Monday, March 5, 2018

ဘဝအမှောင်မကျအောင် စဉ်းစားရွေး ရွေးချယ်တတ်ပါစေ

ဘဝအမှောင်မကျအောင်
               စဉ်းစားရွေး ရွေးချယ်တတ်ပါစေ
@@@@@@@

်​သီ​ဟော နာမ ဇိဃစ္ဆာပိ၊
တိဏာဒီနိ န ခါဒတိ။
ကုလပုတ္တော ကုလဇ္ဇာတော၊
ကုလဝံသသုရက္ခတော။
ဒုက္ခပတ္တောပိ ဒဋ္ဌဗ္ဗံ၊
ဟီနကမ္မံ န ကာရယေ။ ။

(ကုလဇ္ဇာတော-ဆန်းစောင့်အာဂုံပုဒ်
ကုလဇာတော)

်​သီ​ဟော နာမ-သားတို့ဘုရင်း ခြင်္သေမင်းမည်သည်။

ဇိဃစ္ဆာပိ-စာလောင်မွတ်သိက်၍ နေပါသော်လည်း။

တိဏာဒီနိ-မြက်သစ်ခက် အစရှိသည်တို့ကို။

န ခါဒတိ-ဘယ်သောအခါမှ မခဲစာ။

ဧဝမေဝ-သားတို့ဘုရင် ခြင်္သေမင်းကြီး မြက်မစားခြင်းကို နည်းယူ၍သာလျှင်။

ကုလဇ္ဇာတော-ကုလဇာတော-မကောင်းမှုရှောင် ကောင်းမှုဆောင်၍ ဖြူ အောင်စိတ်ဓာတ် မြင့်သထက်မြင်အောင် အားထုတ်တတ်သည့် ကောင်းသောအမျိုး၌ မွေးဖွားသော။

ကုလဝံသသုရက္ခတော-အမျိုးဘာသာ သာသနာကို ကောင်းစွာ စောင့်ရှောက်လိုသော ။

ကုလပုတ္တော-အမျိုးကောင်းသာ အမျိုးကောင်းသ္မီးသည်။

ဒုက္ခပတ္တောပိ-စားဝတ်နေရေး အဆင်မပြေလှလို့ ဘယ်လောက်ပင် ကိုယ်စိတ် ဆင်းရဲခြင်းသို့ ရောက်နေပါသော်လည်း။

ဟီနကမ္မံ-သားယောင်္ကျားလေး မွေးဖွာလာလို့မှ ရှင်ရဟန်းပြုခွင့် မရတော့မည့် ဘာသာမတူ မိစ္ဆာအယူ ရှိသူနှင့် အိမ်ထောင်ပြုမှုမျိုးကို။

န ကာရယေ-ခြင်္သေမင်းနဲ့တူတဲ့ လူမျိုးဖြစ်ပါလျက် မြက်စားနွားနဲ့တူတဲ့ လူမျိုးဖြစ်အောင် မပြုကျင့်ရာ။

ဣတိ-ဤသို့။

ဒဋ္ဌဗ္ဗံ-ကောင်းစွာမသွေ လေးစားလိုက်နာ မှတ်သားထိုက်ပါပေသတည်း။

(၁၃၇၅-ခုနှစ်။နွေရာသီယဉ်ကျေးလိမ္မာသင်တန်း သင်တန်းသိမ်းပွဲအဖြစ်
မိဘများနှင့် ညီငယ်ညီမငယ်တို့ကို သင်တန်းအနှစ်ချုပ် အနုသာသနမှာတမ်း အသံဖိုင်လေးကို ပြန်လည်းနားထောင်၍ ဖြန့်ဝေလိုက်ပါတယ်)

            (6:3:2018/7:05am)
            အရှင်ဣန္ဒာစရိယ(မော်ကျွန်း)

ဟောကွက်သာဓကများက
၁။သောတာပန်ဖြစ်လျက် မုဆိုနဲ့အိမ်ထောင်ပြုမိ၍ မိန်းဝတ္တရာအရ သူအသက်သတ်ရန် လေးမြှားတွေ ပြင်ဆင်ပေးရခြင်းရဒုက္ခ
၂။ ဝိသာခါ၏ ဘာသာခြားနဲ့ယူရခြင်း ရဲ့ ဘာသာကိုးကွယ်ခွင့်ဒုက္ခ
ပါရမီရှင်မ ဖြစ်၍သာ ဘာသာခြားမှ လွတ်မြောက်ခဲ့ပုံ
၃။ မသိတာထွေအကြောင်း
[[ဝီရသူ(မစိုးရိမ်)ဗလော့linkလင့်၌ကြည့်နိုင်
http://wirathu.blogspot.com }}
၎။ တရာဝင်မယာ ဖြစ်ဖို့ရန် ဘာသာစွန့်ကြရသူများ
[[ဝီရသူ(မစိုးရိမ်)ဗလော့linkလင့်၌ကြည့်နိုင်
http://wirathu.blogspot.com }}
၅။ ဘာသာခြားနှင့် ယူ၍အမျိုးသမီး အခွင့်အရေး ဆုံရှုံးခဲ့ကြသူများ
[[ဝီရသူ(မစိုးရိမ်)ဗလော့linkလင့်၌ကြည့်နိုင်
http://wirathu.blogspot.com }}

{{{အမျိုးသားရေးနှင့် ဗဟုသုတဆိုင်များများ၏အောက်ပါ-
တက္ကသိုလ်စာသင်သား Apkဆောဝဲ link ကို ဒေါင်းယူ၍ ကြည့်ရှုံနိုင်ပါသည်}}}

-com.tktstudent-9-v1.0.apk
https://yadi.sk/d/BNnhJ9Jy3Rs9C7

No comments:

Post a Comment