Monday, March 5, 2018

ချစ်​သူက အားမကိုးရ​​သော်​ အားကိုးရသူကို ချစ်ရမယ်

ချစ်​သူက အားမကိုးရ​​သော်
         အားကိုးရသူကို ချစ်ရမယ်
@@@@@@@@@@@@@
ချစ်​သူက အားမကိုးရ​၍
         အားကိုးရသူကို ချစ်ခဲ့ကြသူများရဲ့ ဘဝအတ္ထုပ္ပတ္တိဇာတ်​လမ်း​တွေကို ဆင်​ခြင်​သုံးသတ်​ပြီ မိမိတို့သန္တာန်​မှာ ချစ်​ရသူထက်​ အားကိုးသူကို ဦးစား​ပေ ချစ်​နိုင်​​အောင်​ကြိုးစားနိုင်​ကြ​စေရန်​ ဓမ္မ​ခေါင်းစဉ်​​လေး အမည်​​ပေးလိုက်​ပါတယ်

ချစ်​သူက အားမကိုးရ​​သော်
         အားကိုးရသူကို ချစ်ရမယ်​-တရား​တော်
@@@@@@@@@@@@@
နိဂြောဓမေဝ သေဝေယျ ,
န သာခ မုပသံဝသေ၊
နိဂြောဓသ္မိံ မတံ သေယျော,
ယဉ္စေ သာခသ္မိ ဇီဝိတံ။

တာတ-မြန်ပြည်မှာမွေ မြန်မာ့သွေးဟု မျိုးဆွေထင်ပေါ် တစ်ရာ့သုံးဆယ်ငါးမျိုးသော တိုင်းရင်းသား ညီနောင်များတို့။

အတ္တနော-မိမိ၏။ ဝါ-ကိုယ့်မြို့ကိုယ့်ရွာ ကိုယ့်နိုင်ငံ၏။

ဟိတကာမော- အကျိုးစီးပွားကို လိုလားသူသည်။
ဟိတကာမော-မြန်ပြည်မှာမွေ မြန်မာ့သွေးဟု မျိုးဆွေထင်ပေါ် တစ်ရာ့သုံးဆယ်ငါးမျိုးသော တိုင်းရင်းသား ညီနောင်များ၏အကျိုးစီးပွားကို လိုလားသူသည်။

နိဂြောဓမေဝ-ကိုယ့်ပြည့်ကိုယ့်ရွာ ကိုယ့်နိုင်ငံကို ဘေးရန်ကြုံက ကိုယ့်အသက်ကိုပင် မငဲ့ကွက်ဘဲ  ကာကွယ်ပေတတ်သည့် နိဂြောဓသမင်မင်းကဲ့သို့သော ခေါင်းဆောင်မျိုးကိုသာ။

သေဝေယျ- ယုံကြည်အားထား ဆည်ကပ်ရာ၏။

သာခံ-ကိုယ့်ပြည့်ကိုယ့်ရွာ ကိုယ့်သာသနာကို မျှော်ကာမထောက် ကျွန်သဘောက်သို့ နှင်းအပ်ပေးတတ် ခေါင်းဆောင် မထားအပ်သည့်
သာခသမင်မင်း ကဲ့သို့သော ခေါင်ရှောင်မျိုးကို။

န ဥပသံဝသေ- အကျိုးအပေါင်း ရာထောင်သောင်တို့ မျှော်ရောင်လမ်းစ ပေါ်ပေါက်နိုင်ငြားပါသော်လည်း
ကပ်ရောက်၍ မနေသင့်ရာ။

နိဂြောဓသ္မိံ-ကိုယ့်ပြည့်ကိုယ့်ရွာ ကိုယ့်နိုင်ငံကို ဘေးရန်ကြုံက ကိုယ့်အသက်ကိုပင် မငဲ့ကွက်ဘဲ  ကာကွယ်ပေတတ်သည့် နိဂြောဓသမင်ကဲ့သို့သော ခေါင်းဆောင်မျိုး၏ အထံ၌။

မတံ-အသက်ဇီဝ မတည်ရဘဲ ယခုချက်ချင်း သေရခြင်းသည်။

သေယျော-ကာကွယ်ပေးတတ် ခေါင်ဆောင်မြတ်ကို တွေ့ဆုံခွင့်ရသော ကြောင့် မြတ်ပါသေး၏။။

သာခသ္မိံ-ကိုယ့်ပြည့်ကိုယ့်ရွာ ကိုယ့်သာသနာကို မျှော်ကာမထောက် ကျွန်သဘောက်သို့ နှင်းအပ်ပေးတတ် ခေါင်းဆောင် မထားအပ်သည့်
သာခသမင်မင်း ကဲ့သို့သော ခေါင်ရှောင်မျိုး၏ အထံ၌။

ဇီဝိတံ-အသက်ရာကျော် ရှည်ရခြင်သည်။

ယဉ္စေ သေယျော-
ကာကွယ်ပေးတတ် ခေါင်ဆောင်မြတ်ကို တွေ့ဆုံကြုံခွင့်မရသောကြောင့် မမြတ်ပါပေသတည်း။

(နိဂြောဓဇာတ်ကို သဘောကျတယ်
နိဂြောဓဇာတ်ဟာ
အရှင်ကုမာရကဿ      ပမထေရ် နှင့်
အရှင်ကုမာရကဿ      ပမထေရ်ရဲ့ မိခင် ထေရ်ရီမတိုရဲ့အတိတ်ဘဝဇာတ်လမ်းလေးပါ
ကာကွယ် မပေးရဲတဲ့ ခေါင်းရှောင်နဲ့
ကာကွယ် ပေးရဲတဲ့ ခေါင်းဆောင် နှစ်မျိုးကို မြတ်စွာဘုရားကိုယ်တိုင် ပြန်လည်းဟောကြားပေးခဲ့တာပါ)

                                     (3:3:2018/6:29.:PM)
                                   တက္ကသိုလ်စာသင်သား
,§§§§§§§§§§§§§§§§§§§
၁။ ဝေဿ      န္တရာဇာတ်တော်
သဗ္ဗညုတဉာဏ်​​တော်​အတွက်
ပစ္စည်းဥစ္စာသာမယားတွေက  မ​ရ​စေနိုင်​ စွန်​မှရမည်​ဖြစ်​၍ စွန့်​ခဲ့

၂။ သဒ္ဒတ္ထမင်းသား
သဗ္ဗညုတဉာဏ်​​တော်​ရဖို့ရန်
အလွန်​ချစ်​ခင်​ရတဲ့
ယ​သော်​ဓရာနှင့်​ သား​တော်​တို့က အားမကိုးရတဲ့အတွက်
အားကိုးရမည့်​​တောထွက်​ခြင်းကို အားကိုးခဲ့သူ

၃။အဇာတသတ်
ချစ်​​ကြောက်​​လေးစာရတဲ့
အရှင်​​ဒေဝဒတ်​က အားမကိုးရတဲ့အတွက်
အားကိုးရတဲ့ ဘုရားရှင်​ထံ ​ပြောင်း၍ စည်းကပ်​ခဲ့သူ

၎။ နိ​ဂြောဓဇာတ်
၅။ ကုမာရကဿပမာတုထေရီဝတ္ထု

No comments:

Post a Comment