရပ်က ဝိတ္ထာရစကား။
[ ဒုတိယနည်း ] ရှေ့ ဝါကျစကားရပ်ကား သာမည နောက်ဝါကျ စကားရပ်က ဝိသေသ။
[ တတိယနည်း ] ရှေ့ ဝါကျ စကားရပ်ကား ဒဠှီယ နောက်ဝါကျ စကားရပ်က ဒဠှီကရဏ ဤသို့ ဝါကျ စုံတွဲ
ထိထိမိမိ သိရှိလာသည် သဘော မပေါက်၍ မသိသေးလျင်
စဉ်းငယ် အတန် ရှင်းလိုက်က သဘောပေါက်သွားတော့သည်။
အချိန်ကုန်ခံ၍ ရှည်လျားစွာ ပြောနေစရာမလို။
[ ဃ ] သံဝဏ္ဏနာ နည်းဘက်ဆိုင်ရာ ကျမ်းငယ်များမှာ
သံဝဏ္ဏနာဖွင့် စကားပြေနှင့် နည်းလေးဆယ်ကို ညဝါ
လုပ်ဆို သို့ မဟုတ် အရကျက်ထား စုဒ် စောဒနာနှင့်
ဝါကျဘက်ဆိုင်ရာများမှာမူ ဂန္ထာဘရဏပါဌ်နှင့် ဋီကာ
ဂန္ထဋ္ဌိတို့ ကို တက်ကျက်၊ စံကျောင်းနိယံ ဘုရားကြီး
နိယံ ဝါကျ ဆိုရိုး စသည်တို့ ကို ညဝါဆို ဤသို့ 
ဆိုအပ်ခဲ့ပြီးသော သူ့ အခဏ်းနှင့် သူ့ အခဏ်း
လျော်ညီစွာ ကိုက်ညီအောင် သင်ယူသွားခဲ့ပါမူ
ပိဋကတ် ကျမ်းဂန်အရာ၌ မခက်ခဲ့ဘဲ လွယ်ကူစွာ
မုချဆတ်ဆတ် တတ်မြောက် ကျွမ်းကျင်လာပါလိမ့်မည်
***အမှာစကားချပ်**
( ၃ )အခဏ်းကို ( ၁ )အခဏ်းနှင့် တွဲနိုင်သည်။
( ၂ )အခဏ်းနှင့်လည်း တွဲနိုင်သည်။ ဥပုဒ်နေ့ စာဝါပိတ်သော်လည်း သဒ္ဒါငယ်ဘက်ဆိုင်ရာ စာလေးများနှင့်
ဓမ္မပဒအဋ္ဌကထာ စသည်တို့ ကိုတော့ ချပို့ ကြသေးသည်။
*****အခဏ်း { ၄ }********
သဒ္ဒါဘက် အခြေခံ အဘိဓမ္မာဘက် အခြေခံရှိထားသူမျာမှာ
[ က ] ဝိနည်း သုတ္တန် အဘိဓမ္မာ ပိဋကတ်သုံးပုံ နိကယ်ကြီး
ငါးရပ် ပါဠိတော် အဋ္ဌကထာ ဋီကာကျမ်းမြတ်များကို
တနေ့ သုံးဝါ စုံတွဲလျက် ဆိုနိုင်သည်။
စာအခြေခံရှိသူမှာ ၃-နှစ်လောက် ထိထိမိမိ အားထုတ်
သက်ယူခြင်းနှင့် ===
[ ခ ] အချို့ လွယ်ကူသော ပါဠိတော်နှင့် အဋ္ဌကထာများ
အကြားညှပ်၍ ချပို့ လိုက်ပါမူ စာချတဆူဖြစ်၍
တိုက်တာ တည်ထောင်လအုပ်ချုပ်လျက်
မြို့ နယ်သာသနာပြု ထေရ်မွန် တပါး ဖြစ်နိုင်ပေသည်။
ဤကား အဂ္ဂမဟာပဏ္ဍိတ ဆရာတော် အရှင်ပညာမဟာထေရ်၏ ပခုက္ကူ စာသင်နည်းတည်း။
ပြန်လည်း တင်ပြသူ မောင်ပဏ်
No comments:
Post a Comment