Tuesday, March 27, 2018

ပါရမီဖြည့်​ဘက်​ ကြင်​ရာ​တော်

ပါရမီဖြည့်​ဘက်​ ကြင်​ရာ​တော်
*************
ပါရမီဖြည့်ဘက် ချစ်သူတွေဟာ
ဘဝတိုင်း ဆုံခွင့်ရကြတယ်---

တစ်​​ဦ  ဒုက္ခ​ရောက်​ရင်
ကျန်းတစ်ဦ က
မခွဲခွာဘဲ အတင်​တွဲကာ,
အညှဉ်​ဆဲဒက်​တွေ, အဆင်းရဲတွေကို
မျှဝေခံစားလေ့ရှိကြတယ်---

ချစ်​သူတစ်​​ယောက်​,
ချမ်းသာ​​ရောက်​နေရင်တော့
ကိုယ်​စိတ်​ရွှင်လန်းကာ,
လပြည့်ဝန်ပမာ ပြုံးမေတ္တာတွေနဲ့
ချမ်းချမ်းသာသာ
နေထိုင်လေ့ ရှိကြတယ်---
*********
ဒွန္ဒဒွန္ဒာ သဉ္စရန္တိ! ပါရမီ သဟစာရိနော၊
ဒုက္ခိတေ ဒုက္ခိတာ ဟောန္တိ! သုခိတေ သုခိတာ သဒါ။
ပါရမီ သဟစာရိနော-ရှေးကြောင်းရေစက် မေတ္တာဆက်၍, နှစ်သက်ကြည်​နူး, ပါရမီ ဖြည့်​ဖက်,နှစ်​ဦ တို့သည်​။
ဒွန္ဒဒွန္ဒာ -လူ၌လည်းစုံ, နတ်​လည်းစုံ၍, ​ရွှေဘုံရိပ်​စံ, တိရစ္ဆာန်​လည်း, ​မောင်​နှံတွဲကြကုန်​လျက်​။
သဉ္စရန္တိ-​တွေ့ရာဘုံထဲ, ကြုံစမြဲမို့, စုံတွဲမ​ကွေ, ကျင်​လည်​ကြရ​လေကုန်​၏။
ဒုက္ခိတေ-ချစ်​သူတစ်​​ယောက်​, ဒုက္ခ​ရောက်​သည်​ရှိ​သော်​။
ဒုက္ခိတာ ဟောန္တိ-အလျင်းမခွဲ, အတင်​တွဲ၍, အညှဉ်​ဆဲဒက်​, အဆင်းရဲ ခံကြ​လေကုန်​၏။
သုခိတေ -ချစ်​သူတစ်​​ယောက်​, ချမ်းသာ​​ရောက်​သည်​ရှိ​သော်​။
သဒါ သုခိတာ -ကိုယ်​စိတ်​လန်းစွာ, စန်းမပါသို့, လှမ်းကာအတူ, ချမ်းသာ​တော်​မူကြ​လေကုန်​သတည်း။ ။
***********

သတိထားပါ ရွှေမြန်မာ
*******
ယောက်ျားအများစုက
ချမ်းသာတဲ့ဒဏ်ကို မခံနိုင်ကြဘူး
ချမ်းသာရင် ပျက်စီးကြတယ်----

မိန်းမအများစုဟာ
ဆင်းရဲတဲ့ဒဏ်ကို မခံနိုင်ကြဘူး
ဆင်းရဲရင် ပျက်စီးကြတယ်----
ဒါလေကိုတော့ သတိပြုပါ-----

ဂါထာ-ဘာသာဋီကာဆရာတော်
ဓာတ်ပုံ-Online

ရေသားဖြန့်ဝေသူ       28:3:2018/7:2PM
                             တက္ကသိုလ်​စာသင်​သား

No comments:

Post a Comment