Wednesday, March 21, 2018

အက္ခရာအစချီ ပါဠိသင်နည်း

အက္ခရာအစချီ  ပါဠိသင်နည်း
။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။
(က ကလေးငယ် ချစ်စဖွယ် ကို နည်းယူထားသည်။)
က ကရောမိ ကုသလံ = ငါသည် ကုသိုလ်ကို ပြုပါ၏။
ခ ခမာမိ သဟာယံ= ငါသည် သူငယ်ချင်းကို သည်းခံပါ၏။
ဂ ဂစ္ဆာမိ ၀ိဟာရံ= ငါသည် ကျောင်းသင်္ခမ်းသို့ သွား၏။
ဃ ဃာယာမိ သုဂန္ဓံ= ငါသည် ကောင်းသော အနံ့ကို နမ်းပါ၏။
င နတ္ထိ အာဒိမယံ= ဤငအက္ခရာသည် ကြိယာ၏ အစမှာ မရှိချေ။
အက္ခရာဝလိပါဠိ ပါဠိသင်နည်း -၂
။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။
စ စက္ခာမိ ပေါတ္ထကံ = ငါသည် စာအုပ်ကို ကြည့်ပါ၏။
ဆ ဆဍ္ဍေမိ ပါပကံ = ငါသည် မကောင်းမှုကို စွန့်ပါ၏။
ဇ ဇာနာမိ စတုသစ္စံ = ငါသည် သစ္စာလေးပါးကို သိပါ၏။
ဈ ဈာယာမိ သြဒါတံ = ငါသည်
အဖြူ ရောင်ကို စူးစိုက်ရှုပါ၏။
ည ဉာမိ ဒွိညက္ခရံ= ငါသည် ညဆိုတာ ပါဠိမှာ ဉအက္ခရာ ၂ လုံးဟု ၂ လုံးသော ညအက္ခရာကို သိပါ၏။

ဋ ဋေကာမိ နဂရံ = ငါသည် မြို့သို့ သွားပါ၏။
ဌ ဌာမိ ဧကကံ = ငါသည် တစ်ကိုယ်တည်း ရပ်တည်ပါ၏။
ဍ ဍံယာမိ သြဒနံ = ငါသည်
ထမင်းကို စားပါ၏။
ှူဎ နတ္ထိ အာဒိမယံ = ဤ ဎ အက္ခရာသည် ကြိယာ၏
အစမှာ မရှိပေ။
ဏ နတ္ထိ အာဒိမယံ ဤ ဏ အက္ခရာသည် ကြိယာ၏အစမှာ မရှိပေ။

တ တက္ကောမိ သုတက္ကံ= ငါသည် ကောင်းသော အကြံကို ကြံပါ၏။
ထ ထကေမိ က၀ါရံ = ငါသည် တံခါးကို ပိတ်ပါ၏။
ဒ ဒက္ခာမိ သမ္မတံ = ငါသည် သမ္မတကို မြင်ပါ၏။
ဓ ဓရာမိ ၀ိနယံ= ငါသည် ၀ိနည်းကို ဆောင်ပါ၏။
န နမာမိ ဗုဒ္ဓ၁သ= ငါသည် ဘုရားအား ရှိခိုးပါ၏။
အက္ခရာဝလိ ပါဠိသင်နည်း -၃
။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။
ပ ပက္ကာမိ ပဌမံ = ငါဘက်က စပြီး လမ်းခွဲပါ၏။
ဖ ဖလာမိ သုဖလံ = ငါသည် ကောင်းသော ကုသိုလ်သီးကို သီးပါ၏။
ဗ ဗုဇ္ဈာမိ သဒ္ဓမ္မံ = ငါသည် သူတော်ကောင်းတရားကို သိပါ၏။
ဘ ဘုဉ္ဇာမိ ဘောဇနံ = ငါသည် ထမင်းကို စားပါ၏။
မ မဂ္ဂါမိ သုမဂ္ဂံ = ငါသည် ကောင်းသောလမ်းကို ရှာပါ၏။

ယ ယာစာမိ သုသီလံ = ငါသည် ကောင်းသောသီလကို တောင်းပါ၏။
ရ ရမာမိ ဧကကော = ငါသည် တစ်ယောက်တည်း ပျော်မွေ့၏။
လ လဘာမိ ပဗ္ဗဇံ = ငါသည် ရဟန်းအဖြစ်ကို ရပါ၏။
ဝ ၀စာမိ သုကထံ = ငါသည် ကောင်းသောစကားကို ဆိုပါ၏။
သ သရာမိ မာတရံ = ငါသည် အမေ့ကို သတိရပါ၏။
ဟ ဟသာမိ ခန္ဓဒုက္ခံ = ငါသည် ခန္ဓာ့ဒုက္ခကို ရယ်ချင်ပါ၏။
ဠ နတ္ထိ အာဒိမယံ = ဤ ဠ အက္ခရာသည် ကြိယာ၏ အစမှာ မရှိပေ။
အံ နတ္ထိ အာဒိမယံ = ဤ အံ အက္ခရာသည် ကြိယာ၏ အစမှာ မရှိပေ။

အ အမှိ သရောဟံ။ ငါသည် သရဖြစ်ပါ၏။ ငါသည် ရေအိုင် ဖြစ်ပါ၏။
အာ အာသာမိ ဥဒကံ= ငါသည် ရေကို တောင့်တပါ၏။
ဣ ဣစ္ဆာမိ နိဗ္ဗာနံ = ငါသည် နိဗ္ဗာန်ကို အလိုရှိပါ၏။
ဤ ဤဟာမိ ကုသလံ = ငါသည် ကုသိုလ်ကို အားထုတ်ပါ၏။
ဥ ဥစ္ဆာမိ သုဘိက္ခံ = ငါသည် ကောင်းသောဆွမ်းကို ရှာမှီးပါ၏။
ဦ ဦဟာမိ သုတက္ကံ= ငါသည် ကောင်းသောအကြံကို ကြံပါ၏။
ဧ ဧသာမိ သုပညံ = ငါသည် ကောင်းသောပညာကို ရှာမှီးပါ၏။
သြ သြ၀ဒါမိ အတ္တာနံ = ငါသည် ကိုယ့်ကိုယ်ကိုယ် ဆုံးမပါ၏။

                  ပြီး၏။
ပ ပဿာမိ သာသနံ
ဖ ဖဿတိ တံ ကညံ
ဗ ဗောဓေတိ သဒ္ဓမ္မံ   ဗ. ဗုဇ္ဈတိ တံ ပညံ
ဘ ဘဝတိ သုသုခံ
မ မရတိ တံ ဇနံ
ယ ယာပေတိ အာဟာရံ
ရ ရက္ခတိ မရမ္မံ
လ လဘတိ တံ ကညံ
ဝ ဝပ္ပေတိ တံရုက္ခံ
သ သုဏာတိ တံ ဓမ္မံ
ဟ ဟောတိ တံ ပုညံ
ဠ. ဠကာရော နတ္ထိ ပဠိယံ
အ အနပ္ပကံ တံ ဓနံ 
ကဲ ဘာရှိသေးလဲ

ပါဠိနည်းပညာ ဂရုမှ ကူးယူ၍
တဆင့်​ပြန်​လည်း ဖြန့်​ဝေသူ
                           တက္ကသိုလ်​စာသင်​သား

No comments:

Post a Comment