အချိန်မီလေး ပြင်လိုက်ပါ တရားတော်
@@@@@@@
စာသင်တိုက်နေစ
ဆရာတော်ရဲ့သြဝါဒ ပြန်လည် ကြားယောင်နေမိတယ်
ကြိုတင် ပြင်ဆင်ပါ
ကြိုတင် မပူပန်ပါနဲ့တဲ့
ထို့ကြောင့် ရောက်တဲ့နေရာ ရရာတာဝန်
အဆင်ပြေပြေထမ်းဆောင်နိုင်ခဲ့သည်
တရားပွဲစဖို့
နာရီးဝက်လောက်အလို
စတိတ်စင်ရဲ့အောက်
ကန့်လန့်ကာရဲ့နောက်ကနေ
စတိတ်စင်ရဲ့အထက်
ဓမ္မပလ္လင်ပေါ်သို့ တက်ဖြစ်သွားတယ်
ဖြစ်ပုံက ဒီလို
နောင်တော်တစ်ပါးရဲ့ ပင့်ဖိတ်ချက်ဖြင့် ဒေသန္တရ ဗဟုသုတနဲ့
ပင့်သံဃာ စာရင်းထဲ ဝင်တိုးလိုက်တယ်
အကြိုးဓမ္မသဘင်
တရားပွဲစဖို့ ၄၅မိနှစ်လောက်အလိုအထိ ဓမ္မဃောသကရဲ့ နှိုးဆော်သံကို ကြားနေရတယ်။
ကျောင်းတိုက်၏ ပဓာနဆရာတော် ဘုရား ကိုယ်တိုင် အလှူအကြိုး ဓမ္မပလ္လင်တော်ထက်ကနေ နိဗ္ဗာန် ရောက်ကြောင်း တရားကောင်းကို ဟောကြားတော်မူပေးမှာဖြစ်ပါတယ်တဲ့
တောဆိုတော
ကိုရီးယားကားသိမ်းချိန် မြန်မာ့သတင်းလာချိန် တရားပွဲစဖို့ စီစဉ်ထားသလားမပြောတတ် တရားပွဲက ည၈နာရီ စဟောမည်တဲ့
နာရီဝက်လောက်အလိုမှာ
ကျောင်းတိုက်ရဲ့ ပဓာနဆရာတော်က ဦးဇင်းလေး တပည့်တော် အရေးပေါ် ကိစ္စပေါ်လာလို့ မဖြစ်မနေ သွားရမယ်။
အရှင်ဘုရားရဲ့နောင်တော်က အရှင်ဘုရားဟောနိုင်တယ်ပြောတယ်။ အခုတရားပွဲ တရားတစ်ပုဒ်လောက်တက်ဟောပေးပါဘုရားတဲ့
ဖြစ်တယ်မလား။
ငယ်ဆရာများရဲ့ကောင်းမှုကြောင့် ဆိုက်ရောက်လာတဲ့ တာဝန်ကို ခေါင်းရှောင်စရာ မလိုဘဲ ရဲရဲပဲ လက်ခံလိုက်မိတယ်
အချိန်မီလေး ပြင်လိုက်ပါ- တရာဒေသနာတော်
@@@@@@@@
အတ္တာနဉ္စေ ပိယံ ဇညာ,
ရေကၡယ် နံ သုရကၡိတံ၊
တိဏၰံ အညတရံ ယာမံ,
ပဋိဇေဂၢယ် ပဏ္ဍိတော။
အတ္တာနံ- ဘဝဖန်ခါ သံသရာက (သံသရာ၌) ငါဟုစွဲဆို မိမိကိုယ်ကို။
ပိယံ-အရင်းစစ်လျှင် ပြစ်မတင်ဘဲ နှစ်စဉ်မမုန်း အချစ်ဆုံးအခင်မင်းဆုံးဟူ၍။
စေဇညာ- အခါအခါ အရာရာဝယ် စာနာထောက်ထား အကယ်၍ နားလည်ငြားအံ့။
(ဧဝံသတိ-ဤသို့ မိမိကိုယ်ကိုသာလျှင် အချစ်ဆုံးအခင်မင်းဆုံးဟု လုံလုံခွဲခြား နားလည်ထားသည်ရှိသော်။)
နံ အတ္တာနံ-ခုလည်းကိုယ့်ကိုယ် နောင်လည်းကိုယ့်ကိုယ်ဟု သို့ကလို သိရှိ ထိုမိမိကိုယ်ကို။
သုရက္ခိတံ-တရားကြောင်းရာ မစောင်းပါဘဲ ကောင်းစွာ စောင့်ရှောင့်အပ်သည် မည်လောက်အောင်။
ရက္ခေယျ-သတိတရား လက်ကိုင်ထား၍ မမှားပုံသေ စောင့်ရှောက်၍ နေရာ၏( စောင့်ရှောက် ပေရာ၏။)
ပဏ္ဍိတော-ပြုသမျှ အသစ် ဖြစ်သမျှ အဟောင်း မကောင်လည်းငါ ကောင်းလည်းငါဟု ကောင်းစွာမြင်သိ ပညာရှိသည်။
တိဏ္ဏံ- နှစ်ဆယ့်ငါးနှစ် သင့်အောင်စစ်၍ သုံးရစ်ပိုင်းခြား အရွယ်သုံးပါတို့တွင်။
အညတရံ ယာမံ-ယုတ်စွအဆုံး နောက်ပိတ်တုံးဟု ခေါ်ထုံးအရ ပစ္ဆိမအရွယ်ကို။
ပဋိဇဂ္ဂေယျ-အပြစ်မနော စင်းလုံးချောအောင် ဆေးကြောသုတ်သင်ရာ၏။
ဣတိ-ဤသို့။ဘဂဝါ-ဘုန်းတော် ခြောက်စုံ တန်ခိုးဂုဏ်နှင့် ပြည့်စုံတော်မူသော ရှင်တော်မြတ်ဘုရားသည်။ ဣမံ ဓမ္မဒေသနံ-ဤ(အချိန်မီလေး ပြင်လိုက်ပါ)ဟူသော တရာဒေသနာတော်ကို။ အဝေါစ- ကရုဏာရှေ့ထား မေတ္တာအားဖြင့် ကောင်းစွာမသွေ ဟောကြားတော် မူခဲပါပေသတည်။
အချိန်မီလေး ပြင်ခဲ့သော အင်္ဂုလိမာလထေရ်
အချိန်နှောင်းမှ ပြင်ခဲ့သော
အမှားဝင်္ကပါရှင်ကြီး အရှင်ဒေဝဒတ်
ပြင်ဆင်ချိန်ရလျက် မပြင်ခဲ့မိသော
ကုသိုလ်တစ်ကြိမ်လုပ်ပြီး အသစ်ကုသိုလ်မလုပ်ဖြစ်ခဲ့တဲ့
အပုတ္တကသူဌေးဝတ္ထု
Ven Indacariya (22:2:2018)
No comments:
Post a Comment