ရတနာသုံးဖြာ ထေရ်ဆရာတို့ကို အာရုံပြုကာ သီကျူးဖွဲ့ဆိုအပ်သော ဓမ္မပလ္လင်ဖွင့်ဂါထာ
♡♡♡♡♡♡
ဗုဒ္ဓံ ဓမ္မဉ္စ သံဃဉ္စ ,
အာစေရံ သာဒရံ ဝန္ဒေ ၊
သန္တာနဉ္စ ဟိတတ္ထာယ၊
ဒေသေဿာမိ ဣမံ ဓမ္မံ။
*********
ဗုဒ္ဓံ -သစ္စာလေးပါး, မြတ်တရားကို, ကိုယ်တိုင်သိလျက်, ဝေနေများစွာ, သတ္တဝါတို့ကို, မိမိအတူ, သိစေတော်မူတတ်, ဂုဏ်သကတ်ကြောင့် ``ဗုဒ္ဓ မည်ငြား" မြတ်ဘုရားကို လည်းကောင်း။
ဓမ္မဉ္စ -မဂ်ဖိုလ်နိဗ္ဗာန်, ဓမ္မက္ခန်ဟု ဆယ်တန်ထင်ပေါ် တရားတော်မြတ်ကိုလည်းကောင်း။
သံဃဉ္စ -မဂ္ဂဋ္ဌာန်လေးပါး, ဖလဋ္ဌာန်လေးပါး, ရှစ်ပါးအရိယာ, မြတ်သံဃာနှင့်, ယခုရှိကြသမ္မုတိဟု, များစွာစုပေါင်း, သံဃာတော်အပေါင်းကိုလည်းကောင်း။
အာစေရံ စ -လောကီလောကုတ်, နှစ်လီတိုးပွား, အကျိုးများဖို့, သွန်သင်ဆုံးမ လမ်းညွှန်းပြသည့်, ``သင်ဆရာ မြင်ဆရာ ကြားဆရာ'"ဟုဆိုအပ်သော, ဆရာထေရ်အပေါင်းကိုလည်းကောင်း။
အဟံ -ရတနာသုံးဖြာ, ထေရ်ဆရာတို့, သွန်သင်ဆုံးမ, ဩဝါဒကို, ကြားရရွှင်ပျော်, (ဣန္ဒာစရိယ)မည်ခေါ်, ဘုရာတပည့်တော်သည်။
သာဒရံ -လေးမြတ်ကြည်ညို, ရိုသေခြင်းရှိသည်ဖြစ်၍။
ဝန္ဒေ-ဝန္ဒာမိ-ဂုဏ်တော်ထုံးမွှန်း,ပုံတော်မှန်းလျက်,ချီးမွန်းထောမနာ, ပဏာညွှတ်ကျိုး,လက်အုပ်မိုးကာ, ရှိခိုးကန်တော့ပါ၏ဘုရား။
စ-ရတနာသုံးဖြာ, ထေရ်ဆရာတို့ကို, ရိုသေသမှု, ရှိခိုးပြုပြီး၍, ဆန္ဒလျော်စွာ, ဆိုပါဦးအံ့။
အဟံ-ဗုဒ္ဓဟောကြား မြတ်တရားကို တဆင့်ပြန်လည်း ဟောညွှန်ပြမည့် ဓမ္မကထိက သမုတ် အကျွန်ုပ်သည်။
သန္တာနံ-ရတနာသုံးတန်,ကံနှင့်ကံကျိုး, ဤငါးမျိုးကို, မြတ်နိုးသက်ဝင်,ယုံကြည်ခြင်းရှိကြကုန်သော များဗိုလ်လူတို့၏။
ဟိတတ္ထာယ-မကောင်းမှုရှောင်,ကောင်းမှုဆောင်၍, ဖြူအောင်စိတ်ထား, လွန်တိုးပွားလျက်, စီးပွားအကျိုး, ဖြစ်ထွန်းပါစေခြင်းအကျိုးငှာ။
ဣမံ ဓမ္မံ- (ဓမ္မပဒပါဠိ, အဋ္ဌကထာ အလာရှိသည့် အပုတ္တကသေဋ္ဌိဝတ္ထု)ကို အခြေခံ၍ (ကုသိုလ်ကုန်ရင် အပါယ်ဘုံပြန်မယ်ဟူသော) ဤတရားဒေသနာတော်ကို၊
ဒေသေဿာမိ-တရားချစ်ခင် စိတ်ကောင်းဝင်သည့် တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့ ဒေသနာသုတ ကိုယ်စီရ၍
မဂ်ဖိုလ်နိဗ္ဗာန် အမြင်မှန်ဖြင့် နိဗ္ဗာန်ရောက်ရေး ရှေးရှု့တွေးလျက် ဟောကြားပေးတော့အံ့သတည်း။
(16:9:2017)
တက္ကသိုလ်စာသင်သား
https://m.facebook.com/story.php?story_fbid=842856585901160&id=576981195822035
No comments:
Post a Comment