Tuesday, October 15, 2019

"စာသင်သားဘဝ ဆင်းရဲစွ ရစနာဂါထာ"

"စာသင်သားဘဝ ဆင်းရဲစွ ရစနာဂါထာ"
--------------------------------------
        ပါတေ ပတ္တံ ဇိဃစ္ဆာယ၊
        အတိစ္ဆထာတိ နာဂရာ။
        ဃရာ ဃရံ ဂစ္ဆန္တောပိ၊
        ဒုက္ခံ ဒုက္ခ န္တိ သာမညံ။

ပါတေ၊ အရုဏ်ကျင်း၍ အလင်းရောက်လာ နံနက်အခါ၌။ ဇိဃစ္ဆာယ၊ ဆာလောင်ခြင်း ပြင်းလှလေသောကြောင့်။ ဇိဃစ္ဆာယ၊ စာတက်စာအံ စာပြန်စာချ စာဝါပြကာ နွမ်းလျခွေယိုင် မနိုင်မနင်းဆာလောင်ခြင်း ပြင်းလှလေ သောကြောင့်။ ပတ္တံ၊ အများက ကျွေးလိမ့်မကွဲ့လို့ ဘုရားက ပေးတော်မူထားခဲ့တဲ့ မိမိရဲ့ ကိုယ်ပိုင်သပိတ်ကလေးကို။(အာဒါယ၊ သဒ္ဓါကဲလှသူတို့အတွက် တစ်ခါတည်း ပွေ့ပိုက်ဆောင်ယူ၍။) ဃရာ ဃရံ၊ အိမ်တိုင်းအိမ်တိုင်းသို့ (ဝါ) တစ်အိမ်ကမြန်း တစ်အိမ်လှမ်း၍ တစ်လမ်းကိုကျော် တစ်လမ်းမြှော်ကာ လျှောက်ကာမဆိုင်း အိမ်ရှိတိုင်း အိမ်ရှိတိုင်းသို့။ ဂစ္ဆန္တောပိ၊ လှည့်လည်ရပါသော်လည်း။ ဂစ္ဆန္တောပိ၊ မျက်လွှာကိုချ လောဘကိုပယ် မခင်တွယ်ဘဲ တကယ့်အပိုမမှီး တစ်ကိုယ်တည်း လှည့်လည်ရပါသော် လည်း။ နာဂရာ၊ မြို့သူမြို့သား လူအများတို့က။ နာဂရာ၊ ဝါဝါမြင်လျှင် အိမ်ရှင်မဟုတ်ဘူး ခေါ်မထူးပဲတစ်ဦး ဧည့်သည် ဖြစ်ပါတယ်လို့ ယုံအောင်လှည့်ဖျား ပြောကြ သူတွေကလည်း အလွန်များ အိမ်ဝန်းထဲကိုမှမဝင်ခင် မြင်ရုံနှင့်ထိတ် တံခါးပိတ်ပြီး တိတ်တိတ်ကလေး နေသူတွေကလည်းနေ ခြွေရံပါခေါ် သံဃာတော်တွေ စျေးကျသဖြင့် ပြေးကြလွှားကြတဲ့ သူတွေကလည်း အလွန်များ ကြုံရတဲ့အရေးတွေ အထပ်ထပ်အခါခါ မပြောပါရစေနဲ့တော့ မြို့သူမြို့သားဆိုတဲ့ ဒကာ ဒကာမများတို့က။ အတိစ္ဆထာတိ၊ ကန်တော့ပါသေးရဲ့ဟူ၍ (ဝါ) ကန်တော့တဲ့အချက် အဆက်အနွယ် များလိုက်ပုံက ပုခက်ထဲက ချက်ပြဲကလေးကသော်မှ အူဝဲကန်တော့ ပါသေးရဲ့ အူဝဲကန်တော့ပါသေးရဲ့ဟူ၍။ ဝဒန္တိ၊ ရက် ရက်စက်စက်ကြီး ကန်တော့ဆွမ်းလောင်းလိုက်ကြ လေကုန်၏။ သာမညံ၊ သောတုဇန ရဟန်းဘဝသည်။
ဒုက္ခံ ဒုက္ခ န္တိ၊ စာသင်သားဘဝက မလွတ်သမျှ မကျွတ်သမျှမှာဖြင့် အလွန်အမင်း ဆင်းရဲတွင်း နက်လှပါပေစွတကား။

         အမှားမြင်က အမှန်ပြင်ပါ
             ဘဒ္ဒန္တဉာဏဒီပဇဋိလ
             ရန်ကုန်ကျောင်းဆရာတော်
             မြောက်ဥက္ကလာ

No comments:

Post a Comment