Monday, October 7, 2019

သန္ဓိကျမ်းကို ယေဘုယျမူဖြင့် ယုတ္တိကျကျ ကိုယ့်အားကိုကိုး၍ ခြုံငုံသင်ယူနည်း

သန္ဓိကျမ်းကို ယေဘုယျမူဖြင့် ယုတ္တိကျကျ
ကိုယ့်အားကိုကိုး၍ ခြုံငုံသင်ယူနည်း
…………………………………………………
ဦးကဝိ။ ။ ဦးဇနရေ အရှင်ဘုရားက နာမ်
ကျမ်း လိင်ခွဲနည်းကို ယုတ္တိကျကျ
ကိုယ့်အားကိုကိုး ခြုံငုံသင်ယူနည်းရှာခဲ့
သလို ကစ္စည်းသဒ္ဒါရှစ်ကျမ်းအစ သန္ဓိကျမ်းကိုရော ယုတ္တိကျကျကိုယ်အားကိုကိုး ခြုံငုံသင်ယူနည်းရှာရခဲ့သလား။

မိမိ။ ။ ရခဲ့တယ်ဘုရား။ ရခဲ့လို့ အောက်ပါ
လင်္ကာလေးတောင် ရေးခဲ့တယ်ဘုရား။

“ပုဒ်နှစ်ခုကြား၊ မမြင်ငြားအောင်၊
စပ်ထားဆောင်တာ၊ သန္ဓိပါဟု၊
ပြောလာစကား၊ ကြံစဉ်းစားသော်၊
ပုဒ်ကား နာမ၊ အာချာတနှင့်၊ ဥပနိ-ပါတ်၊
ဖြစ်သည့်တွက်ကြောင့်၊ ပုဒ်စပ်တိုင်းတွင်၊
လေးပုဒ်ဤတွင်၊ ဘယ်ပင်ဖြစ်သည်၊
ခွဲစိတ်ပီသော်၊ ညီတော် သန္ဓိ၊ ကျွမ်းနိုင်၏။”

ဦးကဝိ။ ။ လင်းပါဦးဘုရား။

မိမိ။ ။ သန္ဓိကျမ်းကို သင်ရာမှာ ရည်ရွယ်
ချက် (၂)မျိုး စထားသင့်ပုံက စပြောပြမယ် ဘုရား။ (၁) သူတကာတွေ ပါဠိကို ဘယ်လို သန္ဓိစပ်ရေးထားကြောင်း သိအောင်လို့၊
(၂) မိမိက ပါဠိလို ရေးတဲ့ ပြောတတ်တဲ့ အခါ ပါဠိဝေါဟာရချင်း သန္ဓိစပ်ကာ ရေး
တတ် ပြောတတ်အောင်လို့ဆိုပြီး ရည်ရွယ်
ချက် (၂) မျိုး ထားရမယ်ဘုရား။

ဦးကဝိ။ ။ ဟို သံပျင်ဋီကာမှာလာတဲ့ ပါဠိကို အနက်မြန်မာနိဿယပြန်ဆိုလိုသူဟာ
“ပဌမံ ကရေ ပဒစ္ဆေဒံ- ပထမလုပ်ရမှာက သန္ဓိပုဒ်ဖြတ်အလုပ်”ဆိုတဲ့ စကားကို ဘယ်
ရည်ရယ်ချက်ထဲ ထည့်မလဲဘုရား။

မိမိ။ ။ အဲဒါက ပထမရည်ရွယ်ချက်ထဲမှာ
ပါတယ်ဘုရား။ တကယ်တော့ ပါဠိတော် အဋ္ဌကထာ ဋီကာစသည်ဆိုတာ မိမိရေးတဲ့ စာမဟုတ်တော့ သူတစ်ပါးရေးတဲ့ စာတွေ
မဟုတ်ပါလားဘုရား။

ဦးကဝိ။ ။ မှန်ပါတယ်ဘုရား။ တပည့်တော်
တော့ ပထမရည်ရွယ်ချက်အတွက်သာ သန္ဓိ
သင်ခဲ့သလို ဖြစ်ခဲ့တာ ဝန်ခံပါတယ်ဘုရား။
ဆက်ပါဦးဘုရား။

မိမိ။ ။ “ပုဒ်နှစ်ခုကြား၊ မမြင်ငြားအောင်၊
စပ်ထားဆောင်တာ၊ သန္ဓိပါဟု၊
ပြောလာစကား၊ ကြံစဉ်းစားသော်၊ စကားက
ဒီလို အတွေးရလာတာဘုရား။ သန္ဓိပုဒ်ဖြတ်
နည်းဟာလည်း ကစ္စည်းဆရာ ရူပသဒ္ဓိ
ဆရာတို့က ဒီလိုစည်းမျဉ်းသုတ်တည်လို့
ဒီလို ဖြတ်ရတာက သူတကာကို အားကိုးတဲ့ သူတစ်ပါးကို တစ်သက်လုံးမှီနေတဲ့ စာသင်
နည်းလို့ တပည့်တော် ခံစားလာရတယ်
ဘုရား။ ဒါကြောင့် သန္ဓိပုဒ်ဖြတ်ဟာ ယုတ္တိ
ကျကျ ကိုယ့်အားကိုကိုး တစ်နည်း မိမိလုပ်အား ပါဝင်ခွင့်ပေးတဲ့ ပုဒ်ဖြတ်နည်းဖြစ်သင့်
တယ်လို့ မြင်ပြီး အဖြေရှာတာ တစ်နေ့တော့
ခင်ကြီးပျော် ဆရာတော်ရေးထားတဲ့ သန္ဓိပုဒ်
စစ်ကျမ်းမှာ “ ဒွိန္နံ ပဒါနံ အန္တရံ အဒေဿတွာ သမ္မာ ဓီယတီတိ သန္ဓိ= ပုဒ်၂ခုတို့၏ အကြားကိုမပြဘဲ ကောင်းကောင်းစပ်ထားတာ သန္ဓိ”, ဆိုတဲ့ စာလေးကို ပြန်ဖတ်ရတယ်ဘုရား။

ဦးကဝိ။ ။ အဲဒီစာကို ဘယ်လို အသုံးချဖြစ်
လဲဘုရား။

မိမိ။ ။ ဒွိန္နံ ပဒါနံ-ပုဒ်ကို focus လုပ်
ကြည့်တာဘုရား။ ၂ ပုဒ်ဆိုတာ တပည့်
တော်က ဟို ဧကစတ္တာလီသံ-သီအိုရီလို
ပုဒ်ဟာ ပါဠိသဒ္ဒါမှာ မည်မျှများစေကာမူ
နာမ် အာချာတ် ဥပသာရ နိပါတ်ထက် ပို
မရှိနိုင်တာကို သိလာတယ်ဘုရား။

ဒါကြောင့် ယဿိနြ္ဒိယာနိ-ကို ယဿ+ ဣနြ္ဒိယာနိ-လို့ ပုဒ်ဖြတ်ရာမှာ ယဿ-က-
သဝိဘတ်၊ သဆက်ထားတဲ့ နာမ်စား
သဗ္ဗနာမ်ပုဒ်, ဣနြ္ဒိယာနိ-က ဥဏာဒ်နာမ်
ပုဒ် ဖြစ်လို့ အခြားပါဠိတော် နေရာတွေမှာ
ယင်း၂ပုဒ်ကို ခွဲဟောထားလို့ အခုတွဲဟော တဲ့နေရာမှာ မူရင်းပုဒ်ကကို ယဿ+
ဣနြ္ဒိယာနိ-ဖြစ်လို့ ယဿိနြ္ဒိယာနိ-ကို
ယဿ+ ဣနြ္ဒိယာနိ-လို့ ပုဒ်ဖြတ်ရတာ
ဖြစ်ကြောင်း ယုတ္တိနည်းကျကျ အဖြေထုတ်
ရလာတယ်ဘုရား။

ဦးကဝိ။ ။ တင်ပါ့။ အရှင်ဘုရားပြောဖူးတဲ့ စာအုပ်ကို ကျော်မြင်ရမယ်ဆိုတဲ့ ဗိုလ်ချုပ်
သြဝါဒကိုလည်း သတိရလိုက်ပါတယ်ဘုရား။ မူရင်းပုဒ်လို့ အရှင်ဘုရား ပြောမှ သန္ဓိအခြေခံဟာ ပုဒ်ကား နာမ၊ အာချာတနှင့်၊ ဥပနိ-ပါတ်-တွေ ဖြစ်ကြောင်း ပိုနားလည် လာတယ်ဘုရား။

မိမိ။ ။ တင်ပါ့။ မယုံရင် ကစ္စည်း ရူပသိဒ္ဓိလာ သန္ဓိရုပ်တွေကို ပုဒ်လေးပုဒ်အတွင်း သွင်း စစ်
ကြည့်ပါဘုရား။

နော ဟေတံ= နော ဟိ+ဧတံ,
ဟိ-နိပါတ်ပုဒ်+ ဧတံ-သဗ္ဗနာမ်ပုဒ်၊
သမေတာယသ္မာ-သမေတု+အာယသ္မာ,
-သမေတု-အာချာတ်ပဉ္စမီကြိယာပုဒ်+
အာယသ္မာ-တဒ္ဓိတ်နာမ်ပုဒ်၊
ဗျာကာသိ=ဝိ+အာကာသိ,
ဝိ-ဥပသာရပုဒ်+အာကာသိ-အာချာတ်
အဇ္စျတ္တနီ ကြိယာ၊

ဦးကဝိ။ ။ တင်ပါ့။ အရှင်ဘုရားနည်းက
ပါဠိသဒ္ဒါသင်ရာမှာ အဓိကကျတဲ့
ပုဒ်ကြီးလေးပုဒ်ပါ သိစေတဲ့ နည်းပဲဘုရား။

မိမိ။ ။ တင်ပါ့။ ဥပသာရက ၂၀-ပဲရှိတယ် ဘုရား။ နိပါတ်လည်း ဘယ်လောက်အထိ
ရှိကြောင်း မန္တလေးသာသနတက္ကသိုလ်က
စာသင်အရှင်တစ်ပါး ကျမ်းရေးထားတယ်လို့
စုံစမ်းသိရှိရတယ်ဘုရား။ သဗ္ဗာနာမ်
လည်းဘယ်လောက်အထိရှိမလဲ သုတေ
သန ပြုသင့်ပါတယ်ဘုရား။

ဦးကဝိ။ ။ မှန်ပါ့။ သမေတာယသ္မာ-ကို
သမေတု+အာယသ္မာ-လို ပဉ္စမီဝိဘတ်နဲ့
မဖြတ်ဘဲ သမေတိ-လို့ (စသည်ဖြင့်)ဘာလို့ မဖြတ်တာလဲ။ အာဒါကို ကြံပြပါဘုရား။

မိမိ။ ။ ယုတ္တိရှိရှိလားဘုရား။ ဒါက ထိုပုဒ်
ပါရာ စာသွားစာလာအရ အာယသ္မာ- အရှင်ဘုရားဟာ၊ သံဃေန-သံဃာတော်နှင့် သမေတု-အယူသီလတူမျှသော အဖြစ်သို့
ရောက်ပါလော့-လို့ တိုက်တွန်းကြိယာပုဒ်
နေရာဖြစ်လို့ ဝတ္တမာန် တိ မထား, ပဉ္စမီ တု ထား ပုဒ်ဖြတ်တာပေါ့ဘုရား။

ဦးကဝိ။ ။ တင်ပါ့။ အခုလို သန္ဓိစာမြင်နည်း
အသစ်ပြောပြတာ ကျေးဇူးပါဘုရား။

မိမိ။ ။ ကျန်တာ နောက်မှ
ဆက်ကြတာပေါ့ဘုရား။

အရှင်ဇနနန္ဒ။

No comments:

Post a Comment