Saturday, September 8, 2018

򽀽򽀽򽀞သင်​ခန်းစာ(၃၈)🚴🚴🚴


🚴򽀽򽀽򽀞သင်​ခန်းစာ(၃၈)🚴🚴🚴

၌..ဟု​ ​ပေးရ​သော ဒုတိယာဝိဘတ်

အဘိဓာန်

ပဝိသ=ဝင်​။ အဇ္ဈာဝသ=​နေ။ နိသီိဒ =ထိုင်​။ ဧကံ သမယံ =တစ်​ခု​သော အခါ၌(အခါတစ်​ပါးဝယ်​)။ ပုဗ္ဗဏှသမယံ=နံနက်​အခါ၌။ သမ​ယော=အခါ။ အဂါရံ=အိမ်​၌။ ဧကမနံ္တ=ဧကံ+အနံ္တ=တစ်​ခု​သော +အရပ်​အဖို့၌ (သင့်​တင့်​​လျောက်​ပတ်​စွာ၊ ဟု ကြိယာဝိ​သေသန အနက်​လည်း ​ပေးခဲ့၏။ ) ဂိဇ္ဈကူ​ဋေ=ဂိဇ္ဈကုဋ်​မည်​​သော။ ပ​ဗ္ဗ​တေ=​တောင်​၌။

၁။ ဧကံ သမယံ ဘဂဝါ ရာဇဂ​ဟေ ဝိဟရတိ ဂိဇ္ဈကူ​ဋေ ပဗ္ဗ​တေ။
၂။ သမဏာ ပု​ဗ္ဗဏှသမယံ ဂါမံ ပိဏ္ဍာယ ပဝိသန္တိ။
၃။ ပုရိ​သော အဂါရံ အဇ္ဈာဝသတိ။
၎။ မနု​ဿ _ _ာ ဧကမန္တံ နိသီဒန္တိ။

ပါဠိစီ

၁။ အခါတစ်​ပါးဝယ်​ ငါသည်​ မန္တ​လေး မြို့၌ ​နေ၏။
၂။ သင်​တို့သည်​ နံနက်​အခါ၌ မြို့သို့ ဆွမ်းခံ ဝင်​ကြ၏။
၃။ ငါသည်​ ဂန္ဓာရုံ​ကျောင်းတိုက်​၌ ​နေ၏။
၎။ ငါတို့သည်​ တစ်​ခု​သော အရပ်​အဖို့၌ ​နေထိုင်​ကြ၏။

ဗလာ စာအုပ်​တွင်​ ​ရေးသား၍ အလွတ်​ကျက်​မှတ်​ပါ၊ ​ရေးပြီးသည်​များကို ကွန်​မန့်​တွင်​ ပုံရိုက်​၍ ပို့ပါ၊

မှတ်​ချက်​။ ။ ​လေ့လာလိုသူ သင်​ယူလိုသူများအတွက်​သာ ဖြစ်​ပါ​ကြောင်း.. ......

အရှင်​သူရိယာလင်္ကာရာဘိဝံသ
ရှိုင်းဟုပ်​သာမ​ဏေ​ကျော်​​ကျောင်း

No comments:

Post a Comment