Thursday, March 29, 2018

ရဟန်းဘဝ ​​လောကအမြင်

ရဟန်းဘဝ ​​လောကအမြင်
*****
ပဗ္ဗဇ္ဇာ ဒုက္ကရာ တာတ,
တွဉ္စ သုခုမဇာတိကော။
သီတေနတ္ထေ လဘေ ဥဏှံ,
ဥဏှေနတ္ထေ စ သီတလံ။
(ဝသာဟိ ဂိဟိဘာ​ဝေန,
မာ ပဗ္ဗဇ္ဇာဟိ တသ္မာ တွံ ။)

တာတ - သီတာမည်သား, ​ရေကြည်​ချမ်းမြ, တစ်​​ပေါက်​ကျက မိဘတို့ဝမ်း,ငြိမ်းစတမ်းသည့်​, ရွှင်​လန်းကြည်​​အေး, အို ကွဲ့ သားက​လေး။
ပဗ္ဗဇ္ဇာ -သပိတ်​​ပွေ့ကာ, အိမ်​မကွာသို့, ရှက်​စရာတကယ်​, မျက်​နှာငယ်​နှင့်​, လှည့်​လည်​​တောင်းရ, ​အောက်​တန်းကျလှတဲ့, ရဟန်းဘဝသည်​။
ဝါ-သပိတ်​ခွက်​မဲ, လက်​မှာစွဲ၍, မျက်​နှာမွဲနှင့်​, တကယ်​​တောင်းရ,​အောက်​တန်းကျလှတဲ့, ရဟန်းဘဝသည်​။
ဒုက္ကရာ -လွယ်​ကူမယ်​ ထင်​မ​တွေးလိုက်​ပါနဲ့ အလွန်​ပင်​ ငြိုငြင်​သဖြင့်​ ငိုချင်​​အောင်​ ဆင်​ရဲလှပါ​ပေ၏။
တွဉ္စ -မိဘမျက်​ရှု ​ရွှေလိုဥရတဲ့ သမုဒယရင်​​သွေး သင်​သားက​လေးသည်​။
သုခုမဇာတိကော-သိမ်​​မွေ့​နုနယ်​ ရှုစဖွယ်​ဖြင့်​ အရွယ်​တွက်​ဆ အလွန်​ပင်​ ငယ်​လှပါ သေ၏။
တသ္မိံ-ဒုက္ခမျိုးစုံ ကိုယ်​​တွေ့ကြုံမှ အကုန်​သိရ သူတို့ရဲ့ ရဟန်းဘဝကြီး၌။
သီတေန-​ပူပြင်ွှ​၍ အပူမဖက်​ အ​​အေးသက်​သက်သာ ဖြစ်​​သော နှစ်​သက်​စရာ ​အေး​သော စားဖွယ်​ဖြင့်​။
အ​တ္ထေ -အကယ်​၍များ ဆန္ဒအ​လျောက်​ စာ​သောက်​ဖွယ်​ရာ အာသာ​မျှော်​မိ အလိုရှိသည်​ရှိ​သော်​။
ဥဏှံ-သူ​ပေးလူ​ပေး ​တောင်းခံ​လွေး ရသဖြင့်​ အ​အေးမပါပူ​နွေး​သော အစားအစာကို။
လ​ဘေ-အဖန်​ဖန်အထပ်​ထပ်​ အခံကပ်​​အောင်​ ဆက်​ဆက်​မ​သွေ ရတတ်​​ချေ၏။
လ​ဘေ-အလိုပင်​ မကျ​သော်​လည်း ငြိုငြင်​တဲ့ဘဝမှာ မလိုချင်​တာရတတ်​ပါ​၏။

ဥဏှေန-ချက်​ပြုတ်​​ပေါင်း​နွှေး ပူ​နွေး​သော အစားအစာဖြင့်​။
ဝါ-ပူပူ​နွေး​နွေး မ​အေးမစက်​ နှစ်​သက်​စရာ ပူ​နွေး​သော အစားအစာဖြင့်​။
အ​တ္ထေ -အကယ်​၍များ ဆန္ဒအ​လျောက်​ စာ​သောက်​ဖွယ်​ရာ အာသာ​မျှော်​မိ အလိုရှိသည်​ရှိ​သော်​။
သီတလံ-ချမ်း​အေးတုံခိုက်​ လက်​မနှိုက်​ချင်​စရာ ​အေးစက်​​သော အစားအစာကို။
ဝါ-သူ​ပေးလူ​ပေး ​တောင်းခံ​လွေး ရသဖြင့်​ ပူ​နွေး​မပါ ​အေးစက်​​သော အစားအစာကို။
လ​ဘေ-အဖန်​ဖန်အထပ်​ထပ်​ အခံကပ်​​အောင်​ ဆက်​ဆက်​မ​သွေ ရတတ်​​ချေ၏။
လ​ဘေ-အလိုပင်​ မကျ​သော်​လည်း ငြိုငြင်​တဲ့ဘဝမှာ မလျုချင်​တာရတတ်​ပါ​၏။
ဂိဟိဘာ​ဝေန-အ​အေးဆိုအ​အေး အပူဆိုအပူ ဘာမဟူ တခဏ လိုရာရနိုင်​သည့် သူတို့ရဟန်းဘဝက ဘယ်​လိုမှ မတုပနိုင်​တဲ့
ပျော်​စရာခရီး လူ့ဘဝကြီးဖြင့်​သာလျှင်​။
ဝသာဟိ -ပျို​မေ​တွေ အာကျစရာ ဘို​ကေသကာဖြင့်​ နဂို​နေ အလှပြပြီး တစ်​မျိုးသ သလိုမို့ ရှိုးပြကာ အဆင်​ဆန်း​တွေနဲ့ ရွှင်​ရွှင်​လန်းလန်းကြီး ​နေစမ်းပါ​လော။
တသ္မာ-ထိုသို့​သော ရဟန်းဘဝမှာ ရတာမလို လိုတာမရ ဒုက္ခ​တွေ ဝန်းရံ ခ​ ​လေ​သော​ကြောင့်​။
တွံ-မိဘမျက်​ရှု ​ရွှေလိုဥရတဲ့ သမုဒယရင်​​သွေး သင်​ချစ်​သား​​လေးသည်​။
မာ ပဗ္ဗဇ္ဇာဟိ-ဒုက္ခ​တွေ မြင်​​သေးရဲ့ ရင်​မ​အေးလို့ အ​မေတားလိုက်​မယ်​ ချစ်​သားရယ်​ ရှင်​ရဟန်းမပြုရာပါ သတည်း။

ဂါထာ-ဘာသာဋီကာဆရာတော်

ရေသားဖြန့်ဝေသူ 28:3:2018/9:25AM
                         တက္ကသိုလ်​စာသင်​သား

https://m.facebook.com/story.php?story_fbid=845962892257196&id=576981195822035

No comments:

Post a Comment