နွားကျောင်းသားပမာ
စိတ်ကျောင်းပါ
@@@@@@@@@
စိတ္တဝိသုဒ္ဓိဖြစ်စေရန် ထိန်းကျောင်းနည်း
@@@@@@@@@@
ယထာ ထေမ႓ နိဗေႏၶယ် ၊
ဝစၧံ ဒမၼံ နေရာ ဣဓ။
ဗေႏၶေယ် ဝံ သကံ စိတၱံ၊
သတိယာရမၼေဏ ဒဠႇံ။
ဝိ။ ႒။၂။၁၂။
****************************
ဣဓ-ဣမသ္မိံလောကေ-ဤလောက၌။
ဝစ္ဆံ-ရိုင်းစိုင်းသောနွားငယ်ကို။
ဒမံ-(ဒမန္တော)-ဆုံးမလိုသော။
နရော-နွားအထာဝယ် လိမ္မာကျွမ်းကျင် နွားကျောင်းမည့် ပုဂ္ဂိုလ်သည်။
ထမ္ဘေ-မလှုပ်မယိုင် မြဲခိုင်သည့် ချည်တိုင်၌။
နိဗန္ဓေယျ ယထာ-ဖွဲ့ချည်ရာသကဲ့သို့။
ဧဝံ-ဤအတူ။
ဣဓ ဣမသ္မိံသာသနေ- သီလသမာဓိ ပညာ ထင်ရှားပါသည့် ဤသာသနာတော်၌။
သကံ စိတ္တံ-ဟိုဒီလှုပ်ရှား ပြေလွှားရုန်းကန်၍ နေသော မိမိ၏ စိတ်ကို။
သတိယာ-သတိ တည်းဟူသော ကြိုးဖြင့်။
အာရမ္မဏေ-ထွက်သက်ဝင်သက် အာရုံတည်းဟူသော ချည်တိုင်၌။
ဒဠှံ -မြဲမြံခိုင်ခံစွာ။
ဒဠှံ -ပြေးမရခါ ချည်တိုင်မှာ
မောကာ ငြိမ်သက်သည် မည်လောက်အောင်။
ဗန္ဓေယျ -ဖွဲ့ချည်ထားရာသတည်း။
****************************
ိစိတ်မိုက်နွားဆိုး သတိကြိုးဖြင့်
မတိုးရုန်းနိုင် အာရုံတိုင်
ခိုင်ခိုင် ချည်လေဘိ။
ခိုင်ခိုင်ချည်ထား စိတ်မိုက်နွား
ပြေးလွှား ရုန်း၍ကြည့်။
ပြေးမရခါ ချည်တိုင်မှာ
မောကာ ငြိမ်သက်၏။
မောကာငြိမ်သက် စိတ်မထွက်
တိုးတက် သမာဓိ။ ။
သမာဓိရ တည်ကြည်က
စိတ္တဝိသုဒ္ဓိ။
စိတ်စင်ကြယ်သွား ရုပ်နာမ်များ
ပိုင်းခြားခွဲ၍သိ။
****************************
{{{ဒီနေ့ ပါရာဇိကဏ် ပထမနေ့အတွက် ပါရာဇိကဏ်အဋ္ဌကထာ ဒုတိယအုပ်ကို အနက်လှည့်ရင် စိတ္တဝိသုဒ္ဓိဖြစ်စေရန် ထိန်းကျောင်နည်း ဂါထာလေး တစ်ပုဒ် ရလိုက်ပါတယ်။
ထိုဂါထာလေးကို ဝိပဿ နာ တရားပြတဲ့အခါ အသုံးပြု နိုင်ရန် အနက်ဆန်လေး ထည့်ပြီ အပိုင်ကျက်လိုက်မိတယ်။
သာမကျော် တတိယဆင့် ရောက်ခိုက် (၁ဝ)ရက်တရားစခန့်အားထုတ်ရန် စေခိုင်းပြီး ဓမ္မအလင်္ကာလေး တိုင်ပေးကာ အဆိုခိုင်ခဲ့သော တောတိုက်ဓမ္မရိပ်သာ ဆရာတော်ဘုရားကြီးအား ပူဇော်သောအားဖြင့် ထိုဂါထာနဲ့ လျှော်ညီတဲ့
တောတိုက်ဓမ္မရိပ်သာ ဆရာတော်ဘုရားကြီးတိုင်ပေးကာ အဆိုခိုင်ခဲ့သော ဓမ္မအလင်္ကာလေးကိုလည်း ပြန်လည် ဖြန့်ဝေလိုက်ပါတယ်}}}
(6:3:2018/5:58pm)
Vin Indacariya
No comments:
Post a Comment