ဘာတွေယူသွားလို့ ဘာတွေပြန်ယူလာမှာလဲ?
(အောက်တန်း အထက်တန်း သူစိမ်းတန်း
ပညာရေးချိတ်ဆက်နည်းယူသင်ကြားနည်း)
…………………………………………………
ဦးကဝိ။ ။ ဦးဇနရေ အရှင်ဘုရား စာသင်တဲ့ အခါ အခုလို ပညာရေးစာတွေ ပြန်ရေးဖို့
စိတ်ထားခဲ့ပုံလေး ပြောပြပါဦး။
မိမိ။ ။ တပည့်တော် မြန်မာသဒ္ဒါ၊ ပထမပြန်၊ သာမဏေကျော်၊ ဓမ္မာစရိယ၊ သာသနာ့
တက္ကသိုလ်ရယ်လို့ ဒီလို အပိုင်း၅ပိုင်း ခွဲ
ပြောလိုပါတယ်ဘုရား။
တပည့်တော်တို့ သာသနာမှာ မြန်မာသဒ္ဒါ
သင်ထားပြီး ဆယ်တန်းအောင် ဘွဲ့ရမှ ရှင်
ရဟန်းဝတ် ပါဠိသဒ္ဒါသင်သူတွေ ရှိပါတယ်။
သူတို့ဟာ မြန်မာပါဠိအင်္ဂလိပ်သဒ္ဒါ၃ခုအထူး
လေ့လာနည်းစာအုပ်တွေ ရေးသင့်တယ်
မြင် တယ်ဘုရား။ ဒါမှ အကူးအပြောင်းမှာ
ဘာတွေယူသွားလို့ ဘာတွေပြန်ယူလာမယ့်
ပညာရေးကိစ္စက ပေါ်လွင်မှာ။ တပည့်တော် ဟာ ငါးတန်းမြန်မာသဒ္ဒါသာ သင်ခဲ့ရပေ
မယ့် ပါဠိသဒ္ဒါသင်နေချိန်မှာ မြန်မာသဒ္ဒါကို
မေ့မပစ်ဘူး။ ဒီတော့ နှိုင်းယှဉ်ဝေဖန် စာ
သင်တဲ့ အလေ့ တစ်လျှောက်လုံး ရလာခဲ့ တယ်။ ဒါက သတိပေးတာပါဘုရား။
တပည့်တော် ပထမလတ်တန်းအောင်တော့ သာမဏေကျော်စာမေးပွဲက စာတတ်စေ
တယ်လို့ သိရလို့ သာမဏေကျော်စာ တစ်
လလုပ်ခွင့်ရတယ်။ အဲတော့ တပည့်တော်က ပထမပြန်ဘဝကို မေ့မပစ်ဘူး။ သာမဏေ
ကျော်စာကို သူစိမ်းချဉ်းကပ်သလို အထူး
အဆန်းထား ချဉ်းကပ်တာ။
သာမဏေကျော်ဆရာတော်တစ်ပါးမှာလည်း အဲဒီစိတ် မျိုးရှိတယ်။ ဆရာတော် မိန့်ပုံက “သာမဏေကျော် စာဆိုတာ သဒ္ဒါနဲ့ အဘိ
ဓမ္မာကို လက်တွေ့အသုံးချသင်တာ”တဲ့။
သိပ်ကောင်းတဲ့ သြဝါဒ။ အဲတော့ တပည့်
တော်ဟာ နောက်ပိုင်းမှာ ဒီပထမပြန်ကို
သာမဏေကျော်နည်းမှီပြီး ဝိနည်းတွေ
ဇာတ်ဘာသာတွေမှာ သဒ္ဒါနဲ့ အဘိဓမ္မာကို လက်တွေ့အသုံးချပြဋ္ဌာန်းသင်ကြားစေလိုတဲ့
စိတ်တွေ ဖြစ်လာတော့တာပဲ။
အဲတုန်းက တပည့်တော်က မူရင်းကစ္စည်း
သဒ္ဒါတို့ သပြေကန်နိဿယတို့ ကိုင်လာတာ။ အခြေပြုသဒ္ဒါစာအုပ်ကို အထင်ကြီးရ ကောင်းမှန်းမသိသေးဘူး။ သာမဏေကျော် ဒုတိယ
အဆင့်က ကိုရင်တွေကို ဘာလို့
ကျမ်းရင်းမကိုင်ဘဲ ကျမ်းဖျားကိုင်တာလဲလို့
အင်တာဗျူးသေးတာ။ သူတို့က ပေါ့ပါး
တယ်။ စုံတယ်တဲ့။ အဲဒီမှ တပည့်တော်ဟာ မူလတန်းတုန်းက သုတ်နက်ကျက်ဖူးတဲ့
အခြေပြုသဒ္ဒါကို ပြန်တန်ဖိုးထားရကောင်း
မှန်း သိတာ။
ဝိနည်းပို့ချတဲ့ ဆရာတော်ဘုရားက “ကမ္မဓာရယ၊ သမာသပင်၊ ရှေ့ကသင်္ချာ၊ ရှိလေရာ၊ ဆင့်ကာဒိဂုခေါ်”ဆိုတဲ့ လင်္ကာလေးဟာ မြန်မာ
သုတ်စဉ်ဖြစ်ကြောင်း သင်္ချာပါရုံပဲ
ကမ္မဓာရည်းက ဒိဂုထက်ထူးတယ်ပေါ့နော်။
ဒီလိုလေး ပြောတာကို အခုထိမှတ်မိတယ်။
ဦးကဝိ။ ။ အရှင်ဘုရားသာ သာမဏေကျော် ၃-ဆင့်လုံး တက်ခွင့်ရရင် တပည့်တော်တို့
ပထမပြန်အတွက် ဒီထက် နည်းစနစ်တွေ ပို
ပြန်သယ်လာနိုင်လောက်တယ်။
မိမိ။ ။ တင်ပါ့ဘုရား။ အဲဒါနဲ့ တပည့်တော် ဟာ သာမဏေကျော် ၁လလုပ်အပြီး ကျန်း မာရေးညံ့လို့ အဲဒီနှစ် ပထမကြီးတန်းလည်း ကျ။ ကျတော့ နောက်နှစ်မှာ စာတွေပိုင်နေ လို့ သာမဏေကျော်နည်းကို အစာမကျေမှု နဲ့
လက်တွေ့အသုံးချ သဒ္ဒါတွေ အဘိဓမ္မာ
တွေ မိမိဘာသာ စ လေ့လာတော့တယ်။ ဆိုလိုတာက သာမဏေကျော် ပထမ ဒုတိယ တတိယအဆင့် မေးခွန်း စာအုပ်
တွေ ရှာပြီး ငါ ဒါဖြေတတ်ရင် ဒီအဆင့်
စာမြင်တယ်လို့ ချိန်ကိုက်လေ့လာတာပေါ့ဘုရား။
ဦးကဝိ။ တင့်ပါဘုရား။ အဲတော့ ဘယ်လိုရ လဒ် ထွက်သလဲ။
မိမိ။ ။ တပည့်တော် မန္တလေး သာသနာ့တက္ကသိုလ်တက်တော့ ပါဠိဘာသာစာသင်
ဘက် အခု လူထွက်သွားတဲ့ သာမဏေ
ကျော်ဘွဲ့ရ တစ်ပါးက ဦးဇနက သာမဏေ
ကျော်ဘွဲ့ရတဲ့ တပည့်တော်ကို ပါဠိသဒ္ဒါ
အရာမှာ ယှဉ်နိုင်တယ်လို့ ချီးကျူးဖူးတယ်။
အဲဒါ တပည့်တော် ကျေနပ်တယ်။
ဦးကဝိ။ ။ ဟုတ်မှာပါ။ ဟိုနေ့က ပုဒ်တူ
လိင်ကွဲက အနက်ကွဲ။ ဓာတ်တူ ဂိုဏ်းကွဲ ကအနက်ကွဲ အဆို၂-ကျမ်းတူပုံ သီအိုရီ
မောဂ္ဂလာန် အဘိဓာန်=ဓာတွသင်္ဂဟ နှိုင်း
ယှဉ်ချက်စာမျိုးအရှင်ဘုရား ရေးပြပုံအရ
လက်ခံပါတယ်။ ကဲ ဓမ္မာစရိယဆက်ပါ ဦး။
မိမိ။ ။ တပည့်တော်က ရှေ့တက်ရမယ့်
အတန်းပညာကို သိပ်စိတ်ဝင်စားတာ။ ငါ ဒီအတန်းအောင်မှ ရှေ့အတန်းစာ သင်ရ
မယ်ဆိုပြီး ကြိုးစားရင်းပဲ တစ်ဖက်က
အထက်တန်းက စာကို မှီသလောက် လေ့ လာတာ။ အဲဒီ ပထမကြီးကျတဲ့နှစ်မှာ အစိုးရ ထုတ် ဓမ္မာစရိယစည်းမျဉ်းစာအုပ်၊ ပထမ
ကြီးတန်း ပါဠိသဒ္ဒါနှင့် အသုံးအနှုံးလာ ဓမ္မာစရိယစည်းကမ်း၊ ဝါကျဥယျာဉ်ဆရာတော်ရဲ့ ဓမ္မာစရိယပထမနေ့ အနက်ပေးနည်း စာအုပ် ဒါတွေကို လေ့လာခဲ့တာ။
ဦးကဝိ။ ။ အဲတော့ ဘယ်လိုသိ။
ဘယ်လို ရလဒ်ထွက်သလဲ။
မိမိ။ ။ တပည့်တော်က ပထမပြန်မှာ သဒ္ဒါ အဘိဓာန်လင်္ကာဆန်းတွေ သင်ရတာ ပါဠိကို ဘာသာပြန်တတ်ဖို့, သာမဏေကျော်မှာ သဒ္ဒါကို လက်တွေ့အသုံးချတယ်ဆိုတာ
လည်း ပါဠိကို ဘာသာပြန်တတ်ဖို့, ဓမ္မာစရိယတန်းမှာ ပထမနေ့ ဒုတိယနေ့ ခွဲသင် ရတယ်ဆိုတာ လိုရင်းက အရကောက် မမှားဖို့, ပါဠိကို မှန်မှန်ကန်ကန် ဘာသာပြန်တတ်ဖို့လို့ ဒီလို သူတကာတွေလို အနက်
ပေးတတ်အသုံးကို ဘာသာပြန်တတ်အသုံးနဲ့ ကျယ်ကျယ်ပြန့်ပြန့် အမြင်ပွား target
ပစ်မှတ်ထားလေ့လာခဲ့ပါတယ်။
ရလဒ်ကတော့ ရေနံချောင်း ရွှေတောင်ပါဠိ
တက္ကသိုလ် ဓမ္မာစရိယတန်း ပါရာဇိကဏ် စာဝါမှာ တစ်နေ့တော့ ဆရာတော်ကြီး ဦး
သောဘနက ဣမိဿာ ကထာယ-မှာ
ကထာက ဘာလိင်လဲလို့ စာသင်သားတွေကို မေးပါတယ်။ တပည့်တော်က သဒ္ဒါလိင် ဆိုတာ ကစ္စည်းဆရာက သဒ္ဒါလိင်အရ
သုတ်တွေတည်ခဲ့တာကို သုတေသနပြု
လေ့လာထားတော့ ဒါ “အာဃော, ဃတော နာဒီန”ံသုတ်တွေအရ ကထာယ စကားဖြင့် ဟာ ထွက်ပြီး ဣတ္ထိလိင်လို့ ဖြေတတ်ခဲ့
တယ်။ အဟောင်းတွေကြား ထ ဖြေရတာ အရသာရှိတယ်။ မိမိ သဒ္ဒါလေ့လာထား
တာ မညံ့ဘူးပေါ့ဘုရား။ နောက်
ပါရာဇိကဏ်ဒုတိယနေ့မှာ အဟောင်းတွေ
ကျော်ပြီး စာချတန်းရောက်စနှစ် အခုလို
သီတင်းကျွတ်ခါနီးမှာ တပည့်တော် ပထမ
တစ်ခါ ရဖူးတယ်။ ဒါ သဒ္ဒါကို သုတေသန
ပြု ဝေဖန်လေ့လာခဲ့လို့လို့ တပည့်တော်
ပြောရဲပါတယ်။
ဦးကဝိ။ ။ ဟုတ်ပါပြီ ဘုရား။ တကယ်ကြိုးစားသူ စကား နားထောင်ရတာ အရသာ တွေ့ပါတယ်။ သာသနာ့တက္ကသိုလ်ရောက်တော့
ဓမ္မာစရိယတန်းအပေါ် ဘယ်လို ပြန် ကြည့်ခဲ့လဲဘုရား။
မိမိ။ ။ တပည့်တော် ကျမ်းရင်းသုံးကျမ်းကို လူမှုစီးပွားရေးနိုင်ငံရေးစတဲ့ ခေတ်အမြင်
တွေနဲ့ လေ့လာစေတဲ့ ခေတ်လေ့လာနည်း
ကျမ်းတွေ ရေးဖို့ အစီအစဉ်ရှိပါတယ်။
သီလက္ခန်က တစ်ဝက်လောက်ပြီးနေပြီ။
စာအုပ်ထွက်တော့ ဖတ်ရမှာပေါ့ဘုရား။
အင်္ဂလိပ်စာလို အဘိဓာန်တိုက် ပါဠိသင်ယူ ဖို့နည်းကိုလည်း အဲဒီတက္ကသိုလ်ထဲမှာ
ကြံဆခဲ့တာ ဘုရား။ တက္ကသိုလ်ထဲမှာ မြန်မာ ပါဠိ အင်္ဂလိပ်သဒ္ဒါယှဉ်တွဲ လေ့လာနည်း ကို မိမိဘာသာ လေ့လာခဲ့တာ ဘုရား။ အင်္ဂလိပ်စာ သင်နည်းစနစ်တွေကို ပါဠိစာသင် နည်း
အတွက် အတော်များများ မွေးစားနည်းယူ
လေ့လာအသုံးချဖြစ်ခဲ့တယ်ဘုရား။
တက္ကသိုလ်ပါဠိသင်နည်းစနစ်ဟာလည်း
တပည့်တော်တွေ့ရှိထားတဲ့ နည်းကနေ
ကြည့်ရင် အားမရသေးပါဘုရား။
ဦးကဝိ။ ။ သကျသီဟ၊ တိပိဋကစာမေးပွဲ
တွေရော ဘုရား။
မိမိ။ သကျသီဟက သဒ္ဒါအဘိဓာန်
အလင်္ကာဆန်းအဘိဓမ္မာနည်းတွေက
မလွတ်ပါဘုရား။ တပည့်တော်က ရူပသိဒ္ဓိ
နိရုတ္တိပဓာနလက်ခံမူပါ။ သဒ္ဒါအတွေး
အခေါ်ထက်သန်စေတဲ့ ဘေဒစိန္တာစသည်ကို ဖတ်စာအဖြစ် လေ့လာပါတယ်ဘုရား။
တိပိဋက,က ပါဠိဘာသာလေ့လာနည်း
တစ်မျိုးပဲဘုရား။ တပည့်တော် ပါဠိဂတိ
ရအောင်ကျက်ဖူးပါတယ်။ ပါဠိကို မပြတ်
ဖတ်ပါတယ်။ တိပိဋကဆရာတော်တွေရဲ့
ပါဠိကျက်နည်းမှတ်နည်းစာတွေကို ဖတ် ထား အတုယူထားပါတယ်ဘုရား။
ဦးကဝိ။ ။ ဒါဆို ပြည်တွင်း ပြည်ပ ဘွဲ့ အမျိုး ယူနေတဲ့ စာသင်သားတွေကို ဘာလျှောက်ထားချင်လဲ ဘုရား။
မိမိ။ စာသင်တဲ့ နေရာမှာ မိမိရဲ့ အခက်
အခဲမျိုး အနာဂတ်စာသင်သားတွေ မကြုံရ
အောင် အထက်လှမ်း အောက်ပြန်ကြည့်
စာသင်နည်းနဲ့ သင်ယူပေးဖို့ ပြည်ပသွား စာ
သင်တဲ့အခါ ဘွဲ့အပြင် နည်းစနစ်တွေပါ ယူ လာပေးဖို့ မျှဝေပေးဖို့ လျှောက်ထားချင်ပါ
တယ်ဘုရား။
ဦးကဝိ။ ။ သင့်မြတ်ပါတယ်ဘုရား။
အရှင်ဇနနန္ဒ။
No comments:
Post a Comment