သန္ဓိသုတ်စဉ် ၅၁-သုတ် အလွယ်မှတ်
နည်း ကဗျာနှင့် ပုံစံသုတ်စဉ်များ
…………………………………………………
မြို့စာသင်တိုက်ပို့ဖို့ သင်္ဂြိုဟ်သုံးပိုင်းရတော့
မိမိကို ရွာဦးကျောင်းဆရာတော်ဘုရားက
ကစ္စည်းသဒ္ဒါကျမ်းကို စတင်မိတ်ဆက်
ကျက်မှတ်စေပါသည်။ မှတ်မှတ်ရရ ထို
အချိန်က ဆောင်းရာသီနံနက်ခင်း နေပူစာ
လှုံရင်း ဆရာတော်က ကစ္စည်းသုတ်စဉ်ကို
သန္ဓိမှ စ၍ ဖတ်စေကျက်မှတ်စေပါသည်။
စာအုပ်မှာ ရှေးမူ ဇမ္ဗူမိတ်ဆွေပိဋကတ်မူ
ဖြစ်သည်။ မြို့မရောက်သေး၍ မိမိအဖို့
သပြေ တင်တင်းအေးစသော ဆဋ္ဌမူ
ကစ္စည်းသဒ္ဒါစာအုပ်များကို မြင်ခွင့်မသာ
သေးပါ။ ထို့ကြောင့် ဝါးထီးအရွက်ကို အဖုံး
တစ်ထပ်အုပ်ထားသော ထိုဇမ္ဗူမိတ်ဆွေ
မူနှင့် ငယ်ဆရာထံ၌ သန္ဓိ နာမ် အာချာတ်
သုတ် စဉ်အကုန် သန္ဓိသုတ်ဝုတ္တိဥဒါဟရုဏ်
ကုန်အောင် ကျက်မှတ်ခဲ့ရသည်။ ပါဠိစာ
ကျက် ရသည်မှာ ငါးတန်းမြန်မာစာ
လောက်တော့ မလွယ်။ အတော်အားစိုက်ရ
သည်။ ထိုအကြောင်းကို အလျဉ်းသင့်က
ရေးပြပါမည်။
ယခု မိမိ ရေးစပ်ထားသော သန္ဓိသုတ်စဉ် ၅၁-သုတ် အလွယ်မှတ်နည်း ကဗျာများကို ပုံစံများနှင့် ဖော်ပြပေးလိုက်ပါသည်။
ကဗျာနှင့် သုတ်စဉ် ညှိကြည့်ပါ။
အတ်, အက်, တတ်, မတ်၊ အဉ်, သေ, ဝဂ်၊
အံ-မှတ်, ပ, ပုဗ်, နယေသုတ်။
(သုတ်ကာရန်တူရှာနည်း)
၁, ၁. အတ္ထော အက္ခရသညာတော။
၂, ၂. အက္ခရာပါဒယော ဧကစတ္တာလိသံ။
၃, ၃ တတ္ထောဒန္တာ သရာ အဋ္ဌ။
၄, ၄. လဟုမတ္တာ တယော ရဿာ။
၅, ၅. အညေ ဒီဃာ။
၆, ၈. သေသာ ဗျဉ္ဇနာ။
၇, ၉. ဝဂ္ဂါ ပဉ္စပဉ္စသော မန္တာ။
၈, ၁၀. အံဣတိ နိဂ္ဂဟိတံ။
၉, ၁၁. ပရသမညာ ပယောဂေ။
၁၀, ၁၂. ပုဗ္ဗမဓောဌိတမဿရံ သရေန ဝိယောဇယေ။
၁၁, ၁၄. နယေ ပရံ ယုတ္တေ။
ဣတိ သန္ဓိကပ္ပေ ပဌမော ကဏ္ဍော။
…………………………………………………
သ, ဝါ, ကွ, ဒီ၊ ပုဗ်-မှသည်၊ ယ, ဝ,
သဗ်, ဒေါ၊ ဣ, ဧ-ပြော။
၁၂, ၁၃. သရာ သရေ လောပံ။
၁၃, ၁၅. ဝါ ပရော အသရူပေါ။
၁၄, ၁၆. ကွစာသဝဏ္ဏံ လုတ္တေ။
၁၅, ၁၇. ဒီဃံ။
၁၆, ၁၈. ပုဗ္ဗော စ။
၁၇, ၁၉. ယမေဒန္တဿာဒေသော။
၁၈, ၂၀. ဝမောဒုဒန္တာနံ။
၁၉. ၂၂. သဗ္ဗော စံ တိ။
၂၀, ၂၇. ဒေါ ဓဿ စ။
၂၁, ၂၂. ဣဝဏ္ဏော ယံ နဝါ။
၂၂, ၂၈. ဧဝါဒိဿ ရိ ပုဗ္ဗော စ ရေဿာ။
ဣတိ သန္ဓိကပ္ပေ ဒုတိယော ကဏ္ဍော။
…………………………………………………
ရာ, ရေ, ဒီ, ရသ်၊ လောပဉ်စွက်၊ ပ-ထပ်,
ဝဂ္ဂေ၊ ဖော်တတ်စေ။ (ထပ်-ဒွေဘော်)
၂၃, ၃၆. သရာ ပကတိ ဗျဉ္ဇနေ။
၂၄, ၃၅. သေရ ကြစိ။
၂၅, ၃၇. ဒီဃံ။
၂၆, ၃၈. ရဿံ။
၂၇, ၃၉. လောပဉ္စ တတြာကာရော။
၂၈, ၄၀. ပရ ဒွေဘာဝေါ ဌာနေ။
၂၉, ၄၂. ဝဂ္ဂေ ဃောသာဃောသာနံ တတိယပဌမာ။
ဣတိ သန္ဓိကပ္ပေ တတိယော ကဏ္ဍော။
…………………………………………………
အံ, ဝဂ်, ဧ, သ၊ မ, ယ, ကွ၊ နိဂ္ဂ, ကွ, ဗျဉ်၊
ပရော, ဗျဉ်။ (ကွ-၂ ခါထပ်ရာ၌ ကွိစ သုတ်
ဖြင့် စာဆက်ပြန်မရ တိုင်ပတ်နေသော စာ
ပြန်ပုံပြင် သတိရသည်။ ရှေ့လည်း ဆက်မရ။ ကွိစ-သာ ထပ်ဆိုနေပါသတဲ့။)
၃၀, ၅၈. အံ ဗျဉ္ဇနေ နိဂ္ဂဟိတံ။
၃၁. ၄၉. ဝဂ္ဂန္တံ ဝါ ဝဂ္ဂေ။
၃၂, ၅၀. ဧဟေ ဉံ။
၃၃. ၅၁. သ ယေ စ။
၃၄, ၅၂. မဒါ သေရ။
၃၅, ၃၄. ယ ဝ မ ဒ န တ ရ လာ စာဂမာ။
၃၆, ၄၇. ကြစိ ဩ ဗ်ဉ္ဇနေ။
၃၇, ၅၇. နိဂ္ဂဟိတဉ္စ။
၃၈, ၅၃. ကွစိ လောပံ။
၃၉, ၅၄. ဗျဉ္ဇနေ စ။
၄၀, ၅၅. ပရော ဝါ သရော။
၄၁, ၅၆. ဗျဉ္ဇနော စ ဝိသညောဂေါ။
ဣတိ သန္ဓိကပ္ပေ စတုတ္ထော ကဏ္ဍော။
…………………………………………………
ဂေါ, ပါသ်, အဗ်, အဇ်၊ တေန-မြစ်၊ အတိတ်, ကွ, ပု၊ သြ, အနု။ (မြစ် တားမြစ်သုတ်)
၄၂, ၃၂. ဂေါသရေ ပုထဿာဂမော ကွစိ။
၄၃, ၃၃. ပါဿ စန္တော ရေဿာ။
၄၄, ၂၄ အဗ႓ော အဘိ။
၄၅, ၂၅. အဇ္ဈော အဓိ။
၄၆, ၂၆. တေ န ဝါ ဣဝဏ္ဏေ။
၄၇, ၂၃. အတိဿ စန္တဿ။
၄၈, ၄၃. ကြစိ ပဋိ ပတိဿ။
၄၉, ၄၄. ပုထဿု ဗျဉ္ဇနေ။
၅၀, ၄၅. ဩ အဝႆ။
၅၁, ၅၉. အနုပဒိဋ္ဌာနံ ဝုတ္တယောဂတော။
ဣတိ သန္ဓိကပ္ပေ ပဉ္စမော ကဏ္ဍော။
သန္ဓိသုတ္တံ နိဋ္ဌိတံ။
နာမ်ကား များလည်းများ၍ မပြတော့ပါ။
အစပိုင်းသာ ရေးဖူး၏။ ယခု မမှတ်မိတော့။
ဂဏန်းစဉ်၂ခုအနက် ရှေ့ဂဏန်း ကစ္စည်း
သဒ္ဒါသုတ်စဉ်, နောက်ဂဏန်း ရူပသိဒ္ဓိ
အစဉ်ဖြစ်၏။ (ကစ္စည်းသဒ္ဒါမသင်ဖူးသူများ
အတွက် မှတ်စရာ။)
အရှင်ဇနနန္ဒ။
No comments:
Post a Comment