စိတ်ကိုစောင့်ရှောင် နိဗ္ဗာန်ရောက်
**************
သုဒုဒ္ဒသံ သုနိပုဏံ,
ယတ္ထကာမနိပါတိနံ၊
စိတ္တံ ရက္ခေထ မေဓာဝီ,
စိတ္တံ ဂုတ္တံ သုခါဝဟံ။
သိမြင်နိုင်ခဲ သိမ်မွေ့မြဲ၍
အမြဲအာရုံ
သုဒုဒ္ဒသံ- (သာမန်မျက်စိ မဆိုထားဘိ)
ဉာဏ်စက္ခုဖြင့် ကြည်ရှုသော်မှ လွန်စွာမြင်နိုင်ခဲ့ထသော။
သုနိပုဏံ-လူသူသာမန် မမြင်တန်အောင် အလွန်သိမ်မွေ့ထသော။
ယတ္ထကာမနိပါတိနံ- အနွယ်မျိုးဇာတ် မကြည့်တတ်ဘဲ လိုအပ်ဘိတုံ အာရုံဟူသမျှ၌ ကျရောက်လေ့ရှိထသော။
စိတ္တံ -အာရုံသောင်းပြောင်း အကြောင်းကြောင်းကြောင့် ဆိုးကောင်းနှစ်သွယ် ဆန်းကြယ်သောစိတ်ကို။
မေဓာဝီ-အဆီအနှစ် ပညာရှိသော ပုဂ္ဂိုလ်သည်။
ရက္ခေထ -သတိတရား အမြဲထားလျက် ကြိုးစားပုံသေ စောင့်ရှောက်၍ နေရာ၏။
ဂုတ္တံ- အမြဲမပျက် စောင့်ရှောက်အပ်သော။
စိတ္တံ -ဖြစ်ပျက်လျင်မြန် ကိုယ်သန္တာန်ဝယ် ဖန်ဖန်ပေါ်ထင် စိတ်အစဉ်သည်။
သုခါဝဟံ-လူနတ်နှစ်တန် စည်းစိမ်းစံလျက် (မဂ်ဉာဏ်ဖိုလ်ဉာဏ် အမြင်မှန်ဖြင့်) နိဗ္ဗာန်တိုင်အောင် ချမ်းသာကို ဆောင်နိုင်ပေသတည်း။
{{The mind is very difficult to see, very delicate and subtle; it moves and lands wherever it pleases. The wise one should guard his mind, for a guarded mind brings happiness.}}
ဓမ္မပဒပါဠိတော်
အညတရဥက္ကဏ္ဌိတဘိက္ခုဝတ္ထု
နိသျ-ဘာသာဋီကာဆရာတော်
30:3:2018/7:50AM
တက္ကသိုလ်စာသင်သား
https://m.facebook.com/story.php?story_fbid=846880875498731&id=576981195822035
No comments:
Post a Comment