Wednesday, October 9, 2019

နာမ်ကျမ်းနှင့် အာချာတ်ကြိယာကျမ်း ထိပ်တိုက်တွေ့ဆုံသဖြင့် ထွက်ပေါ်လာသော ဝါကျရလဒ်များ

နာမ်ကျမ်းနှင့် အာချာတ်ကြိယာကျမ်း
ထိပ်တိုက်တွေ့ဆုံသဖြင့် ထွက်ပေါ်လာသော ဝါကျရလဒ်များ
…………………………………………………
ဦးကဝိ။ ။ ဦးဇနရေ အရှင်ဘုရားက သန္ဓိကို ယုတ္တိနည်းကျကျ ပုဒ်ဖြတ်နည်း၊ နာမ်ကို
ယုတ္တိနည်းကျကျ လိင်ခွဲနည်းတင်ပြထား
သလို အာချတ်ကျမ်းကိုရော အမြင်တစ်မျိုးနဲ့ တင်ပြနိုင်ပါသလား ဘုရား။

မိမိ။ ။ အဲဒါက ကနေ့ခေတ် ပရိယတ္တိစာ
သင်တိုက်တွေမှာ ကိုရင်လေးတွေကို
အာချာတ်နဲ့ ဘယ်လို မိတ်ဆက်သင်ပေး
နေလဲဆိုတာကို တစ်ကျောင်းချင်းစီ သုတေသနပြု ကြည့်ပြီး စဆွေးနွေးသင့်တယ်လို့
မြင်တယ်ဘုရား။

ဦးကဝိ။ ။ တင့်ပါ့။ ကနေ့ခေတ်ကတော့
များသောအားဖြင့် ပထမပြန်မေးခွန်း
အတိုင်း ပါဠိအနက်ရုပ်တွက်ဓာတ်ပစ္စည်း
ဝိဘတ်အခွဲပဲ ကျောင်းအများစု သင်ကြမယ်ထင်တယ်ဘုရား။ ပါဠိဘာသာ အားပေးတဲ့
ကျောင်းတွေသာ ပရိသ်ယှက်ပုံ အာချာတ်
ကြိယာဂိုဏ်းစဉ်ပုံတွေ သင်ပေးတယ်ဘုရား။

မိမိ။ ။ အရှင်ဘုရား ပြောတဲ့အထဲက ပရိသ်
ယှက်ပုံကို တပည့်တော် အမြင်တစ်မျိုးနဲ့
ပြောပြချင်တယ်ဘုရား။

ဦးကဝိ။ ။ သိပါရစေဘုရား။

မိမိ။ ။ အာချာတ်ဆိုတာက ကြိယံ အာစိက္ခတီတိ အာချာတံ- ကြိယံ-ကြိယာကို၊ အာစိက္ခတိ- ပြောကြားတတ်၏၊ ဣတိ-တသ္မာ-ထို့ကြောင့်၊ အာချာတံ-အာချာတ်မည်၏-လို့ ပုဒ်စစ်မှာ
တပည့်တော်ကျက် ဖူးတယ်မှတ်တယ်။
အဲဒီမှာ ဒါ ကြိယာလို့ ပြောတာ အာချာတ်ဆို
တော့ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ-မှာ ဂစ္ဆာမိ-က
ကြိယာဘုရား။ အဲတော့ ဂစ္ဆာမိ-ပုဒ်မှာ ဒ
ါကြိယာပါလို့ ပြောတာကို တပည့်တော်
ရှာတယ်ဘုရား။

ရှာတော့ ဂမု-ဓာတ်ကလည်း သူ့ ဂစ္ဆချည်း
ဒါ ကြိယာပါလို့ မပြောနိုင်သေးဘူး။ ဘူဝါဒိ အ-ပစ္စည်းကလည်း ဒါကြိယာပါလို့ သူ့ချည်း မပြောနိုင်သေးဘူး။ တကယ်တော့ ဓာတ်တွေ ပစ္စည်းတွေက အာချာတ်အခန်းနောက်က
ကိတ်နဲ့ ဥဏာဒ်အခန်းမှာလည်း ရှိနေလို့
ဒါကြိယာပါလို့ ပြောတာဟာ အာချာတ်
ဝိဘတ်တွေဘုရား။

ဦးကဝိ။ ။ အရှင်ဘုရားဝေဖန်ပြမှ အာချာတ်
ပျောက်သွားတယ်ဘုရား။ ဒါဆို အရှင်ဘုရား က  အာချာတ်အရ တိ အန္တိ စတဲ့ အာ
ချာတ်ဝိဘတ်တွေ ယူချင်တယ်လို့ ဆိုလိုတာ လား ဘုရား။

မိမိ။ ။ ဟုတ်တယ်ဘုရား။ အာချာတပုဒ်က
တိလိင်လို့ တိပိအဘိဓာန်မှာ ဆိုထားတယ် ဘုရား။  ဒါကြောင့် အာချာတ-အရ ဝိဘတ္တိ
ရလို့ ဝိဘတ္တိ-က ဣတ္ထိလိင်မို့ အာချာတာ- လို့လည်း မထားရဘူး။ ဘာလို့လည်း တိ အန္တိ စသည်တွေက အာချာတ်ကြိယာ
ဝိဘတ်တော့ အမည်ရတယ်။ ဒါပေမယ့်
လိင်ကလွတ်တယ်။ ဘာတဲ့- အာချာတ်မှာ
နာမ်လို လိင်သုံးပါးမရှိဆိုထားတယ်မလား။ တပည့်တော် တွေးပြတာက အဲဒါအထိ ညီ တယ်။

ဦးကဝိ။ ။ တင်ပါ့၊ ဒါဆို အရှင်ဘုရားက
ယံ-အကြင် တိ အန္တိ စသော ဝိဘတ်တွေ သည်၊  ကြိယံ-သွား၏ ချက်၏ စသော
ကြိယာကို၊ အာစိက္ခတိ- ဒါ ကြိယာလို့ ပြော
ကြားတတ်၏၊ ဣတိ-တသ္မာ-ထို့ကြောင့်၊ တံ-ထို တိ အန္တိ စသော ဝိဘတ်တွေသည်၊ အာချာတံ-အာချာတ်မည်၏-လို့ အရှင်ဘုရားက
ယူဆချင်တယ်ပေါ့ဘုရား။

မိမိ။ ။ တင်ပါ့၊ လူလို မပြောတတ်စေကာမူ တိ အန္တိ တွေက သူတို့ နောက်ပိတ်ထားတဲ့ ပုဒ်ဟာ ကြိယာပါလို့ မပြောသော်လည်း ပါဠိစာ
ဖတ်သူ နားထောင်သူတွေကို
ပြောသလိုဖြစ်နေတာကို အာစိက္ခတိ-လို့
မြင်ပါတယ်ဘုရား။

ဦးကဝိ။ ။ အရှင်ဘုရားစကား နားထောင် ရတာ အာချာတ်မည်ပုံ, အာစိက္ခတိ-ပြော
ကြားတတ်၏ဆိုတဲ့ သက်မဲ့က တတ်နေတဲ့
ကိစ္စတွေနဲ့ ပတ်သတ်ပြီး အတော်ပြဿနာ
တက်ထားပုံပေါ်တယ်။

မိမိ။ ။ တင်ပါ့။ အထက်က ကတ္တုသာဓန
အရ စာကြံတာဘုရား။ ဒါပေမယ့် အာချာတ-ဟာ ပြောအပ်ဆိုအပ်သောလို့ ကမ္မ
သာဓနလည်းရကြောင်း ဓာတွတ္ထပန်းကုံး
မှာ ပြထားသေးတယ်ဘုရား။

ဦးကဝိ။ ။ အဲဒါကို ဘယ်လိုနားလည်လဲ။

မိမိ။ ။ ကြိယာဆိုတာ အမူအရာဘုရား။
ဥပမာ နံရံမှာ အိုးမဲနဲ့ အရုပ်ကြောင်ခြင်း
ကြိယာလုပ်ထားရင် မိဘတွေက ဒါ ဘယ် သူလုပ်သလဲလို့ မေးတယ်။ သိသူက ဒါ ဘယ် သူလုပ်တာပါ ဖြေတယ်။ အဲဒီကိစ္စမှာ အမူ
အရာကြိယာက ဖြစ်ပျက်ချုပ်သွားပေ
မယ့် မပြောမပြီးမို့ ပြောရတယ်။ ပြောရတာ
ပြောအပ်တာက အာချာတ။ အဲဒီ ပြောရတဲ့ အာချာတတွေဟာ ကြိယာတွေ ဘုရား။
ဒါကြောင့် ယံ-အကြင်အမူအရာ
ကြိယာ သဘောတရားကို၊  အာစိက္ခီယ
တေ-ပြောကြားအပ်၏။ ဣတိတသ္မာ-ထို့
ကြောင့်၊ တံ- ထိုအမူအရာကြိယာ သဘောတရားသည်၊ အာချာတံ-အာချာတ်မည်၏။

ဦးကဝိ။ ။ ဟာ့ ဟာ့ ဟား။ သဒ္ဒါစာတတ်
ကတ်သီးကတ်သတ်ပဲ။ ကောင်းပါတယ်။
ဝိပဿနာဆိုတာ ကြိယာကို ရှုရတယ်အမြင်အထိ ဆိုက်လာတယ်။ ဒါဆို စိန္တေသိ-ကြံ၏-ဆိုတဲ့ မနောကံ ကြိယာကရော။

မိမိ။ ။ အဲဒါကို အရှင်ဘုရားနှုတ်က ထုတ်
ပြောနေပြီ။ ထုတ်ပြောတာ။ အာချာတဘုရား။

ဦးကဝိ။ ။ ဒါဆို နာမ်တွေလည်း ထုတ်ပြော ရတာပဲ။ ကြိယာကျမှ ဘာလို့ အာချာတ်
ဖြစ်ရတာတုန်း။

မိမိ။ ။ “ငါ မင်းကို” လောက်ပဲ ထုတ်ပြော
ရင် ဟိုက ချစ်တာလား မုန်းတာလား မသိ
သေးဘူး။ ဝါကျတစ်ခုမှာ ပဓာနဖြစ်တဲ့
ကြိယာထုတ်ပြောမှ ချစ်တာ မုန်းတာ။
သတ်ချင်တာမှန်း သိတာ။
(“ငါ မင်းကို ချစ်တယ်။ ငါ နင့်ကို မုန်း
တယ်။ ငါ မင်းကို သတ်ချင်တယ်။
ဒါကြောင့် နာမ်အပိုင်းဖြစ်တဲ့ ငါ မင်းကို
အပိုင်းမှာ အာချာတ်မခေါ်ဘဲ ချစ်တယ်-
ကြိယာကျမှ အာချာတ်ခေါ်တာဘုရား။
ကြိယာအရေးပါပုံကတော့
ကတ္တား၊ ကံ စသည် မပါစေကာမူ ချစ်တယ်
တစ်ခွန်းတည်းလုံလောက်တယ်ဘုရား။
အရှင်ဘုရားငယ်ငယ်က မိဘတွေက
ပူ ပူ စပ်စပ် စတဲ့ အာချာတ်ကြိယာတွေကို
ကတ္တား ကံ မပါဘဲ သင်ပေးဘူးတာ ပြန်
အနုမာနလုပ်ကြည့်ပါဘုရား။

ဦးကဝိ။ ။ သဒ္ဒါဟူက၊ ယေဘုယျ၊ မုချမမှတ်အပ်။ ယုတ္တိရှိသော်၊ ဆော်သာဆော်၊
တော်လျှင်ပြီးသတတ်။ နှဲသမားပါး၊ ပမာထား၊ ဖောင်းလားပိန်လားမှတ်-ဆိုတဲ့ ဆရာတို့
ကဗျာအရ အရှင်ဘုရား ပြောပြတာ
ယုတ္တိရှိပါတယ်။

မိမိ။ ။ ဒါတောင် သွားခြင်း ချက်ခြင်း စတဲ့
ကြိယာကိုပြတဲ့ အာချာတပုဒ်ဟာ ကြိယာနဲ့ နီးစပ်တဲ့ ကြိယာနာမ်ဆိုတဲ့ တိုက်ဆိုင်မှုကို
ထည့်မပြောရသေးဘူး။

ဦးကဝိ။ ။ တင်ပါ့။ အာချာတ်နဲ့ သဒ္ဒရုပ်
သဒ္ဒါရုံ ဝစီဝိညတ် ဝစီကံအထိပါ စာမြင်ပါ တယ် လုပ်လိုက်ပါတော့ ဘုရား။

မိမိ။ ။ တင့်ပါ့။ စာရေးစရာများသွားပြီမို့
တစ်ခန်းရပ်တော့မယ်ဘုရား။ အာချာတ် ဆိုတာ “ ငါသည် (ကတ္တား) မင်းကို (ကံ)နဲ့
(နာမ်ကာရကသမာသ်တဒ္ဓိတ်ပိုင်းနဲ့)
ချစ်တယ်-ဆိုတဲ့ ကြိယာပိုင်း ထိပ်တိုက်
တွေ့တော့ ဝါကျတွေ ထွက်ပေါ်လာတဲ့
အပိုင်းဘုရား။ ပြောလိုရင်းက ဒါပဲဘုရား။

ဦးကဝိ။ ။ အဲဒီ အသင်းကြီး (၂) သင်းဘယ်လို ထိပ်တိုက်တွေ့သလဲ နောက်တော့ ပြောပြ
ပါဦးဘုရား။

မိမိ။ ။ အာမ ဘန္တေ။

အရှင်ဇနနန္ဒ။

No comments:

Post a Comment