အားကိုးထိုက်သူကို
အားကိုးလိုက်ကြပါ
@@@@@@
ပြည်တွင်းကို R2Pခေါ်လာပြီ
ကာကွယ်ရေးကို ဖြိုခွဲချင်သူများကို တိုက်ထုတ်ဖို့
အားကိုးထိုက်သူကို
အားကိုးလိုက်ကြပါ
@@@@@@@@@@@@@@
နိဂြောဓမေဝ သေဝေယျ ,
န သာခ မုပသံဝသေ၊
နိဂြောဓသ္မိံ မတံ သေယျော,
ယဉ္စေ သာခသ္မိ ဇီဝိတံ။
တာတ-မြန်ပြည်မှာမွေ မြန်မာ့သွေးဟု မျိုးဆွေထင်ပေါ် တစ်ရာ့သုံးဆယ်ငါးမျိုးသော တိုင်းရင်းသား ညီနောင်များတို့။
အတ္တနော-မိမိ၏။ ဝါ-ကိုယ့်မြို့ကိုယ့်ရွာ ကိုယ့်နိုင်ငံ၏။
ဟိတကာမော- အကျိုးစီးပွားကို လိုလားသူသည်။
ဟိတကာမော-မြန်ပြည်မှာမွေ မြန်မာ့သွေးဟု မျိုးဆွေထင်ပေါ် တစ်ရာ့သုံးဆယ်ငါးမျိုးသော တိုင်းရင်းသား ညီနောင်များ၏အကျိုးစီးပွားကို လိုလားသူသည်။
နိဂြောဓမေဝ-ကိုယ့်ပြည့်ကိုယ့်ရွာ ကိုယ့်နိုင်ငံကို ဘေးရန်ကြုံက ကိုယ့်အသက်ကိုပင် မငဲ့ကွက်ဘဲ ကာကွယ်ပေတတ်သည့် နိဂြောဓသမင်မင်းကဲ့သို့သော ခေါင်းဆောင်မျိုးကိုသာ။
သေဝေယျ- ယုံကြည်အားထား ဆည်ကပ်ရာ၏။
သာခံ-ကိုယ့်ပြည့်ကိုယ့်ရွာ ကိုယ့်သာသနာကို မျှော်ကာမထောက် ကျွန်သဘောက်သို့ နှင်းအပ်ပေးတတ် ခေါင်းဆောင် မထားအပ်သည့်
သာခသမင်မင်း ကဲ့သို့သော ခေါင်ရှောင်မျိုးကို။
န ဥပသံဝသေ- အကျိုးအပေါင်း ရာထောင်သောင်တို့ မျှော်ရောင်လမ်းစ ပေါ်ပေါက်နိုင်ငြားပါသော်လည်း
ကပ်ရောက်၍ မနေသင့်ရာ။
နိဂြောဓသ္မိံ-ကိုယ့်ပြည့်ကိုယ့်ရွာ ကိုယ့်နိုင်ငံကို ဘေးရန်ကြုံက ကိုယ့်အသက်ကိုပင် မငဲ့ကွက်ဘဲ ကာကွယ်ပေတတ်သည့် နိဂြောဓသမင်ကဲ့သို့သော ခေါင်းဆောင်မျိုး၏ အထံ၌။
မတံ-အသက်ဇီဝ မတည်ရဘဲ ယခုချက်ချင်း သေရခြင်းသည်။
သေယျော-ကာကွယ်ပေးတတ် ခေါင်ဆောင်မြတ်ကို တွေ့ဆုံခွင့်ရသော ကြောင့် မြတ်ပါသေး၏။။
သာခသ္မိံ-ကိုယ့်ပြည့်ကိုယ့်ရွာ ကိုယ့်သာသနာကို မျှော်ကာမထောက် ကျွန်သဘောက်သို့ နှင်းအပ်ပေးတတ် ခေါင်းဆောင် မထားအပ်သည့်
သာခသမင်မင်း ကဲ့သို့သော ခေါင်ရှောင်မျိုး၏ အထံ၌။
ဇီဝိတံ-အသက်ရာကျော် ရှည်ရခြင်သည်။
ယဉ္စေ သေယျော-
ကာကွယ်ပေးတတ် ခေါင်ဆောင်မြတ်ကို တွေ့ဆုံကြုံခွင့်မရသောကြောင့် မမြတ်ပါပေသတည်း။
(နိဂြောဓဇာတ်ကို သဘောကျတယ်
နိဂြောဓဇာတ်ဟာ
အရှင်ကုမာရကဿ ပမထေရ် နှင့်
အရှင်ကုမာရကဿ ပမထေရ်ရဲ့ မိခင် ထေရ်ရီမတိုရဲ့အတိတ်ဘဝဇာတ်လမ်းလေးပါ
ကာကွယ် မပေးရဲတဲ့ ခေါင်းရှောင်နဲ့
ကာကွယ် ပေးရဲတဲ့ ခေါင်းဆောင် နှစ်မျိုးကို မြတ်စွာဘုရားကိုယ်တိုင် ပြန်လည်းဟောကြားပေးခဲ့တာပါ)
(3:3:2018/6:29.:PM)
တက္ကသိုလ်စာသင်သား
@@@©©©©©©©©©©©©©©@@@
No comments:
Post a Comment