နှစ်ချောင်း ငင်ကို
သံယုတ်နှင့် တွဲ ဖတ်ရိုးမရှိ။
မုံလှ ဟု ဖတ်လိုသော်
မုဠှ ဟုသာ ရေးရာ၏။
မူလှဟု ဖတ်လိုသော်
မူဠှဟုသာ ရေးလရော၏။
ဗျည်းနှစ်လုံးပေါင်း၍
တစ်သံတည်း ထွက်ရိုး မရှိ။
ဗျည်းနှင့် သရ ပေါင်းပြီးသာ
အသံထွက်နိုင်ရိုး ဖြစ်လေသည်။
ဠှ တွင်
စာရေးရာ၌
နေရာ ကျဉ်းစေရန်
ဠဟဟု မရေးဘဲ
အက္ခရာချင်း ဆင့်ပြီး
ဠ ဗျည်းနှင့် ဟဗျည်း
ဆင့်ထားချင်းသာ ဖြစ်၍
ဖတ်သောအခါတွင်မူ
မူလအတိုင်း
ဠဟဟု ခွဲဖတ်ရမည်။
ဥဒါဟရုဏ်ကား__
ဒိတွာ သုတွာ တည်း။
ထို ဒိတွာ သုတွာ တွင်
တွာဟူသည်
တဗျည်းနှင့် ဝဗျည်းကို
အက္ခချင်း ဆင့်ထားခြင်းဖြစ်၍
ဖတ်သော အခါတွင်မူ
မူလအတိုင်း ပြန်ခွဲလျက်
တဝါဟုသာ ဖတ်ရသကဲ့သို့တည်း။
သံယုတ်ဗျည်းကို
တဝါဟု နှစ်သံဖတ်သကဲ့သို့
အက္ခရာချင်း
ဗျည်းချင်း ဆင့်ထားလျင်
သံယုတ်ဟု ယူစေသောကြောင့်
သံယုတ်ဗျည်းကို
သူ့ရှေ့မှ
ဗျည်းနှင့် ယှဉ်စေလျက်
အသတ်ဗျည်းတာဝန်ကိုပါ
ယူရမည်ဟု ဆိုသောကြောင့်
ဒိ နှင့် တဗျည်း ယှဉ်လျက်
ဒိတ် ဟုလည်းကောင်း
ဒိတ်နှင့် တဝါ ယှဉ်လျက်
ဒိတ္တွာဟုလည်းကောင်း
ရေးရ အသံထွက်ရမည် ဖြစ်သော်လည်း
ဝဗျည်းနှင့် ယှဉ်တွဲပြီးရကာ
တဗျည်း တစ်လုံးကို ချေလျက်
ဒိတွာ သုတွာဟုသာ ရေးမှတ်ရိုး ရှိလေ၏။
ဖတ်သောအခါတွင်မူ
ဒိတ်တဝါဟုလည်းကောင်း
သုတ်တဝါဟုလည်းကောင်း
ပျောက်ဆုံးနေသော ဗျည်းကို
ပြန်ဖော်လျက် ဖတ်ရမည်ဟု သိ။
ထို့အတူပင်
တဏှာ
မယှံ စသည်တို့ကိုလည်း
တႏၰဟာ
မယ်ယဟံ ဟု
မူလဟဗျည်းအသံကို
ပြန်ဖော်ထုတ်လျက်
ဒိတွာ သုတွာတို့ကဲ့သို့
ရွတ်ဖတ်ရမည်ဟု သိပါလေ။
ယခု အမေးတွင် လာသော
ယထာ မူဠှံ ကိုလည်း
ယထာ ဗာလံ ဟူသော
သူ့ရှေ့တွင်လာသည့် ပုဒ်နှင့် အညီ
ယထာ မူဠံ ဟု ဆိုက သင့်လေရာ၏။
အချို့သော ကေစိဆရာတို့သည်ကား
မူဠှံ ဟု ဟဗျည်းနှင့် ယှဉ်သဖြင့်
ဗာလံကိုလည်း ယဗျည်းနှင့် ယှဉ်စေပြီး
ဗာလျံ ဟု ရေးရိုး ဖတ်ရိုး ထုံးစံ ရှိသည်။
ထို ကေစိဆရာတို့ အလိုသို့ မလိုက်လို
မူဠှံ မှ ဟဗျည်းကိုလည်း မဖြုတ်လိုက
မူလဟံ ဟုသာ ရွတ်ဖတ်သင့်သည်သာ။
နှစ်ချောင်းငင် ဆွဲထားပါလျက်
မုန် ဟု အသံထွက်ခြင်းသည်လည်း
မှန်ကန်သော ရွတ်ဖတ်နည်း မဟုတ်ရကား
မုန်လဟံ ဟု ရွတ်ဖတ်လိုသော်
မူ တွင် နှစ်ချောင်းငင်ဖြင့် မရေးသားဘဲ
တစ်ချောင်းငင်ဖြင့်သာ ရေးသားသင့်ပေ၏။
တစ်ချောင်းငင်ဖြင့် ထားလျင်လည်း
လှံ ဟု တစ်သံတည်း မထွက်ဘဲ
သံယုတ်ဗျည်းတို့ ထုံးစံအတိုင်း
လဟံ ဟုသာ ထွက်စေလျက်
မုဠှံ (မုန်လဟံ) ဟုသာ ဖတ်သင့်ပေသတည်း။
သော ဘာသေယျ မှ
ဘာသေယျ ပုဒ်ကိုလည်း
သံယုတ်ယှဉ်သော ဗျည်းဟု ယူလေက
ဘာသစ်ယယ ဟုသာ ဖတ်လေရာသတည်း။
သေယ်ကို သစ်ဟု ထွက်ခြင်းအား
မိမိ အလိုရမူ နှစ်သက်သဘောကျခြင်း ရှိချေ။
သေနှင့် သယ် တို့ အကြားသံကို ထွက်ရာ၏။
သံယုတ်သဘောအနေဖြင့် မယူဆလိုသော်
ဘာသေယယဟုသာ ရိုးရိုး ထွက်လေရာသည်။
ထိုတွင် အချို့ ကေစိဆရာတို့သည်
ယဗျည်းနှစ်လုံးသည် အသံတူ ဖြစ်သဖြင့်
ယ ဟု တစ်သံတည်း ဖတ်လျင်
ရပြီဟု ယူဆတတ်ကြသေးရကား
ထို ကေစိဆရာတို့ အလိုအားဖြင့် ဖတ်လိုမူ
ဘာသေယျကို
ဘာသေယဟုလည်းကောင်း
ဘာသစ်ယဟုလည်းကောင်း ရွတ်ဖတ်ရာ၏။
ထပ်၍ မှတ်လေ။
ဝါက်
သကျ ဟူသော ပုဒ်တို့ကိုလည်း
သံယုတ်နှောင်းသံဖြင့် ဖတ်မူ
ဝက်ကယ ဟုလည်းကောင်း
သက်ကယ ဟုလည်းကောင်း ဖတ်ရာ၏။
ကေစိဆရာတို့ အလိုတိုင်း ဖတ်မူ
ဝက်ကျ ဟုလည်းကောင်း
သက်ကျ ဟုလည်းကောင်း ရွတ်ဖတ်ရာ၏။
သံယုတ်သဘောအားဖြင့် မယူဆ
ပကတိ ဗျည်းထုံးအတိုင်း ယူဆ၍ ဖတ်လိုမူ
ဝါကျ ဟုလည်းကောင်း
သကျ ဟုလည်းကောင်း ရွတ်ဖတ်လေရာ၏။
သံယုတ်ဗျည်းသံကို ပြန်ဖော်၍ ဖတ်လိုမူ
ဝါကယ ဟုလည်းကောင်း
သကယ ဟုလည်းကောင်း ရွတ်ဖတ်ရာသတည်း။
#တန့်ဆည်ဆရာတော်ကြီး
No comments:
Post a Comment