Saturday, September 1, 2018

"အ​ခြေခံပါဠိသာဘာဖြင့်​ ​ဖြေဆိုနည်း"(၇)

"အ​ခြေခံပါဠိသာဘာဖြင့်​ ​ဖြေဆိုနည်း"(၇)

ပါဠိဘာသာဖြင့်​​ဖြေဆိုသည့်​​နေရာမှာ
သရူပဝါကျသည်​လည်း
အဓိကကျ​သော အခန်းကဏ္ဍ တစ်​ခုမှာပါဝင်​၏။

*သရူပ ဆိုသည်​မှာ-
အစိတ်​၊အစိတ်​​သော သဒ္ဒါကို ​ခေါ်သည်​။
*သရူပဝန္တဆိုသည်​မှာ-
ယင်းအစိတ်​၊အစိတ်​သဒ္ဒါတို့၏ အ​ပေါင်းသဒ္ဒါကို​ခေါ်သည်​။

သရူပဝါကျ​ရေးတဲ့​နေရာမှာ
၁။သရူပကို သရူပဝန္တ၏ ​ရှေ့ကဖြစ်​​စေ
နောက်​ကဖြစ်​​စေ ကြိုက်​ရာထားနိုင်​သည်​။

၂။သရူပဝါကျ၌ စှသဒ္ဒါ ထည့်​လိုက ထည့်​၊
မထည့်​ပဲလည်း ​နေနိုင်​သည်​။

၃။သရူပကို
သရူပဝန္တနှင့်​ဝိဘတ်​တူ​အောင်​ထားရမည်​။

၁။ဥပမာ သရူပကို ​ရှေ့ထားပုံ-
(က)ပုရိ​သောစ ဘိက္ခုစာတိ ​ဒွေ အာဂစ္ဆန္တိ။
သရူပကို ​နောက်​ထားပုံ-
(ခ)​ဒွေ အာဂစ္ဆန္တိပုရိ​သောစ ဘိက္ခုစာတိ။
ဤ၌ ​ဒွေ-သည်​ သရူပဝန္တဖြစ်​၍ပုရိ​သော ဘိက္ခုသည်
သရူပဖြစ်​သည်​။
ဒွေ- ၌ ပထမာဝိဘတ်​ပင်​ဖြစ်​၍ပုရိ​သော၊ ဘိက္ခုသည်​လည်း ပထမာဝိတ်​ပင်​ဖြစ်​သည်​ ဤသို့ ဝိဘတ်​တူရမည်​။

ပုရိ​သော​စေဝ ဘိက္ခုစဟု
"ဧဝ"လည်း ထိုင်​ "စ"လည်းထိုင်​၍၎င်း၊
ပုရိ​သော ဣတ္ထီစာတိဟု ဧဝမပါ၊စမပါပဲ၎င်း ​ရေးနိုင်​သည်
အကုန်​မှန်​သည်​ချည်းသာ။

အနက်​​ပေးပုံ-
ပုရိ​သောစ၊​ယောက်​ကျား၎င်း၊ဘိက္ခုစ၊ရဟန်း၎င်း၊
ဣတိ၊ဤသို့၊​ဒွေ၊နှစ်​ဦးတို့သည်​၊အာဂစ္ဆန္တိ၊လာကြကုန်​၏။

သရူပဝါကျတွင်​ "ဣတိသဒ္ဒါ"ပါလျှင်​ဝိဘတ်​သံ​ဖျောက်​၍
အနက်​​ပေးရသသည်​ကိုသတိပြုပါ။

*​အောက်​ပါ​လေ့ကျင့်​ခန်းကို အနက်​​ပေးကြည့်​ပါ။

အဟံ ​ဒွေ သာမ​ဏေ​ရေ ဝန္ဒာမိ
တိေဿာစ ဒ​တ္တောစာတိ။

သရူပဝါကျသည်
သရုပ်​များများ​ရေးရ​သော ယမိုက်​၊ပဌာန်း
သဂြိုလ်​၊မာတိကာဓာတုကထာတို့၌ များစွာ
အသုံးပြု​ရေးသားရသည်​။

ဥပမာ-သဂြိုလ်​ပါဠိ လာ
အာကာသာနဉ္စာယတနကုသလစိတ္တံ
ဝိညာနဉ္စာယတနကုသလစိတ္တံ
အာကိဉ္စညာယတနကုသလစိတ္တံ
နေဝသညာနာသညာယတနကုသလစိ​တ္တ​​ဉ္စေတိ
ဣမာနိ စတ္တာရိ အရူပါဝစရကုသလစိတ္တာနိ နာမ။

ဤသရူပဝါကျ၌-
ဣမာနိ စတ္တာရိ သည်​ "သရူပဝန္တ"၊
အာကာသာနဉ္စာယတနကုသလစိတ္တံ အစရှိသည်​ကား
"သရူပ" ဖြစ်​သည်​။
"​ဉ္စေတိ"၌ စသဒ္ဒါ၊ဣတိသဒ္ဒါ အသုံးပြုထားသည်​ကို
သတိပြုပါ။
ဤသို့လျှင်​ မိမိကျက်​မှတ်​ထား​သော
လောဘမူစိတ်​၊​ဒေါသမူစိတ်​၊​မောဟမူစိတ်​များကိုလည်း
ထိုနည်းတူစွာ ​လေ့လာမှတ်​သားပါ။
ပြဆိုပြီး​သော အချက်​များကို ​သေချာ​လေ့လာ
ရေးသားနိုင်​ပါက ပါဠိဘာသာဖြင့်​​ဖြေဆိုရာတွင်
အ​တော်​ပင်​ ခရီး​ရောက်​​နေပြီဟု ဆိုရမည်​။

ဆက်​လက်​​ဖော်​ပြပါမည်​။

No comments:

Post a Comment