English Grammar အားနည်းသူများအတွက်
=============================
သင်ခန်းစာ - ၁
=========
Engliah Grammar (သဒ္ဓါ)ဆိုတာဘာလဲ😕
Grammar (သဒ္ဓါ) ဆိုတာက ယုတ္ထိရှိတဲ့ ရေးသား ပြောဆိုဆက်သွယ်ချက်တစ်ခုဖြစ်လာဖို့ စကားလုံးတွေကို အတူတကွ ဘယ်လိုအသုံးပြုတည်ဆောက်ရမလဲဆိုတဲ့နည်းလမ်းပဲဖြစ်ပါတယ်
ဥပမာ-(တုတ်မောင်မောင်ခွေးရိုက်သည်)
ဒီလိုရေးရင် ဒါယုတ္ထိမရှိပါဘူး
(မောင်မောင်ကခွေးကိုတုတ်ဖြင့်ရိုက်သည်)
ဒါမှ ယုတ္ထိရှိတဲ့ရေးသားချက်တစ်ခုဖြစ်ပါမယ်
ဒီလိုရေးသားချက်ဖြစ်ဖို့ မောင်မောင်ဆိုတဲ့ကတ္တားပုဒ်ကိုရှေ့ဆုံးပို့ရပြီးသူ့နောက်မှာ ကတ္တားဝိဘတ် (က)ကိုထည့်ပေးရပါတယ်
ဒီလိုပဲ ခွေးဆိုတဲ့ကံပုဒ်နောက်မှာလဲ ကံဝိဘတ်(ကို)ထည့်ပေးပြီး အစီအစဉ်တကျနေရာချရပါတယ်
ဒါ grammar(သဒ္ဓါ) ပါပဲ
ဘာသာစကားတွေရဲ့ သဘောတရားအများစုက တူညီလို့ English Grammar ကို ကျွန်တော်တို့မြန်မာသဒ္ဓါနဲ့ နှိုင်းယှဉ်ဖော်ပြလိုက်တာပါ
Grammar ကိုလေ့လာပြီး Grammar ဆိုတာဘာလဲမသိမှာစိုးလို့ ဒါလေးထည့်ပြောပြတာပါ
ဒီတော့ English Grammar ကိုသွားရအောင်
English Grammar မှာဘာတွေဘယ်လိုပဲ ခေါင်းစဉ်ကွဲကွဲ အခြေခံအကျဆုံးသဘောတရားက သုံးခု ပဲရှိပါတယ်
ဆိုလိုတာက ဒီ သဘောတရား သုံးခု ကိုနားလည်ရင် English Grammar ကိုနားလည်တာပါပဲ
ဒီတော့ ဒီ သဘောတရား သုံးခုကို မှတ်ပါ
1)Parts of Speech
2)Inflection
3)Syntax
သဘောတရားတစ်ခုကို နားလည်ဖို့ခန့်မှန်းကြာချိန် က ခြောက်လမှရှစ်လ ပါ
ဒီတော့ ဒီသဘောတရား သုံးခုထဲက Parts of Speech ကိုသွားပါမယ်
Parts of Speech ရဲ့အဓိပ္ပါယ်(ဝါစင်္က)
===================
Parts of Speech ဆိုတာက ဝါကျတစ်ကြောင်းမှာသူတို့ရဲ့အဓိပ္ပါယ် . တည်ဆောက်ပုံနဲ့ လုပ်ဆောင်ချက်တွေကိုကြည့်ပြီး စကားလုံးတွေကိုအမျိုးအစားခွဲခြားခြင်းပါ
Parts of Speech (12)မျိုးရှိပါတယ်
Main parts of speech နဲ့ other parts of speech ပါ
အဓိကဝါစင်္က နဲ့ အခြားဝါစင်္က ပေါ့
Main Parts of Speech က (7) မျိုးပါ
အောက်မှာလေ့လာပါ
1)Nouns
2)Pronouns
3)Verbs
4)Adjectives
5)Adverbs
6)Prepositions
7)Conjunctions
Other Parts of Speeech (5)မျိုး ထပ်လေ့လာပါ
1)Articles
2)Particles
3)Determiners
4)Gerunds
5)Interjections
စုစုပေါင်းဝါစင်္က Parts of Speech (12) မျိုးပါ
အချို့က 8 parts of speech ဆိုပြီး conjunction ကိုထည့်တွက်ကြပါတယ် အခေါ်အဝေါ်မတူတဲ့သဘောပါ
သဘောတရားကအတူတူပါပဲ
×××××××××××××××××××××××××××××××××××××××××××××××××××××
သင်ခန်းစာ ၁ ကိုဒီလောက်ပဲတင်ပေးလိုက်ပါတယ်
နောက်ပိုင်းသင်ခန်းစာပေါင်း ရာချီ ရှိမှာမလို့ share ပြီး ကိုယ့် wall ထဲသိမ်းထားတာပဲဖြစ်ဖြစ် ဖြစ်နိုင်ရင် စာအုပ်လေးနဲ့ကူးထာတာပဲဖြစ်ဖြစ်လုပ်စေချင်ပါတယ်
နောက်ပြီး သင်ခန်းစာတစ်ခုကို ဒီလောက်ဆိုရင် နည်းနေလား များနေလား ဆိုတာလေးလဲ အကြံပြုပေးပါ
နည်းတယ်ဆိုရင်နည်းနည်းလေး ထပ်တိုးပြီး တင်မလို့ပါ
များတယ်ဆိုရင် နည်းနည်းလျှော့ပါမယ်
အရင်ဒီလို Grammar ကိုတင်ပေးဖို့ရည်ရွယ်ပေမယ့် အချိန်အခက်အခဲကြောင့် ရပ်သွားခဲ့ရပါတယ်
အခုကတော့ သေချာလေးဂရုစိုက်ပြီး တင်ပေးသွားပါမယ်
လိုက်ပါလေ့လာဖို့ပဲလိုအပ်ပါတယိ
ဝေဖန်စရာရှိရင်လဲ အားမနာစတမ်းဝေဖန်ပေးကြပါလို့လဲ တောင်းဆိုပါတယ်ခင်ဗျ
No comments:
Post a Comment